5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ-၂၇ ရက်၊ ၂၀၁၃
ရေးသူ- ကနေဒါမှမေခလာ

ဒီနေ့ ကျွန်တော့်ကို ရဲစခန်းက ထုတ်လာသည်။ အပြင်မှာလူစုံတက်စုံတွေ့ရသည်။မောင်နှမသားချင်းဆွေမျိုးများရော သူငယ်ချင်းများပါ လာကြိုကြသည်။ သူတို့ကိုကြည့်ရသည်မှာ စိတ်လည်းမကောင်း ကိုယ့်ကိစ္စကြောင့် လူတော်တော်များများ အလုပ်ရှုပ်သွားသည်ကို အားနာမိပါသည်။ အမေ့မျက်နှာမှာလည်း မျက်ရည်များစွာနဲ့ အိပ်ပျက်စားပျက် ပုံသွင်တို့က ထင်းထင်းကြီးမြင်နေရရှာသည်။ အမေပဲလေ ကိုယ့်သားသမီးကို အခုလို အချုပ်ခန်းလိုနေရာမျိုးမှာ ပင်ပန်းဆင်းရဲမှုဒဏ် ခံနေတာမျိုးကို မြင်ချင်မည်မဟုတ်ပါလေ။ လူအများကတော့ ကျွန်တော့်အပေါ်မှာ ကရုဏာသက်သော မျက်လုံး များဖြင့်ကြည့်ကာ ပြုံးပြနှုတ်ဆက်ကြသည်။ကျွန်တော့်ကိစ္စကလည်း မြန်မာတစ်နိုင်ငံလုံးက မွတ်စလင်မ်တွေအတွက် အထူးခြားဆုံးဖြစ်သွားသဖြင့် အုန်းအုန်းကျွတ်ကျွတ် ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမွတ်စလင်ဘာသာရေးအဖွဲ့ ဖြစ်သော အိုလမာသာသနာ့ပညာရှင်များအဖွဲ့ကိုယ်တိုင်က ကျွန်တော့်ကိစ္စမှာ မွတ်စလင်မ် တစ်ယောက်၏ အရေးဟုဆိုကာ မားမားမတ်မတ် ရပ်တည်ပြီး ထောင်ကျမည့်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။ ဤအဖွဲ့ကြီးဆိုသည်မှာ နယ်နယ်ရရမဟုတ်ပေ။ မည်သည့်နေ့တွင် လမြင်ပါသည်၊ မြန်မာတစ်နိုင်ငံလုံးရှိ အီးဒ်ပွဲတော်အဖြစ် သတ်မှတ်ပါသည် စသည်ကဲ့သို့ တစ်နိုင်ငံလုံးရှိ မွတ်စလင်မ်တို့အတွက် အရေးကြီးသော ဓမ္မသတ်များက  အစ ဘာသာရေးနှင့် ပတ်သက်၍ မည့်သည့် စာအုပ်သည် ဖတ်ပိုင်သည် ဖတ်ရမည် မည်သည့် စာအုပ်ကို မဖတ်ရ ဆိုတာမျိုးအထိ မွတ်စလင်ထု အပေါ် ဆုံးဖြတ်ပေးနိုင်သည့် အဖွဲ့ကြီး ဖြစ်ပါသည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကပင် ဒလရှိ မော်လဝီ တစ်ပါး၏ ကုရ်အာန်ဘာသာပြန် စာအုပ်ကို မွတ်စလင်မ်ထုအတွက် မဖတ်သင့် မဖတ်ရ စာအုပ်အဖြစ် သတ်မှတ်ကာ စာထုတ်ပြန်ပေးခဲ့သည်။ ကျမ်းတော်မြတ် ကုရ်အာန်တွင် မဖတ်သင့်သော စာသားများပါသည်ဟုဆိုကာ ယင်း စာသားများအား ဖြုတ်ထုတ်ပေးရန်ဟုဆိုကာ ထုတ်နုတ်ချက်များဖြင့် အင်တာနက်ပေါ်တွင် လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များထံသို့ လည်းကောင်း  မတူကွဲပြားနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေက ဖြန့်ချီခဲ့သည်။ ဤကိစ္စတွင်လည်း အိုလမာအဖွဲ့သည် ရှင်းလင်းချက်များထုတ်ပြန်ကာ ဦးနေမျိုးဝေအား အငြင်းပွားဖွယ်ရာများဖြစ်စေပြီး အစ္စလာမ်ဘာသာအား ထိခိုက် ပုတ်ခတ်ထားသဖြင့် ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုနိုင်ခဲ့သည်။ ဦးနေမျိုးဝေသည် အစ္စလာမ်ဘာသာအား ပုတ်ခတ်ခဲ့သောကြောင့် ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂-နှစ်ကျသွားသည်ဟုကြားသိရသည်။

