5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၈၊ ၂၀၁၃။
M-Media
ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

1420495_168593403339600_1900591144_n

မြန်မာပြည်မှာ Ethnic Cleansing ဆိုတာ မရှိဘူးတဲ့ ဟုတ်စ။ လူပေါင်း ရာထောင်ချီ ကို ပိုးစိုးပက်စက်သတ်တယ်။ ပြီးတော့ မွတ်စလင်မ် ပေါင်း တစ်သိန်းခွဲလောက်ကို ကိုယ့်နေထိုင်နေရာ အိုးအိမ်တွေကနေ အတင်းဆွဲချ ပြီး ရွာပြင်ထုတ်၊ အစာရေစာ ၀လင် အောင် မစားရအောင်ပိတ်ဆို့ထားတယ်။

အစားအသောက် ခိုးရောင်း တဲ့ သူ တွေ ကိုတောင် အမျိုးသား သစ္စာဖောက် ဘာညာ နဲ့ လူပုံအလယ် မှာ တိရိစ္ဆာန် ဘ၀ နဲ့ အပြစ်ပေးတယ်။ ဆေးကုသခွင့် မပေးဘဲ ဒီအ တိုင်းသေအောင် ပစ် ထားတယ်။ ပြုံးပြုံးကြီး ဒီတိုင်း ထိုင်ကြည့်နေကြတယ်။ လူတွေရဲ့ မျှော်လင့်ချက် တွေကို ရိုက်ချိုးပြီး ကမ္ဘာ့ အန္တရာယ် အကြီး ဆုံး ဘင်္ဂလားပင် လယ် အော် ထဲကို ဘာဖြစ်ဖြစ်ကွာ ဆိုပြီး ဇွတ်မှိတ် လှေစုတ်ကလေး တွေနဲ့ ထွက်ပြေး အောင် သီရိလင်္ကာက ကမ္ဘာမှာ နာမည်ပျက်နေတဲ့ ဗူးဒူးဘာလာဆင်ဟာ ဖက်ဆစ် ဗုဒ္ဓ၀ါဒီ တွေ လုပ်သလို ဗျူဟာ တွေနဲ့ စီမံကိန်း ချလုပ်နေ တယ်။

တိရိစ္ဆာန် သာသာ ဘ၀မှာ မိုးထဲလေထဲ ဒီအတိုင်းပစ်ထားတာ တစ်နှစ်ခွဲကျော်ပြီ။ ဒါလား ယဉ်ကျေး တဲ့ လူ့အဖွဲ့အစည်းဆိုတာ။ နောက်ထပ် ငါးနှစ်လား၊ ဆယ်နှစ်လား ၊ ဒီလူ တွေ ဒီအတိုင်းနေရမှာလား၊ မနေရဘူးလား ဆိုတဲ့ အာမခံချက် ခုထိ ဘာမှ ရေရေ ရာ ရာ မရှိသေးဘူး။ နေ့စဉ် သဘာဝမကျတဲ့ သေဆုံးခြင်း တွေနဲ့ တစ်ဖြုတ်ဖြုတ် သေ နေ ကြရတယ်။ ကဲဒါတွေ ထားတော့ ။

ကံကောင်းထောက်မစွာ အဲ့ဒီ ဘ၀ မရောက်ခဲ့ဘဲ ကိုယ့်အိုး ကိုယ့်အိမ် ကို မစွန့်လွှတ်ရ ဘဲ ဆက်ပြီး ဥမကွဲ သိုက်မပျက် နေထိုင်ခွင့် ရနေတဲ့ ကံကြီး သူများကိုတော့ အခု ဓါတ်ပုံ မှာ မြင်နေရသလို (Barbed Wire ) သံဆူးကြိုး အကာအရံ တွေ တားဆီးထား တဲ့ အကျဉ်းထောင် အကြီးကြီးလို ထဲမှာ ဒီလိုပဲ ဘာထူးလဲ တိရိစ္ဆာန် သာသာ ဘ၀ နဲ့ပဲ ဆက်ပစ် ထားတာ (မှတ်ချက် – ဒီလိုလူတွေက ခုနက ဒုက္ခသည် ဖြစ်သွားရတဲ့ လူတစ်သိန်းခွဲ ထဲမှာ မပါသေးဘူး။) ဒီလူတွေရဲ့ ဘ၀တွေလည်း သေနေတာပဲ ဘာထူးလဲ။ ဆေးကုသခွင့် သူတို့ မလုပ်ပေးဘူး။ အပြင်က လာကူညီလုပ်ပေးနေတဲ့ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေကို လည်း ညစ်ပတ် တားဆီး ပိတ်ပင်တာမျိုးတွေ အချိန်နှင့် အမျှခံနေရ တယ်။ နောက်လည်း အများကြီး ထောက်ပြစရာတွေ ရှိသေးနေတယ်..  ကဲပြောစမ်းပါ။ ဒီ လောက် အခြေနဲ့ကို ဒါဟာ Ethnic Cleansing မဟုတ်သေးပါဘူးလို့ ရဲရဲ ငြင်းရဲပြီ လား။

ဘော့စနီးယား စစ်ပွဲတုန်းက ပိတ်ဆို့ခံထားရတဲ့ ဆာရာယေဗို မြို့ ထဲက မွတ်စလင်မ် တွေကို ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်း မှန်မှန် ၀င်ရောက်ပြီး စားရေ ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ ပေးတာကို ဆားဗီးယန်း ချက်ထ်နစ်က် ဖက်ဆစ်ဝါဒီတွေက တောင် မပိတ်ပင်ဘဲ ခွင့်ပြုထားပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ဘူး တယ်။ အခု မြန်မာပြည်မှာ ဖြစ်နေတာတွေက Systematic Ethnic Cleansing မဟုတ်ရင် ဘာလဲ။ နိဗ္ဗာန်ရောက်ကြောင်း စတုဒီသာ ကျွေးပွဲ ကျင်းပနေတာလား။ သက္ကာရတိထ္ထိ ဆိုတာလို မောဟာမဖုံးဘဲ လူသားဆန်တဲ့ အမြင်နဲ့ ကြည့်ကြရအောင်။ ကမ္ဘာ့လူထု က ဗဟုသုတ နကန်းမရှိ၊ လူ့အန္တ နလပိန်းတုံး တွေတော့မဟုတ် ပါဘူး။

ဓာတ်ပုံ – ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာ ရိုဟင်ဂျာ မွတ်စလင်မ် ရပ်ကွက်ကြီး အား နှစ်ချီ စနစ်တကျ ၀ိုင်းပတ်ပိတ်ဆို့ထားပုံ ( ကုလသမဂ္ဂ ၀န်ထမ်းတစ်ဦး ရိုက်ကူးထားသည်)
photo credit : Soe Lwin Oo

** စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

Leave a Reply