5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျွန်မ အမြင်ပြောရရင် အကိုက်အခဲ ပျောက်ဆေးတွေကို ကြောက်ကြစေချင်ပါတယ်………လိုအပ်ရင်တော့ သုံးရမှာ အမှန် ဖြစ်ပေမယ့်….သူ.ဆိုးကျိုးတွေကို သိထားသင့်ပါတယ်………

ဘာလို. ဒီလို ပြောရလဲ ဆိုတော့ အကိုက်အခဲ ပျောက်ဆေးတွေကို ပဲလှော်လို စားတဲ့သူတွေ ရှိနေလို.ပါ….ခေါ်င်းကိုက်တာနှင့် သောက်၊နှာစေးရင်လည်း တွဲသောက်၊အလုပ်ပင်ပန်းလို.ဆိုပြီး မကိုက်ခဲခင် ကြိုသောက်၊မိုးမိလာလို. ဖျားမှာစိုးလို. ကြိုသောက် စတာ စတာ တွေပေါ့(အမှန်တော့ တုပ်ကွေး မဖြစ်အောင် အကိုက်အခဲ ပျောက်ဆေး ကြိုသောက်ဖို. မလိုအပ်ပါဘူး)။

တချို.ကျတော့ ဆိုးကျိုးနည်းအောင် တိုင်းရင်းဆေး သောက်ပါတယ်…..အဲဒါလည်း မဟန်ပါဘူးရှင်…အကိုက်အခဲပျောက်ဆေးတွေကို အမှုန်.ကြိတ်ပြီး ရောင်းတဲ့ တိုင်းရင်းဆေးရှိသလို ၊ ဆိုးကျိုးများလို. လိုအပ်တဲ့ သူတွေမှာသာ သုံးတဲ့ စတီးရွိုက်လို ဆေးမျိုးတွေ ထည့်ထားတဲ့ တိုင်းရင်းဆေးတွေလည်း ရှိပါ့ရှင်။

တချို. ရင်ကြပ်ပန်းနာ ပျောက်ဆေး၊နှလုံးဆေး၊အမောသက်သာစေတဲ့ ဆေး၊နေလို. ထိုင်လို. ကောင်းစေပြီး ၉၆ ပါး ရောဂါ ပျောက်တဲ့ဆေး အစုံမှာ စတီးရွိုက်ကို ထည့်ပေးနိုင်ပါတယ်……ရောဂါ လက္ခဏာကို ချက်ချင်း သက်သာစေတဲ့ အစွမ်း ရှိတာကိုး(မပေးရတဲ့ ရောဂါတွေလည်း ရှိပါတယ်၊ပိုဆိုးစေတာမျိုးပါ)…..စတီးရွိုက်တွေ အကိုက်အခဲ ပျောက်ဆေး အပြင်းစားတွေကို ဆိုးကျိုးများပေမယ့် အမြန်သက်သာတော့ သောက်ကြတာပေါ့။(ဆေးခန်းသွားလို. ထူးပြီး မသက်သာဘူး…ကွမ်းယာဆိုင်က ဆေးကမှ သက်သာသေးတယ် ဆိုတာမျိုးတွေလေ……..တချို. ရမ်းကုဆေးမှုးတွေ ဆေးစွမ်းထက်ခြင်း အကြောင်းအရင်းပေါ့)……ဒါပေမယ့် ဆိုးကျိုးလည်း များ၊ပေးရင်လည်း သတိနှင့် ပေးရတာမို. မလိုအပ်တဲ့ သူမှာ ဆရာဝန် မညွှန်ဘဲ သောက်လို. မရပါဘူး…(ဆေးဖြတ်ရင်လည်း ချက်ချင်းဖြတ်လို. မရပါဘူး)။

ကျွန်မ အခုပြောချင်တာက စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေး အုပ်စုNSAID အကြောင်းပါ။NSAID မှာ aspirin, diclofenac, aceclofenac, ibuprofen, mefenamic acid, celecoxib, etroricoxib အစရှိသော ဆေးတွေ ပါပါတယ်။

UK မှာ NSAID ရဲ. ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးနှုန်းဟာ တစ်နှစ်မှာ လူအယောက် ၁၀၀၀ ရှိပါသတဲ့(Oxford handbook of clinical medicine 11th edition)။

NSAID ဆေးတွေကို တွဲသောက်ရင် ဆိုးကျိုး ပိုတိုးနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေသောက်ရင် လိုအပ်တာထက် ပိုမသောက်ဖို. Take the lowest possible dose for the shortest possible time. လို. မှတ်ထားသင့်ပါတယ်။

အသက်ကြီးသူ၊အစာအိမ်နာ အူသိမ်နာ ရှိသူ၊အခြားသော ဆေးများနှင့် တွဲစပ် သောက်သုံးနေရသူ၊ကျောက်ကပ် မကောင်းသူ၊အသည်းရောဂါရှင်၊ဆေးလိပ်သောက်သူတွေ နှင့် အရက် အလွန်အကျွံ သောက်သူတွေမှာ အဲဒီဆေးတွေရဲ့ side effect တွေ ပိုဖြစ်နိုင်ပါတယ်။

နှလုံးရောဂါ၊ရင်ကြပ် ပန်းနာ ရောဂါ စတဲ့ ရောဂါ အခံ ရှိသူတွေ၊ကိုယ်ဝန်ဆောင်တွေ၊နို.တိုက်မိခင်တွေဟာ တတ်ကျွမ်းနာလည်သူ ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။

အဆစ်ရောင် ရောဂါရှင်လို လူနာတွေမှာ ညွှန်ကြားထားလို. သောက်သုံးနေဆဲမှာလည်း အကိုက်အခဲမရှိတဲ့ အချိန်၊သက်သာနေချိန်မှာ ဆေးကို နားထားသင့်ပါတယ်(သွေးကျဆေးလို စွဲသောက်ဖို. လိုအပ်တဲ့ ဆေးတွေကိုတော့ ကိုယ့်သဘောနှင့် ကိုယ် ရပ်မထားမိဖို. အရေးကြီးပါတယ်……၊ပိုးသတ်ဆေးလို ရက်ပြည့်အောင် သောက်ရမယ့် ဆေးတွေဆိုရင်လည်း ဆေးမပြတ်ခင် ရပ်လိုက်ရင် အန္တရာယ် များပါတယ်)။

NSAID ရဲ့ side effect ထဲမှာ အစာအိမ်နှင့် အူလမ်းကြောင်းမှာ အနာဖြစ်စေခြင်း၊ ရှိတဲ့ အနာကို ပိုဆိုးစေခြင်း နှင့် အူလမ်းကြောင်းမှ သွေးယိုစီးစေခြင်းတို.လည်း ပါဝင်ပါတယ်…….
အဲဒါကြောင့် ဆေးသောက်နေတုန်းမှာ ဗိုက်နာ ဗိုက်အောင့်ရင်၊ဝမ်းမည်းမည်းသွားရင် အထူး ဂရုပြုဖို. လိုကြောင်းပါ။

ဒါ့အပြင် ကျောက်ကပ်ထိခြင်း၊အသည်းထိခြင်း၊နှလုံးရောဂါကို ပိုဆိုးစေခြင်း စတဲ့ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။

အဲဒါကြောင့် အကိုက်အခဲ ပျောက်ဆေး သောက်မယ်ဆိုရင် ဆေးဆိုင်ကနေ လွယ်လွယ် ဝယ်မသောက်ဖို.နှင့်

“Take the lowest possible dose for the shortest possible time” ပါရှင်။

လေးစားလျက်

Dr.Raihana

Leave a Reply