ယခုတစ်ဖန် ကျွန်တော်၏ကိစ္စတွင်လည်း ထဲထဲဝင်ဝင် ကူညီပေးခဲ့ပါသည်။ ကျွန်တော့်အဖြစ်က ဤသို့ရှိလေသည်။ တစ်ကမ္ဘာလုံး သိကြသည့်အတိုင်း ရခိုင်ကစလို့ ထန်းကုန်းအဆုံး မြန်မာပြည်အနှံ့ မြို့ပေါင်းများစွာ မွတ်စလင်တို့၏ လူ့ခန္ဓာနှင့်အသက်များ၊ ဗလီများ၊ နေအိမ်များ၊စီပွားရေးလုပ်ငန်းများ၊ ဥစ္စာပစ္စည်းများနှင့် မွေးရာပါလူ့ ဂုဏ်သိက္ခာတို့ အား အကြမ်းဖက်ကာ စိတ်ကြိုက် စော်ကားမီးရှို့ဖျက်စီးနေခဲ့ကြသည်။ အကြောင်းအမျိုးမျိုးပြကာ အကြမ်းဖက်မှုများအား ယနေ့တိုင် အစိုးရမှ ထိရောက်စွာ အရေး မယူသည့်အပြင် တစ်နေ့တစ်ခြား ပို၍ဆိုးသွမ်းစေခဲ့ခြင်းမှာ လူ့အခွင့်အရေး ကိစ္စအတွက် လာရောက်သော မစ္စတာကင်တားနားအပေါ် မိတ္ထီလာတွင်ပြုမူ ဆက်ဆံခဲ့ပုံက သက်သေပြပြီးဖြစ်သည်။ အစိုးရနှင့်အတူ မီဒီယာအများစုက ကျင့်ဝတ်မဲ့ကာ လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့်  အမျိုးဘာသာ စောင့်ရှောက် ကာကွယ်ရေးဟု အကြောင်းပြကာ တစ်နိုင်ငံလုံး မွတ်စလင်မ် ဆန့်ကျင်ရေး တရားပွဲများဖြင့် ပြည်သူများအကြားသွေးထိုးခဲ့ကြသည်။

ကျွန်တော် တစ်နေ့တခြား ဒီအကြောင်းတွေပဲ တွေးလာမိသည်။ တစ်ဖက်က အကြောင်းမဲ့သက်သက် အကြမ်းဖက်ဖျက်စီးခံခဲ့ရသော မွတ်စလင်မ် ဒုက္ခသည်တို့၏ မျက်ရည်များမခြောက်မှီ နောက်အခြားတစ်ဖက်တွင် လုပ်ကြံ ပြဿနာများဖြင့် မီးလောင် တိုက်သွင်းနေလေပြီ။ နိုင်ငံသားပင်ဖြစ်သော်ငြားလည်း တစ်ရက်ထက် တစ်ရက် နေထိုင် ရပ်တည်ရန် ခက်ခဲပြီး ဘဝပျက်လာသော မွတ်စလင်မ်တို့၏ အနာဂတ် အရေးကို တွေးရင်း နေ့စဉ် ပူပင်သောကဖြင့် နေထိုင်လာရသည်ကို ကျွန်တော် အဆုံးသတ်ချင်လှပါပြီ။ ကျွန်တော် ဒီအခြေအနေတွင် ဘာလုပ်နိုင်မည်လဲ စဉ်းစားကြည့်ပါတော့သည်။ ပထမဆုံးဒေါသ အလျောက် အကြမ်းဖက်ကို အကြမ်းဖက်မှုဖြင့် တုန့်ပြန်မည်ဟုတွေးမိသည်။ သို့သော် အသေအချာ စဉ်းစားကြည့်သော် ငယ်စဉ်ကတည်းက ညီအကိုရင်းပမာ ချစ်ခင်ရင်းနှီးခဲ့သော ဘာသာခြား သူငယ်ချင်းတို့ကိုမြင်ယောင်လာသည်။ မဖြစ်နိုင်ပါ။ အကြမ်းဖက်သမား လူအုပ်စုတို့ကြောင့် လူပီသစွာလူလို ကျင့်ကြံနေထိုင်ကြ သူတို့အား ထိခိုက်နစ်နာစေခြင်းကို စိတ်မှာလုံးဝ လက်သင့်ခံ မရပေ။ အမြဲလိုလို စိတ်ဂယောင်ခြောက်ခြားဖြစ်ကာ ဒီအကြောင်းပဲ တွေးတောနေမိပါသည်။

