5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၂ ရက်၊ ၂၀၁၃
M-Media
ကိုလေး စုစည်းတင်ဆက်သည်။

Fellaini

အဲဗာတန်၏ ဖလိုင်နီ မန်ယူပြောင်းဖို့ ၈၀ ရာခိုင်နှုန်းသေချာ

ဖလိုင်နီအား ဘယ်လ်ဂျီယံက မန်ယူနှင့်အပြောင်းအရွှေ့ကိစ္စပြီးပြတ်အောင်ဆောင်ရွက်ဖို့ ခွင့်ပေးလိုက်ကြောင်း သတင်းများက ဆိုသည်။ ဖလိုင်နီအနေဖြင့် အပြောင်းအရွှေ့ပိတ်သိမ်းဖို့ တာဆူနေချိန်တွင် အဲဗာတန်အား ဖိအားပေး၍ မန်ယူသို့ ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆို သွားမည် ဖြစ်ကြောင်း သတင်းများကဆိုသည်။ မန်ယူက ဖလိုင်နီအား ပေါင် ၂၃.၅ သန်းဖြင့် ကမ်းလှမ်းထားပြီး ယနေ့တွင် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ဖွယ်ရှိကြောင်း ယူကေနာမည်ကြီး အင်ဒီပန်းဒန့်သတင်းစာက ဆိုသည်။
……………………………………………………………..
ကစားသမားသုံးဦးအားခေါ်ယူရန် အာဆင်နယ်ကြိုးပမ်း

အာဆင်နယ်အသင်းသည် ရီးယဲလ်မက်ဒရစ်ကစားသမားများဖြစ်ကြသည့် မီဆုအော်ဇေးလ်၊ အိန်ဂျယ် ဒီမာရီယာနှင့် စီးရီးအေကလပ် ပါလာမိုအသင်း၏တိုက်စစ်မှူး အေဘယ် ဟာနန်ဒက်တို့အား ခေါ်ယူရန်ကြိုးပမ်းနေသည်ဟု သိရသည်။ စုစုပေါင်း ပေါင်း သန်း ၈၀ ခန့်အသုံးပြုရန်ရှိနေပြီး၊ အော်ဇေးလ်က ရီးယဲလ်အသင်းတွင်သာ ဆက်လက်ကစား လိုသည်ဟု ပြောကြား လိုက်သည်။
Daily Telegraph
……………………………………………………………..
စပို့တင်းလစ္စဘွန်းအသင်း၏ နောက်ခံလူအလော်ရီအား လီဗာပူးလ်အသင်းခေါ်ယူ

လီဗာပူးလ်အသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း၏နောက်ခံလူ တီယာဂို အလော်ရီအားခေါ်ယူခဲ့သည်ဟုသိရသည်။ အသက် ၂၀ အရွယ်ရှိအလော်ရီမှာ လီဗာပူးလ်အသင်း၏ ဆေးစစ်မှုကိုခံယူနေပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးလ်နည်းပြ ရော်ဂျာခေါ်ယူခဲ့သည့် ၆ ဦးမြောက် ကစားသမားဖြစ်လာခဲ့သည်။ လီဗာပူးလ်အသင်းမှာ ပီအက်စ်ဂျီအသင်း၏ နောက်ခံလူ ဆာခိုအား ယနေ့ ည ၁၂ နာရီမတိုင်မှု ခေါ်ယူရန်ကြိုးပမ်းနေသည်။
http://www.dailymail.co.uk/sport/football/article-2408688/Liverpool-sign-Sporting-Lisbon-defender-Tiago-Ilori.html
…………………………………………………………….
ကစားသမားအသစ်လေးဦးခေါ်ယူရန် မိုယက်စ် ပစ်မှတ်ထား

မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ ဒေဗစ်မိုယက်စ်မှာ  အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားအသစ်လေးဦးခေါ်ယူလိုနေကြောင်းသိရသည်။ ထိုလေးဦးမှာ အဲဗာတန်အသင်းမှ မရော်နီ ဖယ်လိုင်နီနှင့် လေတန်ဘိန်း၊ အက်သလက်တီကိုမှ အန်ဒါဟာရီရာနှင့် ရိုးမားကွင်းလယ်လူ ဒီရော့စီတို့ဖြစ်ကြသည်။
Manchester Evening News
………………………………………………………………
ဝါဒါဘရီမင် တိုက်စစ်မှူး အာနေတိုဗစ်အား စတုတ်စီးတီးခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းသည် ဂျာမန်ကလပ် ၀ါဒါဘရီမင်မှ သြစတြီးယားတိုက်စစ်မှူး မာကို အာနေတိုဗစ်အား ခေါ်ယူခဲ့သည်ဟုသိရသည်။ လေးနှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စတုတ်စီးတီးအသင်းမှ လေးယောက်မြောက်ခေါ်ယူသည့် ကစားသမားဖြစ်လာခဲ့သည်။
http://www.goal.com/en/news/11/transfer-zone/2013/09/02/4231137/stoke-sign-arnautovic-from-werder-bremen?ICID=OP
……………………………………………………………….
ကာကာအား အေစီမီလန်ခေါ်ယူ

