5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ၊ ၇ ရက်၊ ၂၀၁၂

မဇ္ဈိမ

နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့လာရန် ရွေးချယ်စေလွှတ်မည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မူဆလင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Marzuki Alie က ဆိုသည်။

“ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (နိုင်ငံခြားရေးရာ) လွှတ်တော်ကော်မတီနဲ့ ကျနော် ဆွေးနွေးပါမယ်” ဟု အင်ဒိုနီးရှား လွှတ်တော်ဥက္ကဋ္ဌ Marzuki အား ကိုးကား၍ The Jakata Post သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

“မူဆလင် လူ့အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ဟာ သူတို့အတွက် တိုက်ပွဲဝင်ရပါ့မယ်။ ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု Marzuki Alie က ဖြည့်စွက်ပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက် လေ့လာသွားခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး ထိုလုပ်ငန်းအတွက် နေပြည်တော်ရှိ လွှတ်တော်အား တာဝန် ပေးအပ်သင့်ကြောင်း အကြံပြုသွားခဲ့သည်။

ထို့ပြင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC ခေါ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီးကလည်း အချက်အလက် စူးစမ်းရှာဖွေရေး မစ်ရှင်တခုအား မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းတို့ စေလွှတ်မည့် အချက်အလက်ရှာဖွေရေး မစ်ရှင်အား လက်ခံခွင့်ပြုရန် မြန်မာအစိုးရအား နားချပြောဆို မည်ဟုလည်း OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဆိုသည်။

ဇူလိုင်လအတွင်းက လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Ansar Burney Trust International မှ ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် Ansar Burney နှင့်အဖွဲ့အား မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ် ခံခဲ့ရဖူးသည်။ ထိုစဉ်က လန်ဒန်ရှိ မြန်သံရုံးက စာနယ်ဇင်းသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များကို ရခိုင်ပြည်နယ် သို့ ၀င်ခွင့်မပေးဟု Ansar Burney အား အကြောင်းပြန်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အတွင်း နှစ်ဘက် သေဆုံးမှုစာရင်းကို အစိုးရက တရားဝင် ထုတ်ပြန်ရာတွင် စုစုပေါင်း ၈၀ ထက် မပိုသော်လည်း ၎င်းမှာ “အလွန်အကျွံ လျှော့တွက်ထားခြင်းမျှသာ” ဖြစ်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW)က သတ်မှတ်သည်။

ပါကစ္စတန် ဆွန်နီ မူဆလင်ကောင်စီတခုဖြစ်သည့် (SIC)ကလည်း ကရာချီမြို့တွင် တနင်္လာနေ့က ဆန္ဒပြပွဲတခု ပြုလုပ်၍ မြန်မာနိုင်ငံအတွင်း မူဆလင်များ သတ်ဖြတ်ခံနေရမှုကို ရှုံချပြီး ထိုသွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် OIC နှင့် မူဆလင်နိုင်ငံများအား ထိရောက်သောကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် ပါကစ္စတန်ရှိ Jamiat-e-Ulemah Pakistan ပါတီကလည်း မြန်မာပြည် ရိုဟင်ဂျာအရေး တနိုင်ငံလုံး ဆန္ဒပြပွဲ၊ ချီတက်ပွဲများကို သောကြာနေ့တွင် ဆင်နွှဲကြရန် ဆော်သြထားသည်။

ပြင်သစ် ဒု-နိုင်ငံခြားရေးဝန်ကြီး Vincent Floreani ကလည်း ရခိုင်ပြည်နယ်အတွင်း အခြေအနေနှင့် ပတ်သက်၍ “လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ်မှာ စိုးရိမ်ဖွယ်ရာ အကြမ်းဖက် အပြုအမူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ နိုင်ငံသားအားလုံးအပေါ်မှာ ခွဲခြားဆက်ဆံမှုမပြုဘဲ အကာအကွယ်ပေးဖို့နဲ့ မတရားပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်များကို တောင်းဆိုလိုပါတယ်” ဟု တနင်္လာနေ့က ပြောဆိုလိုက်သည်။

ထိုသို့ ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ တောင်းဆိုနေကြစဉ် အတွင်းမှာပင် ကျောက်တော်မြို့နယ်အတွင်း အကြမ်းဖက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပွားလာကာ လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းတုံး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရအရာရှိအား ကိုးကား၍ AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

Leave a Reply