4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၈ ၊ ၂၀၁၄
M-Media
Credit to -အောင်သန်းလွင် (UCSY)
10395845_754197054615166_7414179243339476275_n
များစွာသော ဥရောပအဆောက်အဦးတွေမှာတွေ့ရတဲ့ ထုလုံးပုံအမိုးခုံးတွေ၊ ခရိယာန်ဘုရားကျောင်းတော်ကြီးတွေက ပန်းပြတင်း တံခါးတွေ၊ပေါင်းချွန်တွေ၊ ပေါင်းကူးဘောင်တွေ၊ မီးရထားဘူတာက ခုံးမိုးတွေ စတာတွေ အားလုံးဟာ အစ္စလာမ့်ကမ္ဘာကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁ဝဝဝ ) ကျော် အရင်က အရင်းမူလ အစပြုခဲ့တာဖြစ်ပါတယ်။

ဒီထူးခြားတဲ့ ဝိသေသလက္ခဏာနဲ့ အဆောက်အဦးလက်ရာတွေကို မွတ်စလင်တွေ တည်ထွင်ခဲ့တာဖြစ်ပြီး ပိုပြည့်စုံကောင်းမွန်အောင်လည်း သူတို့ပဲလုပ်ခဲ့ကြတာဖြစ်ပါတယ် (အချို့ကို ရောမများထံမှ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သည်။)။ အဲ့ဒီပညာရပ်တွေဟာ နှစ်ပေါင်းတစ်ထောင်အရင်က စပိန်တောင်ပိုင်း၊ မြေထဲပင်လယ် စစ်စလီ (Sicily) ကျွန်းတို့ကတစ်ဆင့် ဥရောပထဲ စီးဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပညာရှင်တွေ၊ ခရူးဆိတ် စစ်သည်တွေနဲ့ ဂျေရူဆလင်ကျောင်းတော်ကို လာရောက်သူ တွေဟာ မွတ်စလင်မြို့တော်တွေဖြစ်တဲ့ ကော်ဒိုဗာ၊ ကိုင်ရို၊ ဒမစကပ် စတာတွေကို သွားလာရောက်ရှိခဲ့ကြပြီး အဆောက်အဦး ပုံစံတွေနဲ့ အကြံဉာဏ်အတွေးအခေါ်တွေကို သယ်ဆောင်သွားကြတာလည်းဖြစ်ပါတယ်။

1024px-Selimiye_Mosque,_Dome

The interior side view of the main dome of Selimiye Mosque in Edirne, Turkey.

အစ္စလာမ့် ဗိသုကာပညာဟာ လောကီလူမှုရေးဆိုင်ရာ အသွင်အပြင်လက္ခဏာတွေနဲ့ ဘာသာရေးဆိုင်ရာ အသွင်အပြင်လက္ခဏာ နှစ်ခုလုံးအပေါ်မှာ ကြီးမားကျယ်ပြန့်စွာ လွှမ်းခြုံထားပါတယ်။ ဒီလွှမ်းခြုံထားမှုဟာ အစ္စလာမ်အစပြုခဲ့တဲ့အချိန်ကနေ ယနေ့အချိန်ထိ ဆောက်လုပ်ကြတဲ့ အဆောက်အဦး ပုံစံတွေမှာပါ အစ္စလာမ့် ယဉ်ကျေးမှုပုံစံ လွှမ်းမိုးနေတာပဲဖြစ်ပါတယ်။ အစ္စလာမ့်အဆောက်အဦးတိုင်းနဲ့ အရာဝထ္ထုတွေမှာ လက်ရေးလှအတတ်ပညာ ( Calligraphy ) နဲ့ကျနလှပစွာပုံဖော်ထားတာတွေကိုလည်းတွေ့ရဦးမှာဖြစ်ပါတယ်။

Stitched Panorama

အစ္စလာမ့်ဗိသုကာပညာရပ်ဟာ မေရဘ် (Mihrab-ဗလီအတွင်း ဝတ်ပြုရာတွင် ဦးတည်ဘက်ညွှန်ပြရာအခုံးဝိုင်း)၊ တံခါးမကြီးများ၊ ပြတင်းတံခါးများ၊ မီးတိုင်များ၊ မှန်ကူကွက်များ၊ ဂျီသြမေတြီ ပုံဆန်းများ၊ ရေပန်းများ၊ ဥယျာဉ်များ စတာတွေ ကျယ်ပြန့်စွာအသုံးပြုမှုအပေါ်မှာ လွှမ်းမိုးထားပါတယ်။

10325271_754197527948452_1611564251665988058_n

Saint Basil’s Cathedral in Moscow (Onion Domes)

