သမိုင်းဟူသည်ဤသို့တည် (မွတ်စ်လင်မ်ဆိုတာ လူမျိုးလား- မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်) ခေါင်းစဉ်အောက်မှာ အပြန်အလှန် ဆွေးနွေးထားတဲ့ အချို့သော ကောမန့်များကို အားလုံး ဖတ်ရလွယ်အောင် Note အဖြစ်တင်လိုက်ပါတယ်။
Sandra Lin
“ကုလားညီနောင်နှစ်ယောက်ဟာ သထုံအနီး သင်္ဘောပျက်ရာမှ ပျဉ်ပြား ချပ်အား မှီတွယ်၍ သထုံသို့ရောက်ရှိခဲ့သည်။” အဲဒီကုလားညီနောင်ဟာအာရပ်မွတ်စ်လင်မ်တွေဖြစ်ကြောင်း၊ ဗျတ်ဝိနဲ့ဗျတ္တတို့ ဖြစ်ကြောင်း၊ သထုံမင်းဟာ အစ်ကိုကြီးကို ကွပ်မျက်ခဲ့ကြောင်း၊ ညီဟာ အနော်ရထာမင်းကြီးထံမှာ အမှုတော်ထမ်းခဲ့ကြောင်း၊ ပုပ္ပါးက အမျိုးသမီး တစ်ဦးနဲ့ အကြောင်းပါပြီး ရွှေဖျင်းကြီး၊ရွှေဖျင်းလေးအမည်ရတဲ့သားနှစ်ယောက် ထွန်းကားခဲ့ကြောင်း အထွေအထူးကိုးကားရှင်းပြနေစရာလိုမယ်မထင်ပါဘူး။Here again The Glass Palace only said that "At that time two Kala brothers were shipwreckednear Thakln, and they rode a plank and reached Thaton." It did not say anything about the religion they professed. "အဲဒီကုလားညီနောင်ဟာအာရပ်မွတ်စ်လင်မ်တွေဖြစ်ကြောင်း". This is your claim which you provides no evidence to back up. You just say အထွေအထူးကိုးကားရှင်းပြနေစရာလိုမယ်မထင်ပါဘူး။ The Glass Palace also said "One day when the chaplain of the Thaton king had gone to the palace, the young Kala brothers roasted, fried, and ate the fakir's dead body." If they were Muslims, they would not have committed cannibalism as this was not halal. So on the balance of probability, two Kala brothers were either Hindu or animists. Anyway the whole story was most probably a myth.
Ye Yint Thitsar
ဝင်ရောက်ဆွေးနွေးပေးတဲ့ မစန္ဒာလင်းကို ကျေးဇူးတင်အသိအမှတ်ပြုပါတယ်။ ပညာရှင် မိုရှေယေဂါရ် ရဲ့ သုတေသန ပါ အချက်အလက် အချို့လွဲမှားနေကြောင်း၊ ကျွန်တော့် ရဲ့ သမိုင်းဆိုင်ရာ စမ်းစစ်ချက် အချို့ဟာလည်း မခိုင်မာမှုတွေ အပေါ် အခြေခံ ထားကြောင်း မစန္ဒာလင်း က သုံးသပ်ထားပါတယ်။ မစန္ဒာလင်း ထောက်ပြတဲ့ အချက်တွေ က
