4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
5 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကားစထွက်တော့ ခြောက်နာရီထိုးပြီး ဆယ်မိနစ်ခန့်ပင် စွန်းနေလေပြီ။ အိပ်ယာထနောက်ကျ၍ ကားကိုမှီလုမီခင်ပင် ဖြစ်ပေသည်။ တနင်္ဂနွေမို့ ကားလက်မှတ်ကလည်း ၀ယ်ရကျပ်လေသည်။ ကြိုဝယ်မထားမိသည်က အမှားပင်။ မိုးတွင်းဖြစ်သည်မို့ တစ်ပြောက်နှစ်ပြောက်သော မိုးရေစက်များက ကားစထွက်သည်နှင့် ၀ရုန်းသုန်းကား ရွာချလိုက်လေတော့သည်။ ဘားအံ-မော်လမြိုင် လိုင်းကားလေးကတော့ ခရီးဆက်နေဆဲပင်ဖြစ်သည်………………..။

မူလတန်းပြဆရာမတစ်ယောက်အတွက်တော့ တနင်္ဂနွေနေ့ဖြစ်သော်လည်း ရှောင်တခင်အလုပ်တာဝန်တစ်ခုပေါ်လာ၍ မလွဲရှောင်သာလှပေ။ ကားက နံနက်ခြောက်နာရီအခေါက်ဖြစ်သည်မို့ ဈေးသည်များပါမက အိမ်ပြန်ကြသည့် တက္ကသိုလ်ကျောင်းသူများဖြင့်ပါ ပြည့်သိပ်ကျပ်နေသည်မှာ ခြေချစရာပင်မကျန်တော့ချေ။ မော်လမြိုင်မြို့မှ ဘားအံမြို့ထိဆိုလျှင် တစ်နာရီခွဲကျော်ခန့်သာ စီးရသော်လည်း ကျွန်မလိုနေရာမရ၍ မတ်တပ်ရပ်စီးရသည့် လူတစ်ယောက်အတွက်တော့ မထောင်းသာလှပေ။ သို့သော်လည်း ခရီးရောက်ဖို့က အရေးကြီးနေသည်မို့ သွားရပေဦးမည်။

ကျွန်မလိုပင် မတ်တပ်ရပ်စီးကြရသည့် ခရီးသည်များက အပုံအပင်။ သို့သော် သူတို့ဘယ်လမ်း၊ ဘယ်ခရီးတစ်ထောက်တွင် ဆင်းကြမည်ဆိုသည်ကိုတော့ ကျွန်မ မသိချေ။ ကံဆိုးသည်ကတော့ ကျွန်မနံဘေးတွင် မတ်တပ်ရပ်လိုက်ပါလာသူတစ်ဦးမှာ အရက်စော်များနံစော်နေ၍ ကိုယ့်ကိုယ်ကိုပင် မတ်မတ်မရပ်နိုင်ဘဲ ဇက်က ကျိုးကျလုနီးပါးဖြစ်နေပေသည်။ ကျွန်မနှင့် မလှမ်းမကမ်းတစ်ခုံကျော်ရှိ လူကုံထံမိန်းမကြီးတစ်ယောက်ကတော့ သူမအတွက် တစ်ယောက်စာကို ထိုင်ခုံနှစ်ခုံဝယ်ထားသည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြီးမားလှသော လက်ကိုင်အိတ်ကြီးကို ကျန်ခုံအလွတ်ပေါ်တွင်တင်၍ ဖုန်းပြောနေပါသည်။ သည်းကြီးမည်းကြီးရွာနေသော မိုးသံတွေကိုတော့ သူမ၏အသံက အံ့သြစရာကောင်းလွန်းလှအောင် ဖြိုခွဲလိုက်နိုင်ပါသည်။ ကိုယ်ပိုင်ကားက စက်တခုခုချို့ယွင်းသွား၍ လိုင်းကားနှင့်သာ ခရီးသွားလိုက်ရသည့်အကြောင်းကို သူမ၏ အယောက်ငါးဆယ်မျှရှိသော မိတ်ဆွေများထံသို့ သေရေးရှင်ရေးတမျှ အကြောင်းကြားလျက်ရှိနေလေသည်။