အလယ်ခေတ်နှောင်းပိုင်း ဂေါ့သ်သစ် ဗိသုကာလက်ရာ (Gothic Architecture) တွေရဲ့ မူလအစနဲ့ပတ်သတ်လို့ ဥရောပမှာ ပြင်းပြင်းထန်ထန် ငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်။ မွတ်စလင်ဗိသုကာ ပညာရှင်တွေက သူတို့ဆီက ဆင့်ပွားသွားတာလို့ဆိုပါတယ်။ ဒီအဆိုကို ဗြိတိန်ရဲ့ ကျော်ကြားတဲ့ ဗိသုကာပညာရှင် ဆာ ခရစ်တိုဖာ ရန်(Sir Christopher Wren) က ထောက်ခံပါတယ်။ သူဟာ ဗိသုကာ စီမံကိန်းပေါင်း (၈ဝ) ကျော်ကို တည်ဆောက်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အော်တိုမန် (Ottoman) နဲ့ မိုးဝါး(မွတ်စလင် စပိန်) ဗလီတွေကို စေ့စေ့စပ်စပ်လေ့လာပြီးတဲ့အခါမှာ ဆာ ခရစ်တိုဖာဟာ ခေတ်သစ် ဂေါ့သ်သစ် ဗိသုကာရဲ့ အရင်းအမြစ်ဟာ မွတ်စလင်ဗိသုကာတွေဆီက အစပြုခဲ့ကြောင်းယုံကြည်ခဲ့ပါတယ်။

10334419_754197717948433_4013491206212305469_n

သူက ဂေါ့သ်သစ် ဗိသုကာကို အာရဗ် ဗိသုကာ (Saracen Architecture) လို့ခေါ်သင့်ကြောင်းပြောပါတယ်။ အကြောင်းက ဂေါ့သ် (အရှေ့ဂျာမန်သားများ) တွေဟာ အနုပညာနဲ့ သင်ကြားမှုတွေမှာ စိတ်မဝင်စားပါဘူး။ အာရဗ်တွေကသာ ဂရိတွေထံမှ အမြောက်အများဘာသာပြန်ဆိုခဲ့ကြပြီး အနောက်တိုင်းက အဲ့ဒီပြန်ဆိုချက်တွေကတစ်ဆင့် အမွေအနှစ်တွေရရှိခဲ့တာဖြစ်ပါတယ်။ရောမအင်ပါယာ ကျဆုံးပြီးတဲ့အခါ ဂေါ့သ်တွေ နိုးထလာတယ်။ အဲ့ဒီနောက်သူတို့ အားလုံး(ရောမ၊ဂေါ့သ်)ကို မေ့ပျောက်ပြီး နှစ်ပေါင်းများစွာကြာမှ ပြန်ပေါ်လာတဲ့ ဗိသုကာပညာ အသစ်ဟာ မိုးဝါး(စပိန်မွတ်စလင်)တွေဆီကနေ ဆက်ခံတာပဲဖြစ်နိုင်ပါတယ်။

640px-TUNISIE_KAIROUAN_04

Dome of the mihrab (9th century) in the Great Mosque of Kairouan also known as the Mosque of Uqba, in Kairouan, Tunisia

ဆာ ခရစ်တိုဖာက” ဒါတွေအားလုံးဟာ ဥရောပကို စပိန်ကနေတစ်ဆင့်ဝင်ရောက်လာတာသာဖြစ်ပါတယ်။ မွတ်စလင်တွေ တန်ခိုးကြီးပြီး လွှမ်းမိုးမှု အထွတ်အထိပ်ရောက်တဲ့အခါ သူတို့ဟာ အတွေးအခေါ်ပညာ၊ သင်္ချာ၊ ရူပဗေဒ၊ ကဗျာစာပေ စတာတွေကိုလေ့လာကြပါတယ်။ နိုးကြားနေတဲ့ သူတို့ဟာ လေ့လာသင်ကြားမှုကို မြတ်နိုးပြီး ဂရိပညာရပ်တွေကို အာရဗီ ဘာသာနဲ့ပြန်ဆိုပါတယ်။ အဲ့ဒီစာပေတွေဟာ နောက်ပိုင်းမှာ လက်တင် (Latin) ဘာသာနဲ့ပြန်ဆိုခြင်းခံရပြီး ဥရောပထဲပြန့်နှံ့ခဲ့တာဖြစ်တယ်။ ”

(1001 Inventions : Muslim Heritage in Our World)

အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

“ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
==========================
ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
http://www.m-mediagroup.com/news/27979

ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
http://www.m-mediagroup.com/news/28107

ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)
http://www.m-mediagroup.com/news/28166

ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၄ (အနုပညာ)

http://www.m-mediagroup.com/news/28362

(အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်း တိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

အောင်သန်းလွင် (UCSY)

Leave a Reply