၁) ငရမန်ကန်း ဟာ မွတ်စ်လင်မ် ဖြစ်ကြောင်း ဟာ မခိုင်လုံ။
၂) ဗျတ်ဝိ နဲ့ ဗျတ္တ တို့ မွတ်စ်လင်မ် ဖြစ်ကြောင်း ဟာ မခိုင်လုံ။
ဝေဖန်ချက် (၁) အား ရှင်းလင်းခြင်း။
(က) ဦးစွာ ပထမ ပြောပြချင်တာ က စာအုပ်တစ်အုပ် (သို့) ကျမ်းတစ်ရပ်ရပ် ကို ကိုးကားလိုက်တာနဲ့ အဲဒီစာအုပ် / ကျမ်း ပါ အချက်အလက်အလုံးစုံ ကို ကိုးကားသူ က လက်ခံတယ် ဆိုတဲ့ အဓိပ္ပာယ် လုံးဝ မရပါ။ ဥပမာ- မှန်နန်းရာဇဝင် အပါအဝင် ပုဂံရာဇဝင်ကျမ်းတွေ မှာ အဓိပ္ပာယ်မဲ့ ပုံပြင် ဒဏ္ဍာရီဆန်တဲ့ အကြောင်းအရာတွေ အများကြီးပါဝင် နေတယ် ဆိုပေမဲ့၊ ကျမ်းတစ်ကျမ်းလုံးကို မရေရာဘူးလို့ မှတ်ပြီး ပစ်ပယ်လိုက်လို့ မရသလိုပေါ့။
(ခ) ငရမန်ကန်း ဟာ မွတ်စ်လင်မ် ဖြစ်ကြောင်း မိုရှေယေဂါရ် က ရေးသားထားပေမဲ့ ကျွန်တော် မရေးသားထားပါ။
(ဂ) ငရန်မန်ကန်း ဆိုတဲ့ အမည်မှာပါတဲ့ "ကန်း" ဟာ "Khan" ကို ဆိုလို ကြောင်း မိုရှေယေဂါရ် က ရေးသားထားပေမဲ့၊ မျက်စိတစ်ဖက် ကန်း နေလို့ ငရန်မန် ကို "ငရန်မန်ကန်း" လို့ခေါ်ဆိုခဲ့ကြောင်း မြန်မာသမိုင်းပညာရှင် အချို့ က ရေးသားကြပါတယ်။
(ဃ) ငရမန်ကန်း ဟာ အာရပ်လူမျိုးဖြစ်ကြောင်း မိုရှေယေဂါရ် က မရေးသားထားပါ။ ငရမန်ကန်း ရဲ့ ဖခင် က သာ အာရပ်လူမျိုး ဖြစ်ကြောင်းရေးသားထားခြင်းပါ။ ငရမန်ကန်း ရဲ့ဖခင်ဟာ ဘယ်အမျိုးအနွယ်ဖြစ်ကြောင်း မြန်မာရာဇဝင်တွေမှာ မတွေ့မိပေမဲ့၊ မိခင် ဟာ မွန်အမျိုးသမီး တစ်ဦးဖြစ်ကြောင်း ဒေါက်တာထင်အောင် ရဲ့ A History of Burma မှာ ပါရှိပါတယ်။
(င) ငရမန်ကန်း ဟာ မွတ်စ်လင်မ် ရဟ်မာန်ခန်း ဖြစ်ကြောင်း ရေးသားဖို့အထောက်အထားအခိုင်အမာ မတွေ့တဲ့ အတွက် ကျွန်တော့် စာအုပ်မှာ အဲဒီ အချက် ထည့်မရေးခဲ့တာ ကို အထူးဂရုပြုစေလိုပါတယ်
ဝေဖန်ချက် (၂) အား ရှင်းလင်းခြင်း။
(က) ဗျတ်ဝိ ဗျတ္တ တို့ ဟာ "ကုလား" တွေ ဖြစ်ကြောင်း မှန်နန်းရာဇဝင် မှာ ရေးသားထားတာ ကို တော့ မစန္ဒာလင်း လက်ခံကြောင်း တွေ့ရပါတယ်။