တစ်ရက်မှာ ကျွန်တော် အကြံတစ်ခုရလိုက်ပါသည်။ ယင်းကား ဒီကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့် မီဒီယာတို့အား ကာယကံရှင်မွတ်စလင်မ်တို့ ၏ ခံစားချက်များကိုသိရှိစေပြီး အထူးတလည် ကူညီဖြေရှင်းပေးစေရန် ရည်ရွည်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။ကျွန်တော် ဆန္ဒထုတ်ဖော်ရာတွင် ကိုင်ဆောင်ခဲ့သော ဘုတ်ပေါ်တွင် အောက်ပါစာသားများကိုရေးသားခဲ့ပါသည်။

(၁) ကျွန်တော်သည် မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ကာ ကိုယ်ပိုင်အလုပ်ငယ်တစ်ခုဖြင့် ဘဝကိုရိုးသားစွာဖြတ်သန်းနေပါသည်။
(၂) မိမိဘဝတွင် မည်သည့် အကြမ်းဖက်မှုမျိုး (ကျောင်းသားဘဝ ရန်ဖြစ်လက်သီးထိုးခြင်း)ကဲ့သို့ သောပြစ်မှုမျိုးပင် မလုပ်ခဲ့ဖူးပါ။ သူတစ်ပါး ပစ္စည်းအား မတရား ဖျက်စီးခြင်း၊ သူတစ်ပါး ဘာသာတရားအားစော်ကားခဲ့ခြင်းမျိုးလည်း မလုပ်ခဲ့ဖူးပါ။
(၃) ထို့ ပြင်ယခုဖြစ်ပေါ်နေသော လူလူချင်း သက်သက်မဲ့အကြမ်းဖက်မှုများကိုလည်း လုံးဝကန့် ကွက် ဆန့် ကျင်နေပါသည်။ မိမိကိုယ်တိုင်မနှစ်မြို့၍ ရှောင်ကျဉ်ခဲ့သောလုပ်ရပ်များဖြင့် မိမိအသက် မိသားစုနှင့် ဆွေမျိုးမိတ်ဆွေတို့အပေါ်တွင် မတရားသဖြင့် ဥပဒေမဲ့ ပြုလုပ်မည်ကို လုံးဝလက်မခံလိုပါ။ ရှေ့တွင်လက်တွေ့ခံစားခဲ့ပြီးသော ဒုက္ခသည်များကိုကြည့်ပြီး ယူကျုံးမရဖြစ်ကာ အလွန်အမင်းဝမ်းနည်းနေရပါသည်။
(၄)  ထို့ ကြောင့် မြန်မာနိုင်ငံသားစစ်စစ် ဖြစ်တဲ့ ကျွန်တော်တို့ မွတ်စလင်မ်များကို နိုင်ငံသားတိုင်း ခံစားနိုင်သောဥပဒေများအတိုင်း ခံစား ခွင့်ပေးရန်တောင်းဆိုပါသည်။

ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီလိုဆန္ဒပြနေတာကို မီဒီယာသမားများ သိတော့ ချက်ချင်းရောက်လာပြီး သတင်းယူတာ အင်တာဗျူးတာတွေ လုပ်ကြပါသည်။ ကျွန်တော်ပြန်လည်သိရှိရသည်မှာ ကျွန်တော်ဆန္ဒပြလျှင် ပြခြင်း အင်တာနက်ပေါ်တွင် ပထမဆုံး တင်လိုက်သူမှာ လက်ရှိမြန်မာနိုင်ငံ၏ ဗုဒ္ဓသူရဲကောင်း မျိုးချစ် ကမ္ဘာကျော် ဦးဝီရသူ၏ စာမျက်နှာမှဖြစ်သည်။ ထို့ နောက် ဒုတိယ အမြန်ဆုံး တင်ခဲ့သူမှာ weekly eleven စာမျက်နှာမှ ဖြစ်သည်။ Facebook အကျော်အမော်တို့၏ စာမျက်နှာတွင် တက်လာသော သတင်းကြောင့် တစ်နိုင်ငံလုံးသို့ အင်တာနက်ပေါ်မှတစ်မဟုတ်ခြင်းပြန့် နှံ့ သွားသည်။ သတင်းခေါင်းစဉ်မှာလည်း ထုံးစံအတိုင်းစာဖတ် ပရိသတ်ကို စွဲဆောင်နိုင်လှသည်။ ယင်းခေါင်းစဉ်ကား “ခွင့်ပြုချက်မရပဲ အစ္စလာမ် ဘာသာဝင်တစ်ဦးမှ မုဒိမ်းကျင့်” ဟူ၍ဖြစ်သည်။
ထိုခေါင်းစဉ်ကို မြင်တွေ့ သိရှိသွားသူ အကြမ်းဖက်သမား အစွန်းရောက် ၉၆၉ များ ချက်ခြင်းစုရုံးကာ အစ္စလာမ်ဘာသာဝင်တို့ ၏ စည်းစိမ်းဥစ္စာများ လုယူဖျက်စီးရန်၊ အိုးအိမ်နှင့်ဗလီဝတ် ကျောင်းတော်များအားမီးရှို့ ဖျက်စီးရန် ချက်ချင်းစုမိသွားကြသည်။ တစ်ခဏအကြာတွင် အစ္စလာမ်ဘာသာဝင်များ အတွက် အထူးအားထားရသော  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ယခုကိစ္စမှာ မုဒိန်းမှု မဟုတ်ပါ။  ခွင့်ပြုချက်မရပဲဆန္ဒပြသည့် ပုဒ်မ ၁၈ ကိစ္စသာ ဖြစ်ကြောင်း၊ ဒီကိစ္စကို ခင်ဗျားတို့ ကိုင်တွယ်ရန် မလိုအပ်ကြောင်း မိမိတို့ တာဝန်သာဖြစ်သဖြင့် အေးအေးဆေးဆေး ပြန်နားကြပါဟု လုယက်ဖျက်စီးရန် ဒေါသထွက်နေကြသော လူအုပ်ကြီးကိုဖျောင်းဖျခဲ့ကြသည်။ အင်တာနက်စာမျက်နှာများ တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ အင်တာနက်တွင် ပြုမှုသကဲ့သို့  သတင်းထုတ်ပြန်မှု ပြင်ဆင်ချက်များကို  စာဖတ်ပရိသတ်သို့ ဖော်ပြခြင်းမပြုဘဲ စိတ်ကြိုက် လွတ်လပ်စွာပြင်ဆင်ခဲ့ကြသည်။