ရီးယဲလ်မက်ဒရစ်အသင်း၏ အသက် ၃၁ နှစ်အရွယ်ရှိ ဘရာဇီးကွင်းလယ်လူ ကာကာအား စီးရီးအေကလပ် အေစီမီလန်အသင်းက ခေါ်ယူလိုက်သည်ဟုသိရသည်။ စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ယနေ့နံနက်ပိုင်းက အေစီမီလန်အသင်း၏ ဥက္ကဌ အက်ဒရီယာနို ဂီလာနီနှင့် ကာကာ၏အေးဂျင့်ဖြစ်သူတို့ဆွေးနွေးခဲ့ကြပြီး ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ လိုက်ခြင်းဖြစ်သည်ဟု အေစီမီလန်အသင်း၏ ၀ဘ်စာမျက်နှာတွင်ဖော်ပြခဲ့သည်။ တစ်နှစ်လုပ်ခ ယူရို ၄ သန်းခန့် ရရှိမည်မည့် ကာကာမှာအေစီမီလန်အသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
http://www.goal.com/en/news/11/transfer-zone/2013/09/02/4231203/official-ac-milan-sign-kaka?ICID=OP
………………………………………………………………….
ဒီမစ်ချယ်လီအား မန်စီးတီးခေါ်ယူ

မန်ချက်စတာစီးတီးအသင်းသည် အက်သလက်တီကိုအသင်း၏ နောက်ခံလူ မာတင် ဒီမစ်ချယ်လီအား ခေါ်ယူလိုက်ပြီဟုသိရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ ဒီမစ်ချယ်လီအား ပြောင်းရွှေ့ကြေး ပေါင် ၃.၅ သန်းဖြင့် ၂ နှစ်စာချုပ်ချုပ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
http://www.dailymail.co.uk/sport/football/article-2408362/Martin-Demichelis-signs-Manchester-City.html
…………………………………………………………………
အဒီဘာယောနှင့် အီကိုတိုတို့အား ကျူပီအာအလိုရှိနေ

အင်္ဂလန်ချန်ပီယံရှစ်ကလပ် ကျူပီအာအသင်းမှာ စပါးအသင်း၏တိုက်စစ်မှူး အဒီဘာယောနှင့် နောက်ခံလူဘီနွိုက် အီကိုတိုတို့အားခေါ်ယူရန် ကြိုးစားနေသည်ဟုသိရသည်။ ဒီဖိုးနှင့် လောဖ့်တတ် ရုဒ်တို့အားခေါ်ယူရန်ကြိုးပမ်းမှုမအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အဒီဘာယောနှင့် အီကိုတိုတို့ဘက်သို့ လှည့်လာခြင်းဖြစ်သည်။
Daily Mirror
………………………………………………………………….
ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ ဂျိုကိုဗစ်တက်ရောက်

ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။ တတိယအဆင့်ပွဲစဉ်အဖြစ့် ဂျိုကိုဗစ်နှင့် ပေါ်တူဂီတင်းနစ်သမား ဂျိုအာအို ဆော့စာတို့ကစားခဲ့ကြပြီး ၁ နာရီ မိနစ် ၄၀ ကြာမြင့်သည့်အဆိုပါပွဲစဉ်တွင် ဂျိုကိုဗစ်က ၆-၀၊ ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။
http://www1.skysports.com/tennis/us-open/story/29393/8902365
…………………………………………………………………..
လီနာနှင့် ဆရီနာတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ

အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်နစ်ပြိုင်ပွဲ အမျိုးသမီးစတုတ္ထအဆင့်တွင် တရုတ်တင်းနစ်မယ် လီနာမှာ ကမ္ဘာ့နံပါတ် ၁ ဟောင်း ဂျလီနာ ဂျန်ကိုဗစ်အား ၆-၃၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။ နိုင်ခြေအဆင့် ၅ ရ လီနာမှာ မေလက အီတလီနိုင်ငံရောမမြို့တွင်ပြုလုပ်ခဲ့သည့် အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျန်ကိုဗစ်အား  ရှုံးနိမ့်ခဲ့ပြီး ယခုအခါ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံမှာလည်း တစ်နိုင်ငံတည်းသူ ဆိုလိန်း စတီဖင်အား အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။ ဆရီနာမှာ ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် သြစတေးလျအိုးပင်းတွင် စတီဖင်အား ရှုံးနိမ့်ခဲ့ဖူးပြီး ယခုပွဲတွင် ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဆရီနာမှာ ယခုလက်ရှိ ယူအက်စ်အိုးပင်းချန်ပီယံလည်းဖြစ်သည်။

ကွာတားဖိုင်နယ်တွင် လီနာမှာ ရုရှားတင်းနစ်မယ် မာကရိုဗာနှင့်တွေ့ဆုံရမည်ဖြစ်ပြီး ဆရီနာမှာ စပိန်တင်းနစ်မယ် ကာလာ ဆွာရက်ဇ် နာဗာရိုနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

Leave a Reply