(ခ) သူတို့ဟာ ဇော်ဂျီဖိုဝင်သား ကို မီးကင် စားခဲ့တဲ့ အတွက် မွတ်စ်လင်မ်တွေ မဖြစ်နိုင်ကြောင်း မစန္ဒာလင်း က သုံးသပ်ထားပါတယ်။ ဟလာလ် မဟုတ် တဲ့ အရာ ကို တစ်ကြိမ်တစ်ခါ စားလိုက်တာနဲ့ အဲဒီလူ ဟာ မွတ်စ်လင်မ်မဟုတ် ကြောင်း အထောက်အထားခိုင်လုံသွားပါရောလားခင်ဗျား။ အရက်သောက်နေတဲ့ မွတ်စ်လင်မ် တွေ၊ လောင်းကစားနေတဲ့ မွတ်စ်လင်မ်တွေ၊ ပြည့်တန်ဆာ ခေါင်းလုပ်နေတဲ့ မွတ်စ်လင်မ် တွေ ကို တောင် မွတ်စ်လင်မ် မဟုတ်ဘူးလို့ ဘယ်လိုမှ ပြောမရသလို၊ ဘယ်သူကမှ လည်း အဲဒီလို မသတ်မှတ်ပါဘူး။ ဇော်ဂျီ ဖိုဝင်သား ကို တစ်ကြိမ်စားမိလိုက်တာနဲ့ ဗျတ်ဝိ ဗျတ္တ တို့ဟာ မွတ်စ်လင်မ်မဟုတ်ပါဘူးလို့ သုံးသပ်ခြင်း ဟာ အဓိပ္ပာယ် မရှိပါလို့ ပြောလိုပါတယ်။
(ဂ) မြန်မာစာပေမှာ အိန္ဒိယသားတွေ ကို "ကုလား" လို့ခေါ်ဆိုသလို၊ တူရကီ တွေ၊ အာရပ်တွေ၊ ပါရှန်း တွေကိုလည်း "ကုလား" လို့ ခေါ်ဆိုသုံးနှုန်းပါတယ်။ အနော်ရထာခေတ် က အိန္ဒိယသားတွေ ထဲမှာ အစ္စလာမ် ဘာသာဝင်တွေလည်း ရှိနေပါပြီ။
(ဃ) ကုလားညီနောင် နှစ်ဦး ဇော်ဂျီဖိုဝင်သားမီးကင်စားပြီး အစွမ်းထက်လာတဲ့ အကြောင်း ဟာ ဒဏ္ဍာရီ ဖြစ်နိုင်တယ် လို့ မစန္ဒာလင်းက ယုံကြည်နေရဲ့သားနဲ့ ဘာကြောင့်များ အဲဒီ အချက်ကို အထောက်အထားအဖြစ် သုံးပြနေရတာလဲ? ဝိရောဓိ ဖြစ်နေပြန်ပါတယ်။
(င) ဗျတ်ဝိ ဗျတ္တ တို့ ဟာ မွတ်စ်လင်မ် တွေ ဖြစ်ကြောင်းပြည်တွင်းပြည်ပ သမိုင်းပညာရှင် တွေ ယူဆ သုံးသပ်ထားတာတွေ ရှိပေမဲ့၊ (ဥပမာ- G.E Harvey) သူတို့ဟာ ဟိန္ဒူတွေ (သို့) animist တွေ ဖြစ်ကြောင်း သုံးသပ်ထားတဲ့ ပညာရှင်တွေ အကြောင်း မတွေ့ဖူးပါ။ ရှိရင် ပြစေချင်ပါတယ်။
(စ) ဗျတ္တ ရဲ့ သားနှစ်ဦးဖြစ်တဲ့ ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့ဟာတောင်ပြုန်းစေတီ မှာ အုတ်တစ်ချပ်စီ မပူဇော် ခဲ့တဲ့ အတွက် အနော်ရထာမင်းကြီး က ရာဇမာန်ရှပြီး ကွပ်မျက်ခဲ့တယ်ဆိုတာကို လက်ခံပါသလား မစန္ဒာလင်း။ သူတို့ ဟာ ဟိန္ဒူဘာသာဝင် တွေ ဖြစ်ခဲ့ရင် ဘာကြောင့်များ မင်းမိန့်ကို ဖီဆန်ပြီး အသက်အသေခံခဲ့တာပါလဲ?
