3 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
3 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
3 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
4 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
4 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
4 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
4 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
4 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၂၊ ၂၀၁၄
လမင်း

ရန်ကုန် ။      ။  ရန်ကုန်မြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အနောက်ပိုင်း ခရိုင်လုံး ဆိုင်ရာပြည်သူများမှ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆန္ဒဖော် ထုတ်သွားမည် ဖြစ်ကြောင်းကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူမျာက မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

11

ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗဟန်းမြို့နယ် မြေနီကုန်းပန်းခြံတွင် စုရပ်လုပ်ပြီး ပြည်သူများနှင့် မြို့နယ်အလိုက် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်း ၃၀ ကျော်မှ ဗိုလ်စိန်မှန် အားကစားကွင်းဆီသို့ ချီတက်လာကြပြီး ထိုအားကစားကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး
ဟောပြောပွဲများ ၊ ဖျော်ဖြေပွဲများကို ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

“ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးဟာ ပြည်သူတစ်ဦးတစ်ယောက်ကိုမှ အကာအကွယ် ပေးထားတာမျိုး မရှိပါဘူးဆိုတာ ပြည်သူတွေကို သိစေချင်ပါတယ်။ စဆွဲကတည်းက နာဂစ်အပြီး ပြည်သူတွေရဲ့ မျက်ရည်ကိုမငဲ့ပဲ ထောက်ခံခိုင်းခဲ့တာ။ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေပြန်ရနိုင်အောင်လို့
ယခုလိုတွေ ပြုလုပ်နေရခြင်းဖြစ်ပါတယ်” ဟု ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သုံးသပ်ပြောကြားသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်တစ်ဦး၊ ၈၈ ပွင့်လင်းငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တစ်ဦး၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပညာရှင်များမှ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ဟောပြောသွားမည်ဖြစ်သည်။

“တိုင်းသူပြည်သားတွေအားလုံး တန်းတူညီမျှမှုရရှိဖို့က ဒီဖွဲ့စည်းပုံကိုပြင်မှဖြစ်မှာပါ။ ကျွန်တော်တို့က ပြည်သူတွေဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ထဲလည်းဝင်ပြင်လို့မရဘူး။ ဒါကြောင့် လွှတ်တော် ပြင်ပကနေပဲ ပြည်သူ့အသံကို သိအောင် ယခုလို ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်နေရခြင်း ဖြစ်ပါတယ်” လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသူရိန်က ဆိုသည်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အရှေ့ပိုင်ခရိုင်း၊ တောင်ပိုင်းခရိုင်လုံး ဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲများကိုပြုလုပ်ပြီးပြီဖြစ်ပြီး ယခု အနောက်ပိုင်းခရိုင် ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။ ဆက်လက်ပြီး မြေက်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲ စီစဉ်ရန်ရှိပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးအနေနှင့်လည်း ပြုလုပ်ရန်ရှိကြောင်း သိရသည်။

Leave a Reply