ဤသို့ဖြင့် ရဲတပ်ဖွဲ့ ဝင်များက ကျွန်တော့်အား ပုဒ်မ ၁၈  ဖြင့် ထိန်းသိမ်းရန်ခေါ်ဆောင်သွားခဲ့ကြသည်။ ဤအဖြစ်သနစ်ကို သတင်းအချက်အလက်များအား အချိန်မလပ်လေ့လာ စောင့်ကြည့်နေသော အိုလမာသာသနာ့ပညာရှင်များက ကြားသိလျှင်သိချင်း မိမိတို့ ညီနောင်တစ်ယောက် အစ္စလာမ်ဘာသာဝင်များ ခံစားနေရမှုများကို လူအများသိရှိရန် ဆန္ဒဖော်ထုတ်မှုကို ထောက်ရှုပြီး လွတ်မြောက်ရန်ဌာနဆိုင်ရာများကို ချဉ်းကပ်ကာတောင်းဆိုကြိုးစားခဲ့ကြသည်။

အစဉ်အဆက်ကတည်းက မြန်မာမွတ်စလင်မ်ထုအတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ခဲ့သော ယင်းအဖွဲ့ကို မွတ်စလင်မ်တိုင်းက လေးစားချစ်ခင် တန်ဖိုး ထားကြသည်မှာလည်း မဆန်းပြားပါချေ။ နိုင်ငံတကာ အဖွဲ့အစည်းကြီးများအထိ ပေါက်မြောက်ကာ နိုင်ငံတကာ မီဒီယာများ၊ ပြည်တွင်း မီဒီယာများရှေ့တွင်လည်း ဒုက္ခခံစားနေကြရသော မြန်မာမွတ်စလင်မ်များ ဘက်က ရပ်တည်က အမြဲတမ်းရဲရဲဝံ့ဝံ့ တင်ပြပြောဆိုခဲ့ကြသည်မှာလည်း အားလုံးအသိပင်။ ၉၆၉ များက အစ္စလာမ်မုန်းတီးရေးအတွက် ကောလဟာလများ ဖြန့်ဝေခဲ့ရာကိစ္စများတွင်လည်း အစ္စလာမ်၏ အရှိတရားကို ပွင့်လင်းမြင်သာစွာ သတင်းစာ ရှင်းလင်းပွဲများကို မီဒီယာများရှေ့တွင် ပြုလုပ်ရှင်းလင်းခဲ့ကြသည်။

ပုဒ်မ ၁၈ ကြောင့်လူပေါင်းရာချီ၍ အလုပ်အကိုင်ပျက်ကာ ကိုယ်တိုင်ရော မိသားစုပါ လွန်စွာစိတ်ဆင်းရဲခဲ့ရသော အတွေ့ အကြုံကြောင့် မိမိရဲ့ခံစားချက်များကို လူတွေသိအောင် လူတွေစာနာလာအောင် မည်သို့ တဖန်ပြန် ကြိုးစားရမလဲဆိုတာ တွေးနေတုန်း “သားရေ၊ သား၊ ထစမ်း အိမ်ရှေ့ခန်းထဲမှာ အချိန်မတော်ကြီး ထိုင်ခုံပေါ်အိပ်နေရတယ်လို့ ” ဟုအမေက ကျွန်တော့်ကိုနှိုးလိုက်မှပင် ရင်ဘတ်ပေါ်တွင် Daily Eleven သတင်းစာတင်လျက် အိပ်ပျော်သွားသည်ကို သိရတော့သည်။ ပုဒ်မ ၁၈ ကိစ္စဆိုသည်မှာလည်း အိပ်မက်နေသည်သာဖြစ်ကြောင်းသိရတော့ ရင်ထဲမှာ အနည်းငယ် သက်သာ ပျော်ရွှင်သွားခဲ့သည်။

ထိုခုံဘေးရှိ မိမိဖုန်းကို ကောက်ကိုင်ကာ အင်တာနက်ဖွင့်ပြီး M-Media app လေးကိုဖွင့်ကြည့်လိုက်တော့ “ဧရာဝတီတိုင်း ပန်းတနော်မြို့ တွင် မွတ်စလင်အိမ်တစ်လုံး ဖျက်စီးခံရ” ဟူသောသတင်းကိုဖတ်လိုက်ရသည်။

ကျွန်တော် မိမိကိုယ်ကို ဆွဲ ဆိတ်ကြည့်သည်။ ကျွန်တော့်အသားနာပါသည်။ အိပ်မက်မဟုတ်တော့ပါ။

 

** စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

Tags:

Leave a Reply