(ဆ) ယနေ့တိုင် တောင်ပြုန်းဒေသခံ တွေဟာ သူတို့နှစ်ဦးကိုမွတ်စ်လင်မ် တွေလို့ ပြင်းပြင်းထန်ထန်ကို ယုံကြည်နေဆဲပါ။ (သွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။) ဒေသခံ တွေ ယုံကြည်ခြင်းကို သမိုင်း အထောက်အထားအနေနဲ့ ယူလို့မရပေမဲ့၊ ဟိန္ဒူ နဲ့ မွတ်စ်လင်မ် ဘယ်အယူ အဆ က ဖြစ်နိုင်ချေပိုများလည်း ဆိုတာကိုတော့ အထောက်အပံ့ဖြစ်စေပါတယ်။
(ဇ) ဒါကြောင့် မစန္ဒာလင်း ပြောတဲ့ balance of probability အရ သုံးသပ်မယ် ဆိုရင် သူတို့နှစ်ဦး ဟာ ဟိန္ဒူတွေမဟုတ်ဘဲ မွတ်စ်လင်မ် တွေ ဆိုတာ ဖြစ်နိုင်ချေ ပိုများနေပါတယ်။
(ဈ) G.E Harvey က တော့ ဗျတ်ဝိ ညီနောင် နဲ့ ရွှေဖျဉ်းညီနောင်တို့ ဟာ Mahomedan (မွတ်စ်လင်မ်) တွေဖြစ်တယ် လို့ အခိုင်အမာကို ဆိုထားပါတယ်။
မစန္ဒာလင်း အနေနဲ့ သမိုင်း အပေါ်သောက ထားပြီးဝင်ရောက်ဆွေးနွေးတာ ကို လေးစားပါတယ်။ ဖြစ်နိုင်ရင် မဟုတ်မမှန် သမိုင်း အလွဲတွေ ကို ရေးသားတဲ့ ဆရာတော် ဘဒ္ဒန္တကောသလ္လ (စံပြ၊ကမ္ဘာအေး) နဲ့ မဟုတ်မမှန် သမိုင်းတွေ ကို တည်းဖြတ်ပေးခဲ့တဲ့ လေးစားအပ်တဲ့ သမိုင်းပေါမောက္ခ ဆရာကြီး ဦးထွန်းအောင်ချိန် တို့ကိုဆက်သွယ်ပြီး ဆွေးနွေးစေချင်ပါတယ်။
ကျွန်တော် နဲ့ ထပ်မံ ဆွေးနွေးချင်ရင် နွေးထွေးစွာကြိုဆိုလျှက်ပါ။
လေးစားစွာဖြင့်
ရဲရင့်သစ္စာ
Sandra Lin
1)" ဇော်ဂျီ ဖိုဝင်သား ကို တစ်ကြိမ်စားမိလိုက်တာနဲ့ ဗျတ်ဝိ ဗျတ္တ တို့ဟာ မွတ်စ်လင်မ်မဟုတ်ပါဘူးလို့ သုံးသပ်ခြင်း ဟာ အဓိပ္ပာယ် မရှိပါလို့ ပြောလိုပါတယ်။" You misunderstood what I wrote. I did not say that they were no longer muslims once they ate human flesh. All I said was they were unlikely to eat human flesh in the first place as it was non-halal. Moreover they were unlikely to follow the advice of of a Buddhist monk if they were Muslims.
2) What did GE Harvey say about the two brothers? Did he say they refused to take part in building a pagoda because it was against their religion? Could you provide me with the direct quote of what he said?
By the way thanks for the reply and I think that is how historical facts should be establised; a scholarly discussion. I do not know ဆရာတော် ဘဒ္ဒန္တကောသလ္လ (စံပြ၊ကမ္ဘာအေး) or သမိုင်းပေါမောက္ခ ဆရာကြီး ဦးထွန်းအောင်ချိန်. You can go and see back and forth discussions between me and another commentator concerning the role of Tatmadaw in anti fascist movement on Thant Myint-U facebook page (January 13).