လိုင်းကားကြီးသည် ကားလမ်းကြမ်းကို ဖြတ်ကျော်တိုင်း ဘယ်ညာယိမ်းထိုးလျက်ရှိရာ ကျွန်မခေါင်းအပေါ်တည့်တည့်ရှိ ကားအမိုး၏ အပေါက်အပြဲကြောင်းမှတဆင့် မိုးပေါက်များက ခေါင်းပေါ်သို့ တဖြောက်ဖြောက်ကျနေပေသည်။ ခံစားတတ်သူအဖို့တော့ ဂီတသံတစ်ခုနှင့်ပင် တူနေသေးပေဦးမည်။ ကျွန်မခြေထောက်အရှေ့တည့်တည့်တွင်တော့ မျှစ်ချဉ်တောင်းများ ဖြစ်မည်ထင်သည်။ မိုးနှင့်အတူ လေတချက်တချက်ဝေ့တိုင်း မျှစ်ချဉ်နံ့က စူးစူးရှရှ ထွက်လာလေသည်။ မျှစ်ချဉ်သည်၊ ငါးခြောက်ငါးပိသည်များနှင့် အမျိုးအမည်အတိအကျမသိသော ကုန်ပစ္စည်းများကို ထုပ်ပိုးကိုင်ဆောင်လာသူ ခရီးသွားများလည်း များစွာရှိလေသည်။ ကားစပယ်ယာတစ်ယောက်၏အသံမှလွဲ၍ ကျန်လူများ၏အသံက တိတ်ဆိတ်လွန်းလှပေသည်။ နံနက်စောစောဖြစ်သည့်အပြင် မိုးကလည်း အေးစိမ့်လှသည်မို့ ကိုယ့်အတွေးနှင့်ကိုယ်မျောနေကြသည့် သူများသာဖြစ်လေသည်။ အချို့ခရီးသွားများ၏ မျက်နှာတွင် ပရိယေသန၀မ်းစာရေးအတွက် အပြင်းအထန်ရုန်းကန်လှုပ်ရှားနေရမှုကြောင့် ပရိဒေ၀အရိပ်အယောင်များက အထင်းသားရှိနေပေသည်။

ကားနောက်ဆုံးတန်းရှိ တောင်းကြီးဘေးတွင် ထိုင်နေသူမိန်းမကြီးတစ်ယောက်၏ နေလောင်ထားသောမျက်နှာပြင်ပေါ်တွင် ပါးကွက်ကြားကြီးများက နေရာယူထားလေသည်။ မိုးငွေ့တွေက အေးစိမ့်နေသည့်တိုင်အောင် သူမရင်ထဲရှိ သောကမီးကို မငြိမ်းသတ်နိုင်သည့်အလား ပါးကွက်ကြီးပေါ်သို့ နဖူးဆံစမှ ချွေးကြောင်းကြီးများက စီးကျနေပေသည်။ သို့သော် ကြည့်တတ်သူအဖို့ မြင်၏ဟုပင် ပြောရလေမလား သို့မဟုတ် အလှတရားကို မြင်အောင်ကြည့်လျှင် မြင်နိုင်သည်ဟူ၍ပဲ ပြောရလေမလား မသိချေ။ ကျွန်မ၏ မျက်လုံးများထဲတွင်တော့ ထိုပါးကွက်ကြားကြီးများပေါ်ရှိ ချွေးကြောင်းကြီးများသည် သံလွင်မြစ်ကြီးစီးဆင်းနေသယောင်အလား ပသာဒရှိလှပေသည်။ သူမ၏ဘေးတွင်တော့ စာကလေးအကြွပ်ကြော်ခွေရောင်းသည့် ကောင်လေးသည် ပလတ်စတစ်အိတ်ဖြင့် စွပ်၍ချည်ထားသော သူ၏ စာကလေးခွေကြော်များပေါ်ရှိ မိုးရေစက်များကို အပြင်းအထန်ခါချလျက်ရှိကာ ထိုင်ခုံနောက်တန်းက သံတိုင်လေးများကို အပြေးအလွှား ဆုပ်ကိုင်ထားလျက်ရှိပေသည်။ ကားတစ်ချက်ခုန်တိုင်း လွတ်ထွက်သွားလုမတတ်ဖြစ်သော သူ၏လက်များကို ဂရုစိုက်မနေအားဘဲ စာကလေးခွေကြော်များ ကြေမွသွားရတော့မည့်အရေးကိုသာ အာရုံပေးစူးစိုက်နေရသည့် သူ၏ဘ၀ပေးတာဝန်ကိုတော့ ကိုယ့်ကိုယ်ကိုထက်ပင် ကျွန်မ ပိုသနားသွားမိလေသည်။

မိုးတွေသည်းကာ ပတ်ဝန်းကျင်တစ်ခွင်လုံး မှုန်မှိုင်းနေသည့်အပြင် ကားကလည်း အသက်လုမောင်းနေရသည့်အတွက် ပတ်ဝန်းကျင်မြင်ကွင်းများကတော့ သဲကွဲမနေပါ။ ရိပ်ကနဲရိပ်ကနဲ ကျန်ခဲ့သော အပင်စိမ်းစိမ်းများ၊ လယ်ကွင်းပြင်များ၊ ဘုရားငုတ်တိုလေးများ၊ ဘုန်းကြီးကျောင်းများနှင့် တောင်တန်းငယ်လေးများကတော့ အတော်ကြည့်ကောင်းလှပေသည်။ ခရီးတထောက်နားလိုက်၊ ခရီးသည်များတက်လိုက်ဆင်းလိုက်ဖြင့်ပင် ကားလေးက ခရီးဆက်နေဆဲ…….။ အမှန်တကယ်တမ်းတော့ လူတစ်ယောက်၏ တာဝန်နှင့်ဝတ္တရာများသည် ပျားတစ်ကောင်ကဲ့သို့ပင် ရှုပ်ထွေးများပြားနေပေသည်။ သည်လိုနှင့်ပင် ဘားအံမြို့နားသို့ ရောက်လုရောက်ခင်ဖြစ်သော ကော့ကျိုက်ကျေးရွာလေးသို့ပင် ဆိုက်ရောက်ခဲ့ချေပြီ။ ကော့ကျိုက်ကျေးရွာမှ ဘားအံမြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် တစ်ဆယ့်ငါးမိနစ်ခန့်မျှ ကြာမြင့်ပေလိမ့်မည်။ ကော့ကျိုက်ကျေးရွာအရောက် ကျွန်မ၏ ညာဘက်ဘေးခုံတွဲရှိ လူတစ်ယောက်ဆင်းသွားလေသည်။ ထိုသူထသွားတော့ ထိုင်ခုံနေရာအလွတ်လေးတစ်လုံး ကျန်ခဲ့ပေသည်။

