5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ- ၁၂ ရက်၊ ၂၀၁၃
M-Media

304604hp2

ဗန်ပါစီ၏ သွင်းဂိုးများဖြင့် မျက်နှာပန်းလှခဲ့သည့် ဒေးဗစ်မိုယက်စ်

ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းနှင့် အက်ဖ်အေဖလားချန်ပီယံ ၀ီဂန်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည့် ရာသီအကြို ကွန်မြူနတီဒိုင်းဘောလုံးပြိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းက ဗန်ပါစီ၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအစ ၆ မိနစ်မှာပင် မန်ယူအသင်းမှ အဖွင့်ဂိုးရရှိခဲ့ပြီး ဘယ်နောက်ခံလူ အီဗရာ မတင်ပေးလိုက်သည့် ဘောလုံးကို တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မန်ယူအသင်းမှာ ၀ီဂန်အသင်းအပေါ် ကစားကွက်သိသိသာသာ အသားစီးမရခဲ့ဘဲ ပထမပိုင်းပြီးဆုံးခါနီးတွင် ၀ီဂန်အသင်းမှ မန်ယူဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။ ဒုတိယပိုင်းပြန်လည်စတင်ခဲ့ပြီးနောက် ၅၉ မိနစ်တွင် မန်ယူအသင်းမှ ဒုတိယဂိုးရရှိခဲ့သည်။ အဆိုပါဂိုးကို တိုက်စစ်မှူးဝဲလ်ဘတ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ဗန်ပါစီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အနိုင်ဂိုးနှစ်ဂိုးရရှိပြီးနောက် မန်ယူအသင်းမှာ အနိုင်ဂိုးကို ထိန်းကာ ကစားသွားခဲ့သည်။ မန်ယူအသင်း၏ ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကိုဆက်ခံသည့် ဒေးဗစ်မိုယက်စ်မှာ ယခုပွဲအနိုင်ကြောင့် မျက်နှာပန်းလှခဲ့သည်။
_____________________________________
အင်္ဂလန်အသင်းအတွက် ၀ီလ်ရှိုင်းယားအား ရွေးချယ်မှုအပေါ် ၀င်းဂါးကျေနပ်

ဗုဒ္ဓဟူးနေ့တွင် စကော့တလန်အသင်းနှင်ကစားမည့် ခြေစမ်းပွဲဝင် အင်္ဂလန်အသင်းတွင် ၀ီလ်ရှိုင်းယားအား ရွေးချယ်မှုအပေါ် ကျေနပ်မိကြောင်း အာဆင်ဝင်းဂါးက ပြောဆိုလိုက်သည်။ သို့သော်လည်း အင်္ဂလန်နည်းပြ ရွိုင်ယန် ဟဒ်ဆန်အနေဖြင့် ၀ီလ်ရှိုင်းယား၏ ကြံ့ခိုင်မှုအား မထိခိုက်အောင် အကာအကွယ်ပေးရမည်ဟုဝင်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်း၏ လူငယ်တိုက်စစ်မှူး ၀ီလ်ရှိုင်းယားမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဒူးခေါင်းနှင့် ခြေချင်းဝတ်ဒဏ်ရာပြဿနာများဖြင့်ရင်ဆိုခဲ့ရပြီး မန်စီးတီးအသင်းနှင့် ကစားခဲ့သည့် အာဆင်နယ်၏ ရာသီကြိုခြေစမ်းပွဲတွင် အာဆင်ဝါးဂါးက ၎င်းအား ပထမပိုင်းတစ်ပိုင်း ၀င်ကစားစေခဲ့သည်။
_____________________________________
အင်တာမီလန်အသင်းမှာ ဆုဖလားများကိုစိန်ခေါ်နိုင်လိမ့်မည်ဟု ဇနက်တီဆို

နည်းပြသစ်ဝေါလ်တာ မဇ်ဇာရီလက်ထက်တွင် အင်တာအသင်းမှာ စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်လိမ့်မည်ဟု နောက်ခံလူ ဂျာဗီယာ ဇနက်တီက ပြောဆိုလိုက်သည်။ စိတ်ကူးအသစ်များရှိနေသည့် နည်းပြသစ်လက်အောက်တွင် အသင်းအား ပြည်လည်တည်ဆောက်နေသည်ဟု ထင်မြင်ကြောင်း၊ အသင်းရှိ ကစားသမားများအားလုံးမှာလည်း ပြင်းပြင်းထန်ထန်ကြိုးစားနေကြကြောင်း ဇနက်တီက ထည့်သွင်းပြောကြားခဲ့သည်။
_____________________________________
အဂ္ဂါအားခေါ်ယူရန် ဘာကာ၏ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းမှပယ်ချခဲ့သည်ဟု အေးဂျင့်ဖြစ်သူပြော

နောက်ခံလူအခက်အခဲနှင့်ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းအနေဖြင့် အဂ္ဂါအားခေါ်ယူရန် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းမှ ပယ်ချခဲ့သည်ဟု အဂ္ဂါ၏ အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်းမှာ ပရီးမီးယားလိဂ်အသင်းများမှ နောက်ခံကစားသမားများအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်အား ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးသည်။ ဘာစီလိုနာက အဂ္ဂါအား ခေါ်ယူရန်ကမ်းလှမ်းမှုကို မိမိတို့သိရှိခဲ့ကြောင်း သို့သော်လည်း လီဗာပူးလ်အသင်းမှ ထိုကမ်းလှမ်းမှုအား ပယ်ချခဲ့ကြောင်း အဂ္ဂါ၏ အေးဂျင့်ဖြစ်သူ ပါစတီဖင်ဆန်က ပြောဆိုခဲ့သည်။
_____________________________________
ရူနီမှာ ရောင်းရန်မဟုတ်ဟု မိုယက်စ်ဆို

မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က တိုက်စစ်မှူးရူနီနှင့် ၎င်းတို့အကြားတွင် မည်သည့် ကွဲပြဲမှုမှမရှိဘဲ ရူနီအားရောင်းချရန် မန်ယူတွင် အစီအစဉ်မရှိဟု ပြောဆိုလိုက်သည်။ ရူနီအားမရောင်းချင်ကြောင်း၊ ရူနီမှာ ၎င်း၏ဆန္ဒဖြင့်သာ အရန်အသင်းနှင့်လေ့ကျင်ခန်းဆင်းနေခြင်းဖြစ်ကြောင်း မိုယက်စ်က ပြောကြားခဲ့သည်။
_____________________________________
တော့တင်ဟမ်အသင်းမှာ ထိပ်ဆုံးလေးသင်းအတွင်း ၀င်ဖို့လိုသည်ဟု ကာဘူးလ်ဆို

တော့တင်ဟမ်အသင်း၏ နောက်ခံလူ ယူနက် ကာဘူးလ်က အသင်းအနေဖြင့် ရာသီကုန်လျှင် ထိပ်ဆုံးလေးသင်းအတွင်းဝင်ဖို့လိုသည်ဟု ပြောဆိုလိုက်သည်။ တော့တင်ဟမ်အသင်းသည် ယမန်နှစ်က အဆင့်လေးနေရာရှိ အာဆင်နယ်အသင်းနှင့် တစ်မှတ်လျှော့ကာ အဆင့်ငါးဖြင့် ရာသီသိမ်းခဲ့သည်။ နွေရာသီအပြောင်းအရွှေ့တွင် အသင်းသို့ရောက်ရှိလာကြသူများမှာ ကောင်းမွန်သောကစားသမားများဖြစ်ကြောင်း အသင်းနည်းပြမှာလည်း အရည်ချင်းရှိကြောင်း အသင်းအနေဖြင့် ရာသီကုန်လျှင် အဆင့်လေးအတွင်းဝင်ရမည်ဖြစ်ကြောင်း ကာဘူးလ်က ပြောကြားခဲ့သည်။
_____________________________________
နယ်ဒလ်နှင့် ဆရီနာတို့ ဗိုလ်စွဲခဲ့သည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ

ကနေဒါနိုင်ငံတွင်ကျင်းပလျက်ရှိသည့် ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲများကို ယမန်နေ့က ကျင်းပခဲ့ရာ အမျိုးသားပြိုင်ပွဲတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးလ် နာဒယ်လ်ကဗိုလ်စွဲခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံက ဗိုလ်စွဲခဲ့သည်။

အမျိုးသားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲအဖြစ် ရာဖေးလ်နာဒယ်လ်နှင့် အိမ်ရှင်တင်းနစ်သမား မီလို့စ် ရိုအာနစ်တို့ ကစားခဲ့ရာ နာဒယ်လ်က ၆-၂၊ ၆-၂ ဖြင့် အနိုင်ရခဲ့သည်။ နာဒယ်လ်မှာ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်အား အနိုင်ရရှိခဲ့သည်။ ရော်ဂျာဖလားမှာ ယခုနှစ်အတွင်းရရှိခဲ့သည် နာဒယ်လ်၏ ရှစ်ခုမြောက်ဖလားဖြစ်လာခဲ့သည်။

တိုရွန်တိုတွင်ကျင်းပခဲ့သည့် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံက ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆရစ္စတီအား ၆-၂၊ ၆-၀ ဖြင့် သက်တောင့်သက်သာအနိုင်ရရှိခဲ့သည်။
_____________________________________
တရုတ်နာမည်ကျော်ကြက်တောင်သမား လင်ဒန် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ငါးကြိမ်မြောက်ဆွတ်ခူး

တရုတ်နိုင်ငံ ဂွမ်ဇူ ပြည်နယ်တွင်ကျင်းပပြုလုပ်သော ကမ္ဘာ့ချန်ပီယံရှစ်ကြက်တောင်ရိုက်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် တရုတ်နာမည်ကျော် ကြက်တောင်သမားလင်ဒန်က ကမ္ဘာ့နံပါတ်တစ် မလေးရှားကြက်တောင်သမား လီချုံဝေအား အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ပထမပွဲတွင် လင်ဒန်က ၁၆-၂၁ ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် လီချုံဝေက ၂၁-၁၃ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိထားပြီး တတိယပွဲဆက်ကစားခဲ့ရာ လင်ဒန်က ၂၀-၁၇ ဖြင့်ဦးဆောင်နေချိန်တွင် လီချုံဝေမှာ ဒဏ်ရာပြဿနာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် လင်ဒန်ကအနိုင်ရရှိခဲ့သည်။ ယခုအနိုင်ရရှိမှုကြောင့် လင်ဒန်မှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ငါးကြိမ်မြောက်ရရှိသူဖြစ်လာခဲ့သည်။
_____________________________________
မော်စကိုမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အူစိန်ဘော့ အနိုင်ရရှိ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ချန်ပီယံရှစ် အားကစားပြိုင်ပွဲ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဂျမေကာအပြေးသမား အူစိန်ဘော့က အနိုင်ရရှိခဲ့သည်ဟု သိရသည်။ အူစိန်ဘော့မှာ ၉.၇၇ စက္ကန့်ဖြင့် ပထမ၊ အမေရိကန်အပြေးသမား ဂျပ်စတင် ဂတ်လင်က ၉.၈၅ စက္ကန့်ဖြင့်ဒုတိယ၊ ဂျမေကာမှ နက်စတာ ကာတာက ၉.၉၅ စက္ကန့်ဖြင့် တတိယ အသီးသီး ရရှိခဲ့ကြသည်။

Leave a Reply