Ye Yint Thitsar
ဟုတ်ကဲ့ Ms Sandar Lin ကျွန်တော် အပေါ်မှာ ဥပမာ ပေးခဲ့ပါတယ်။ မူးယစ်သေစာသောက်စားခြင်းဟာ လည်း အစ္စလာမ် ဘာသာ မှာ ဟလာလ် မဟုတ်ပါ။ ဒါပေမဲ့ အချို့မွတ်စ်လင်မ်တွေ သောက်စားနေကြတာပဲ။ ဗျတ်ဝိ ဗျတ္တတို့လည်း ဇော်ဂျီဖိုဝင်မီးကင် စားမိခြင်းထူးဆန်းတဲ့ ကိစ္စ မှ မဟုတ်တာ။ မွတ်စ်လင်မ်ဖြစ်လို့ ဘုန်းကြီးစကားနားမထောင်ရဘူးဆိုတာလည်း မဟုတ်သေးပါဘူး။ ကျွန်တော့် အဘိုး က ဘုန်းကြီးတွေနဲ့မိတ်ဆွေ ဖြစ်ခဲ့သူပါ။ တစ်ချို့တိုင်းရင်းဆေးပညာ အကြောင်းတွေ၊ အဂ္ဂိရတ်ဖိုထိုးအကြောင်း တွေ ကို ဘုန်းကြီးတွေ ပြောတာ ယုံခဲ့ရုံတင်မက၊ ဘုန်းကြီးတွေ ဆီကတောင်သင်ယူခဲ့တာမျိုးတွေ ရှိတာပဲ။ ကျွန်တော် ကိုယ်တိုင်လည်း ယခုလက်ရှိ အခြေအနေအထိကိုယ်မသိတဲ့ ပညာရပ်ဆိုင်ရာတွေ အကြောင်း ဘုန်းကြီးတွေ ကသိနေရင် ဘုန်းကြီးတွေ ဆီသွားရောက်မေးမြန်း ပညာယူဆဲပါပဲ။
G.E Harvey က ဘာရေးထားလဲ ဆိုတော့ ဗျတ်ဝိ ဗျတ္တ နဲ့ ရွှေဖျဉ်းညီနောင်တို့ဟာမွတ်စ်လင်မ် တွေပါတဲ့။ Direct Quote လိုချင်ရင် ပေးပါ့မယ် ခဏလေးစောင့်ပါJpg format လုပ်လိုက်ပါဦးမယ်။
==============================
မင်းကြီး ပျူစောထီး
ပုဂံမှာ ဗျတ္တပန်းဆက်လမ်းဆိုတဲ့ အကြောင်းလူတိုင်းနီးပါးကြားဖူးကြတယ်... ပုပ္ပါးကနေ နေ့တဓူဝ ပန်းတွေကို အနော်ရထာမင်းကြီး ရဲ့ နန်းတော်မှာ ဘုရားတင်ဖို့ ဆက်သရတဲ့ အလုပ်သူလုပ် ရင်းနဲ့ ပုပ္ပါးသူ မယ်ဝဏ္ဏနဲ့ ညိတယ်လို့ဆိုကြတယ်။ ပန်းဆိုတာ မွတ်ဆလင်မ်တွေထက်စာရင် ဟိန္ဒူက ပိုပြီးအသုံးများတယ် ။ဗျတ္တဟာ မွတ်စ်လင်မ်တစ်ဦးဖြစ်ခဲ့တယ်ဆိုရင် ပန်းဆက်တယ်ဆိုတဲ့ ဒီအချက်က စဉ်းစား စရာဖြစ်လာပြီ။ ဗုဒ္ဓသာသနာကိုအားပေးတဲ့ အလုပ်ကို မွတ်ဆလင်တစ်ဦးပေမဲ့ မင်းမိန့်ကို မငြင်းမဆန် (သုဝဏ္ဏဘူမိကနေ ပုဂံကိုပြေးလာဖူးသလို) တခြားပြည်ကို ထွက်မပြေးပဲ နေ့တဓူဝလုပ်ပေးခဲ့တာကို ချီးကျူးစရာလို့ ပြောရမလိုဖြစ်နေပြီ။ သူ့သားတွေနဲ့ ကွာသလိုပဲ။ ရွှေဖျင်းညီနောင်ဟာ စေတီမှာ အုတ်ကလေး နှစ်ချပ်မထည့်လိုက်လို့ အသက်ခံရတယ်လို့ ဆို ကြတယ်....