ထိုအချိန်တွင် မတ်တပ်ရပ်စီးသူများထဲမှ လူရွယ်တစ်ယောက်နှင့် အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်တို့သည် ကျန်လူအားလုံးကို နင်းဖြတ်ကျော်လွှားလာကာ ထိုထိုင်ခုံနားသို့ ဒရောသောပါးဖြင့် ပြေးဝင်လာကြပါသည်။ ထိုအချိန်တွင် မထင်မှတ်သည့် ကိစ္စတစ်ခုက ဖြစ်ပွားလာခဲ့လေသည်။ အသက်ခပ်ကြီးကြီးလူကြီးက ထိုင်ခုံလုပွဲတွင် ပန်းဝင်သွားပြီး ၀င်ထိုင်လုဆဲဆဲ ခြေလှမ်းပြင်နေသည်ကို အစောက လူရွယ်က ခြေဖြင့်လှမ်းထိုးလိုက်ရာ ထိုလူကြီးက ဟန်ချက်ပျက်သွားပြီး ရှေ့သို့အနည်းငယ်ယိုင်သွားကာ မှောက်ကျလုမတတ်ဖြစ်သွားလေသည်။ ပြုတ်ကျမသွားဖို့အရေး ကျန်လူများက ၀ိုင်း၍ ဖမ်းဆုပ်ပေးထားကြရပါသည်။ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူ၍ လူရွယ်က ၀င်ထုင်လိုက်လေသည်။ ထိုအခါ ခပ်အုပ်အုပ်ရယ်သံများ ကားထဲမှ လွင့်ပျံလာပါသည်။ ရယ်သောသူအများအပြားမှာ ထိုင်ခုံနေရာရထားပြီးသူများနှင့် အစောက လူရွယ်လည်း အပါအ၀င်ပင်ဖြစ်လေသည်။

ကျွန်မကတော့ အတော်ပင် အံ့သြမှင်သက်မိလေသည်။ တစ်ဆယ့်ငါးမိနစ်မျှသော ခရီးအကွာအဝေးသည် အဘယ်မျှရှိမည်ကိုတော့ ကျွန်မ အတိအကျမသိချေ။ သို့သော် တစ်ဆယ့်ငါးမိနစ်မျှသောအချိန်သည် အလွန်တိုတောင်းနေမှန်းတော့ ကျွန်မ သေချာသိပါသည်။ ထိုတိုတောင်းလှသောအချိန်လေးအတွင်းတွင် ထိုင်စရာနေရာမရတော့ကော ဘာအရေးနည်း။ ဘာတွေများနစ်နာဆုံးရှုံးစရာ ရှိနိုင်မည်နည်း……..။

ကားနှင့်သွားနေရသည့်ခရီးကို “ဘ၀ခရီး” ဟုပြောလျှင် ကားပေါ်မှခရီးသည်များသည်လည်း “ဘ၀ခရီးသည်” များပင်ဖြစ်လေသည်။ သည်လိုဆိုလျှင် ထိုတိုတောင်းလှသော ဘ၀ခရီးအတွက် ထိုင်စရာနေရာတစ်နေရာကို အများသူငါ မှောက်ရက်လဲအောင် ခြေထိုးပြီး ရှာရမည်လား။ ကျွန်မကတော့ သူများအထုပ်ဖြည်ပြပြီးမှ ရလာမည့်နေရာတစ်ခုကို တမ်းမက်ခြင်းမရှိသည်မှာ သေချာလှပေသည်။ ကျွန်မ၏ ဘ၀ခရီးတွင် ခြေစုံချပြီးပဲ မတ်တပ်ရပ်ရရပ်ရ၊ ခြေတစ်ချောင်းထောက်၍ပဲ မတ်တပ်ရပ်ရရပ်ရ၊ ကျွန်မ၏ ဖြစ်တည်မှုအတွက် ရိုးသားစွာရပ်တည်ခွင့်တစ်နေရာကိုပဲ အာသာငမ်းငမ်းလိုချင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ဘ၀ခရီးကို တစ်ဆယ့်ငါးမိနစ်ခန့်မျှသာ သွားရသော ခရီးတိုတစ်ခုဟုပင် ယူဆနေမိသောကြောင့် ဖြစ်လေသည်။

Khalay

Leave a Reply