5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၁၁ ရက်၊ ၂၀၁၃
M-Media

Falcao and Monaco
အသင်းကြီးများအားလုံးနီးပါး အနိုင်ရရှိခဲ့သည့် ပြင်သစ်လိဂ်ဝမ်း ပထမနေ့ပွဲစဉ်များ

ပြင်သစ်လိဂ်ဝမ်းပထမနေ့ပွဲစဉ်များကို စနေနေ့က ၈ ပွဲ စတင်ကစားခဲ့ပြီး အသင်းကြီးများ အားလုံးနီးပါး အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ယခုနှစ်တွင်မှ လိဂ်ဝမ်းသို့ တက်ရောက်လာသည့် မိုနာကိုအသင်းမှာ ဘော့ဒိုးအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မိုနာကိုအသင်း အတွက်ဂိုးများကို ဖယ်လ်ကာအိုနှင့် လူစားဝင်လာသည့် အီမန်နျူယယ် ရီဗီရီတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။ ပြင်သစ်ထိပ်သီး လိုင်ယွန်အသင်းမှာလည်း နိုက်စ်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တန်းတက် နန့်စ်အသင်းမှာ ဘက်စတီယာအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဗလန်စီယန် နန့်စ်အသင်းက တူးလော့စ်အသင်းအား ၃ ဂိုးဂိုးမရှိဖြင့်လည်းကောင်း အသီးအသီးအနိုင်ရရှိခဲ့ကြပြီး အမှတ်ပေးဇယားထိပ်တွင် လိုင်ယွန်အသင်းက ဂိုးကွာခြားချက်အသာဖြင့်ဦးဆောင်နေသည်။
______________________________________
ကွန်မြူနတီဖလားကစားမည့် မန်ယူလူစာရင်းတွင် ရူနီမပါဝင်

မန်ချက်စတာယူနိုက်တက်အသင်းနှင့် ၀ီဂန်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲဝင် မန်ယူအသင်းလူစာရင်းတွင် တိုက်စစ်မှူး ၀ိန်းရူနီ မပါဝင်ဟုသိရသည်။ အသက် ၂၇ နှစ်အရွယ်ရှိသည့် ရူနီမှာ မန်ယူအရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းလျက်ရှိနေပြီး ကြံ့ခိုင်မှုမပြည့်ဝသောကြောင့် မပါဝင်နိုင်ခြင်းဖြစ်သည်။ BBC
______________________________________
အခီဂျိုင်းလ်အားခေါ်ယူရန် အဲဗာတန် စိတ်ဝင်စား

အဲဗာတန်အသင်းသည် ပေါ်တူဂီကလပ် ဘရာဂါအသင်း၏ ဘယ်နောက်ခံလူ အလ်ဒါဆန် အခီဂျိုင်းလ်အား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟုသိရသည်။ နောက်ခံလူလေတန်ဘိန်း မန်ယူသို့ပြောင်းရွှေ့သွားပါက အစားထိုးနိုင်ရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
Daily Mirror
______________________________________
ဂတ်စတာဗိုအား ခေါ်ယူရန် အာဆင်နယ် နီးစပ်

အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ လူးဝစ် ဂတ်စတာဗိုအား ခေါ်ယူရန် နီးစပ်နေသည်ဟုသိရသည်။ ချယ်ဆီးအသင်းနှင့် ၀ုဖ်ဘတ်အသင်းတို့က ကမ်းလှမ်းထားသည့် ဈေးထက်ပိုပေးကာ ယူရို ၁၆သန်းဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သည်။
Daily Mirror
______________________________________
ဒေါင်းနင်းအား ယူရို ၇သန်းဖြင့် ၀က်စ်ဟမ်းခေါ်ယူရန် နီးစပ်နေ

လီဗာပူးလ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် စတီးဝပ်ဒေါင်းနင်းအား ၀က်စ်ဟမ်းအသင်းမှ ခေါ်ယူရန်ရှိနေသည်ဟု သိရသည်။ ဒေါင်းနင်းအား ယူရို ၇ သန်းနီးပါးဖြင့် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
Daily Star
______________________________________
စကစ်ဂ်လီယိုအား ခေါ်ယူရန် အန်ဆယ်လော့တီစိတ်ဝင်စား