(အချို့ကလည်း မွတ်ဆလင်မို့လို့ ငြင်းဆန်တယ်ဆိုပြီးဆိုကြသေးတယ်) ။ တရုတ်ပြည် ယူနန်ကပြန်လာတဲ့ အနော်ရထာဘုရင်ဟာ အပြန်လမ်း တောင်ပြုန်းရောက်မှ ဘုရားတည်တာလား ??? တရုတ်ပြည်နဲ့ ရှမ်းပြည် ရောက်တော့ကော ဘုရား မတည်နိုင်ဘူးလား ??? မိုင်းမော(ရွှေလီ)က မောကိုးပြည်ထောင်စော်ဘွားကြီးရဲ့ သမီးတော် စောမွန်လှ ကိုတောင် ဆက်သခံခဲ့ရသေးတာပဲ။
ရှေးခေတ်က ဘုရင်တွေ ရောက်လေရာ ဘုရားစေတီတည်တဲ့ သာဓကတွေမှ အများကြီးရှိတယ်။ အခုယိုးဒယားမှာတောင် ရှိတယ်။ အဲဒီဘုရားတွေတည်တုန်းက ဒီရွှေဖျင်းညီနောင်ဟာ မွတ်ဆလင်မို့လို့ သူ့အယူနဲ့သူမို့လို့ ဘုရားတည်တဲ့အထဲမပါရင် အသတ်ခံလိုက်ရတာကြာပြီ။ တောင်ပြုန်းထိတောင်ခံမှာမဟုတ်ဘူး။ ဘုရင်က ရွှေဖျင်းထဲထည့်ပြီး မွေးပေးလောက်အောင် ဘုရားစေတီပေါတဲ့ ပုဂံမှာ သူတို့မွေးဖွားကြီးပြင်းခဲ့ကြတယ်။ အုတ်နှစ်ချပ်ကလေးမထည့်နိုင်လောက်အောင် အယူပြင်းတဲ့သူတွေကို ဗုဒ္ဓဘာသာ သာသနာပြုဘုရင်က အရေးပေးခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ။ ၀က်သားမစားတိုင်း မွတ်စ်လင်မ်ဖြစ်နိုင်ပါ့မလား ။ဟိန္ဒူကော မဖြစ်ရတော့ဘူးလား ။ အဲဒီခေတ်ကေ၇ကြောင်းမှာ အာရပ်တွေမတွင်ကျယ်ကတည်းက ဟိန္ဒူကုန်သည် သင်္ဘောတွေက တွင်ကျယ်ခဲ့ပြီးသား။ တွင်ကျယ်ခဲ့လို့ပဲ ကမ္ဘောဒီးယားက အန်ကောဝတ်တောင် ဟိန္ဒူဘုရားကျောင်းအနေနဲ့ အရင်တည်ခဲ့တာ။
သူတို့ဘာသာ သူတို့ မူးယစ်သောက်စားရမ်းကားပြီးမှ မေ့လျော့သွားတဲ့ကိစ္စ ၊ ဘုရင်က သူ့ကိုမလေးမခန့်လုပ်တယ်လို့ထင်ပြီး သတ်ခံရတဲ့ကိစ္စကိုတောင် ရွှေဖျင်းညီနောင်ကို မွတ်စ်လင်မ်တွေပါလို့ ထင်တဲ့သူက ထင်ကြသေးတယ်။ သမိုင်းဆိုတာ ယုတ္တိရှိတဲ့အချက်အလက်ပေါ်အခြေခံမူတည်ပြီး ကျိုးကြောင်းဆက်စပ်စဉ်းစားခြင်းလို့ သမိုင်းသုတေသီ ဆရာနိုင်ဇော်(ဗိုလ်မှူးကြီး ခင်ဇော်)က ဆိုတယ်.....
