6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ-၁၄၊ ၂၀၁၃
M-Media

_67552291_017685658

မေလ ၁၂ ရက်နေ့က တရုတ်နိုင်ငံ စီချွမ်း(Sichuan) ပြည် အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၇ ယောက် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှ ဖော်ပြခဲ့သည်။

ဆင်ဟွာ သတင်းဌာနက ပြောကြားသည်မှာ ပေါက်ကွဲမှုသည် လောင်ဇောင်(Luzhou) မြို့ တောင်ဇီဂေါ(Taozigou) ကျောက်မီးသွေးတွင်းတွင် ဖြစ်ပေါ်ခဲ့သည် ဟုဆိုသည်။

ထိုပေါက်ကွဲမှုဖြစ်ခဲ့သော စနေနေ့ ၌ မိုင်းတွင်းထဲတွင် သတ္တုတွင်း အလုပ်သမား ရာကျော်ရှိပြီး မြေအောက်အတွင်း အလုပ်လုပ်နေခဲ့ကြသည် ဟုဆိုသည်။

ပေါက်ကွဲမှုတွင် ကယ်ဆယ်ရထားသော လူ ၈၁ ယောက် တွင်၊ ၁၆ယောက်သည် ထိခိုက်ဒဏ်ရာ ရထားကြောင်း သိရသည်။ ထိုပေါက်ကွဲမှုသည် တရုတ်နိုင်ငံတွင် ၂၄ နာရီအတွင်း ဒုတိယမြောက် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်သည်။

သောကြာနေ့က၊ ဂိုင်ဇောင်(Guizhou) နယ်ပယ် အနောက်တောင်ဘက်တွင် ရှိသော ဒါရှန်း(Dashan) မိုင်း အတွင်းမှ ဓာတ်ငွေ့များပေါက်ကွဲမှုဖြစ်ပြီး၊ လူ ၁၂ ယောက်သေဆုံးခဲ့သည် ဟုသိရသည်။

တရုတ်နိုင်ငံရှိ မိုင်းတွင်းများသည် အလွန်ကို အန္တရယ်ရှိသော နေရာများ ဖြစ်သည်။

ဧပြီလတွင်၊ ဂျီလင်း(Jilin) နယ်ပယ် အရှေ့တောင်ဘက် အခြမ်းတွင်ရှိသော ကျောက်မီးသွေးတွင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပေါ်ကာ သတ္တုတွင်းသမား ၁၈ ယောက်သေဆုံးခဲ့ပြီး၊ ၁၂ ယောက် ဒဏ်ရာရရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် လူအယောက် ၁၃၀၀ ကျော်သည် မိုင်းတွင်းနှင့်ပတ်သက်သော မတော်တဆ ဖြစ်ရပ်များကြောင့်သေဆုံးခဲ့သည်။

သေဆုံးမှုများနှင့် ဒဏ်ရာရမှုများသည် သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းတွင် ဘေးကင်းမှု နည်းလမ်းများအား မကျင့်သုံးထားသောကြောင့်ဟု လူအများကအပြစ်တင်ခဲ့ကြသည်။

Tags: ,

Leave a Reply