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကားလို့စ်အန်ဆယ်လော့တီက အေစီမီလန်အသင်း၏ နောက်ခံလူဖြစ်သူ မက်တီယာ ဒီ စက်ဂ်လီယိုအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။ ရီးယဲလ်နောက်ခံလူ ဖေဘီယို ကွန်ထရာအို အသင်းမှထွက်ခွာသွားပါက အစားထိုးရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
Marca
______________________________________
ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ်နှင့် ရိုအာနစ်တို့ ဗိုလ်လုပွဲသို့တက်ရောက်

ကနေဒါတွင်ကျင်းပပြုလုပ်နေသည့် ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲ အမျိုးသားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ရာဖေးနာဒယ်လ်က ဂျိုကိုဗစ်ကိုလည်းကောင်း၊ ရိုအာနစ်က ဗာဆက် ပိုစ့်ပီစီလ် ကိုလည်းကောင်းအသီးသီးအနိုင်ရရှိခဲ့သည်။ စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်နှင့် ဆီဒင် ၁ ရ လက်ရှိရော်ဂျာဖလားချန်ပီယံ နိုဗက်ဂျိုကိုဗစ်တို့၏ ဆီမီးဖိုင်နယ်ပွဲမှာ ၂ နာရီ ၃၁ မိနစ်ကြာခဲ့ပြီး အကြိတ်အနယ်ကစားကာ နာဒယ်လ်က ၆-၄၊ ၃-၆၊ ၇-၆(၇-၂)ဖြင့် အနိုင်ရရှိခဲ့သည်။

ကနေဒါနိုင်ငံသားများဖြစ်ကြသည့် ရိုအာနစ်နှင့် ပို့စ်ပီစီလ်တို့၏ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ရိုအာနစ်က ၆-၄၊ ၁-၆၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။ ကမ္ဘာ့အဆင့် ၁၃ ရှိ ရိုအာနစ်မှာ ယနေ့ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲတွင် ဂရန်းဆမ်းဖလား ၁၂ ကြိမ်ရရှိထားသည့်  ဒယ်လ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
sky sport
______________________________________
ရော်ဂျာဖလားအမျိုးသမီးပွဲစဉ်တွင် ဆိုရာနာ ဆရစ္စတီ ဗိုလ်လုပွဲသို့တက်ရောက် ဆရီနာဝီလီယံနှင့် တွေ့ဆုံမည်

ကနေဒါနိုင်ငံ တိုရွန်တိုတွင်ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆရစ္စတီက တရုတ်တင်းနစ်မယ် လီနာကို အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ၎င်းတို့နှစ်ဦး၏ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၁ နာရီ မိနစ် ၃၀ ကြာမြင့်ခဲ့ကာ ဆရစ္စတီက လီနာအား ၆-၁၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်သည်။ ဆရစ္စတီမှာ ငါးနှစ်အတွင်း ပထမဦးဆုံးအကြိမ် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုတွင် အမေရိကန်တင်းနစ်မယ်ဆရီနာဝီလီယံက ပိုလန်တင်းနစ်မယ် ရဒ်ဝန်စကာ အား ၇-၆(၇-၃)၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့ပြီး ယနေ့ကျင်းပမည့် ဗိုလ်လုပွဲတွင် ဆရစ္စတီနှင့်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
sky sports
______________________________________
မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် မိုဟာမက်ဖာရာ ရွှေတံဆိပ်ဆုဆွတ်ခူး

ရုရှားနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသား မိုဟာမက်ဖာရာက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ နှစ်ထပ်ကွမ်းအိုလံပစ်ချန်ပီယံ ဖာရာမှာ ၂၇ မိနစ် ၂၁.၇၂ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ အီသီယိုးပီးယားမှ အီဗရာဟင် ဂျီအီလန်က ၂၇ မိနစ် ၂၂.၂၃ စက္ကန့်ဖြင့် ငွေတံဆိပ်၊ ကင်ညာမှ ပေါလ် တန်ယူအီက ၂၇ မိနစ် ၂၂.၆၁ စက္ကန့်ဖြင့် ကြေးတံဆိပ် အသီးသီးဆွတ်ခူးခဲ့ကြသည်။

Leave a Reply