Ye Yint Thitsar
မင်းကြီးပျူစောထီး ဗျတ္တပန်းဆက်တာ ကို အသာထားပါဦး။ အနော်ရထာမင်းကြီးပိဋကတ်သုံးပုံကို သထုံပြည် ကနေ ပင့်ဆောင်ဖို့ အဓိက အခန်းကဏ္ဏ ကနေသက်စွန့်ကြိုးပမ်းခဲ့တာ ဗျတ္တပါ။ ပုပ္ပါးကနေ ပုဂံ ကို ဗျတ္တဆောင်လာတဲ့ ပန်းတွေဟာ နန်းတော်ဘုရားမှာ တင်ဖို့ဆိုတဲ့ ဖော်ပြချက် ဘယ် ရာဇဝင်ကျမ်းမှာပါရှိပါသလဲ ပြောပြပေးပါလား။ ပန်းကို မွတ်စ်လင်မ်တွေထက် ဟိန္ဒူတွေ က ပိုနှစ်သက်တယ်ဆိုတဲ့ ပြောကြားချက်အတွက် အထောက်အထားလေးရောပေါ့။ သမိုင်းသုတေသီ ဆရာနိုင်ဇော်(ဗိုလ်မှူးကြီး ခင်ဇော်) ကိုလည်းမေးကြည့်လိုက်ပါလား ခင်ဗျာ။ ဟိန္ဒူတွေ က ဗမာတွေ ထက် ပန်းကို ပိုနှစ်သက်တယ်လို့ အထောက်အထားမဲ့ဆိုပြီး၊ ဗျတ္တကို ပန်းဆောင်ဖို့စေခဲ့တဲ့ အနော်ရထာမင်းကြီး ဟာ ဗမာ မဟုတ်၊ အိန္ဒိယ လူမျိုးကုလားသာဖြစ်ကြောင်း သက်သေပြရင် လက်ခံနိုင်ပါ့မလား?
ကုလားလို့ဆိုရာမှာ ဟိန္ဒူလည်း ဖြစ်နိုင်သလို၊ မွတ်စ်လင်မ် လည်းဖြစ်နိုင်တာပေါ့။ရွှေဖျဉ်းညီနောင်ဟာ မွတ်စ်လင်မ် တွေဖြစ်ပြီး တောင်ပြုန်းမှာ ဘုရားတည်တော့ အုတ်နှစ်ချပ်မပါဝင်ခဲ့ လို့ ရာဇမာန်ရှ ကွပ်မျက်ခံရတယ် ဆိုတာကို ပညာရှင် G.E Harvey၊ ပညာရှင် ခင်ခင်ဦး(Marriage in the Burmese Muslim Community စာမျက်နှာ ၃၃)၊ မန္တလေးဂဇက်တီယာကိုပြုစုခဲ့တဲ့ ပညာရှင် H.F Searle၊ သမိုင်းသုတေသီ မိုရှေယေဂါရ် တို့ က သုံးသပ်ဖော်ပြထားတာ အားသာချက်ဖြစ်နေတယ်။ ဗျတ်ဝိ ဗျတ္တ ရွှေဖျဉ်းညီနောင် တို့ဟာ ဟိန္ဒူတွေ ဖြစ်နိုင်ကြောင်း ဘယ်သမိုင်းပညာရှင် / သုတေသီ က ရေးသား သုံးသပ်ထားတာရှိပါသလဲဆိုတာ သမိုင်းသုတေသီ ဆရာနိုင်ဇော်(ဗိုလ်မှူးကြီး ခင်ဇော်) ကိုသွားရောက်မေးမြန်းပြီး ဖော်ပြပေးမယ် ဆိုရင် သမိုင်း အပေါ်သစ္စာတည်ချင်တဲ့ ရဲရင့်သစ္စာ က အထူးကျေးဇူးတင်ရှိပါ့မယ်။ အာရပ်တွေ ထက်အရင် ဟိန္ဒူ သင်္ဘောတွေ က မြန်မာရေပိုင်နက် အတွင်း တွင်ကျယ်ခဲ့တယ်ဆိုတာလေး အထောက်အထားနဲ့ ရေးသားပါလား။ ရွှေဖျဉ်းညီနောင် ဟာ မူးယစ်သောက်စားမေ့လျော့ခဲ့လို့ ဘုရင် က ကွပ်မျက်ခဲ့တာ ဆိုတဲ့ အထောက်အထားလေးရောပေါ့ဗျာ။ သိပ်ခက်ခဲနေရင် သက်ရှိထင်ရှားရှိနေသေးတဲ့ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာခင်မောင်ညွန့် ထံ ချဉ်းကပ်မေးမြန်းကြည့်ပါလား။