4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
5 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၁ ၊ ၂၀၁၂

ကိုအင်းဝ

ကျွန်တော်တွေးမိပါသည်။ မြစ်တွေဘာကြောင့် ကွေ့ ကောက်ရသနည်း။ ရေဆိုတာ ကြည်လင်တဲ့အရာ သန့် စင်တဲ့အရာ အဲဒီလိုကြည်လင်သန့်စင်တဲ့ ရေတွေ တစ်စုတစ်ဝေးတည်း စီးဆင်းသွားကြခါမှ ဘာကြောင့် ကွေ့ ကောက်သွားရပါသနည်း။ တကယ်တော့မြင့်ရာမှနိမ့်ရာသို့စီးဆင်းတဲ့ရေဟာပထ၀ီအနေအထားရကုန်းမြင့်တွေကို ရှောင်ရှားရင်း မလွှဲမသာမရှောင်သာ ကွေ့ ကောက်လိုက်ရခြင်း ဖြစ်ပါလိမ့်မည်။

မြစ်တွေဟာ ကွေ့ ကောက်တယ်။
မိန်းမတွေဟာ ကွေ့ ကောက်တယ်။
ကျွန်တော်ကလည်း မဖြောင့်တန်းခဲ့ဘူး။

ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ်ထဲကဖြစ်သည်။ တကယ်တော့ မြစ်တွေ ကွေ့ ကောက်ကြသလို လူမိန်းမတို့  ကွေ့ ကောက်ကြသလို လူယောက်ျားတို့  မကျော်ဖြတ်နိုင်သဖြင့် ကွေ့ ကောက်လိုက်ရခြင်းဖြစ်မည်။ လူတွေက အတ္တကျောက်ဆောင်၊ လောဘပင်လယ်ထဲ လိုလိုလားလား ရွက်လွှင့်ရာမှ ကွေ့ ကောက်လိုက်ရခြင်း ဖြစ်လိမ့်မည်။

ဤလောဘသည်ကား လူသားတို့  စိုက်ပျိုးထားသော မာယာတောများ အပြိုင်းပြိုင်းထနေ၏ ။ ထိုမာယာတောများ ကိုပင် လူသားတို့  မြေဆီကျွေးကြ၏။ ရေလောင်းပေါင်းသင်ကြ၏ ။ ထိုသို့ ဖြင့် ဤလောကတွင် သက်စောင့်ဆေးထက် အဆိပ်ခွက်များ ပိုမို၍ ဝေစည်လာကြ၏ ။ နဂိုလှပြီးသားလောကသည် လူတို့ ၏အတ္တခြေသံ မာယာလက်ချက်များကြောင့် တဖြည်းဖြည်း အကျည်းတန်စပြုလာပြီဖြစ်သည်။

As you sow, So shall you reap.

ဤလောကသည် သင်ပျိုးကြဲခဲ့သမျှ သင်ပြန်လည် ရိတ်သိမ်းရမည်ဖြစ်သည်။ ပိတောက်စိုက်သူသည် ပိတောက်ရနံ့ ကို ရှုရှိုက်ရပြီး ပဒိုင်းပင်စိုက်သူသည် ပဒိုင်းသီးရနံ့ သာ ရှုရှိုက်ရမည်ဖြစ်သည်။ သင်အားကိုးတကြီး ကာရံခဲ့သော မာယာစည်းရိုးများသည်ကား သင်၏အတိတ်၊ ပစ္စုပန်၊အနာဂတ်တို့ အတွက် သက်လုံကောင်းသော အကာအကွယ်များ မဖြစ်ခဲ့ပါ။ တကယ်တော့ ထိုမာယာသည် အတ္တမြစ်ကြီး၏ အကိုင်းအလက်မြစ်လက်တက်ငယ်မျှသာ ဖြစ်၏။

ထိုအတ္တကြောင့်ပင် တောရိုင်းဝါဒ(၀ါ) ကြီးနိုင်ငယ်ညှင်းဝါဒကြီး ပေါ်လာခဲ့သည်။လူကမြွေကိုကြောက်၏။ မြွေက ပင့်ကူကို ကြောက်၏။ ပင့်ကူကားလူကိုပြန်ကြောက်၏။ တကယ်တော့ ဤလောက၌ ပြီးပြည့်စံသောညီမျှခြင်းများရှိ၏။ မြင်သာသော ညီမျှခြင်းများနှင့် မမြင်သာသောညီမျှခြင်းများသာ။ လူသည် လူလူချင်းလှည့်စား၏။ ကမ္ဘာကြီးကိုလှည့်စား ချင်လာ၏။ စကြ၀ဠာကြီးကိုပင် လှည့်စား၏။ ယုတ်စွအဆုံး ကိုးကွယ်ရာအရှင်ကိုပင် လှည့်စားလာ၏။

တစ်ခါတုန်းက အရှေ့ အလယ်ပိုင်းဒေသရှိ နိုင်ငံတစ်ခုတွင် ကုလားအုတ်မွေးသူတစ်ဦး ရှိခဲ့၏။ တစ်နေ့ တွင် ကုလားအုတ်များအနက်မှ အလှဆုံးအကြီးဆုံးကုလားအုတ် တစ်ကောင် ပျောက်သွား၏။ ပတ်ဝန်းကျင် ရွာနီးစပ်၌ ရှာတော်လည်း မတွေ့ ။ ကန္တာရတစ်ခွင် ပြဲပြဲစင်အောင် ရှာသောလည်းမတွေ့ ။ ပိုင်ရှင်မှာရှာမရသည့်အဆုံး စိတ်ညစ်လာ၏။ လူသားပီပီလွန်စွာမှ နှမြောလာ၏။ ကြံရာမရသည့်အဆုံး ဘုရားထံဆုပန်သည်။ “ အို- အရှင် ၊ထိုကုလားအုတ် ပြန်ရှာတွေ့ 

လျှင် တန်ဖိုးငွေ၏ ဆယ်ပုံတစ်ပုံဖြစ်သော ဒီနာငွေတစ်ဆယ်ဖြင့် ရောင်းချပါမည် ” ဟု ဘုရားသခင်ထံ ကိုးလိုက်၏။

ထိုသို့  ဆုပန်ပြီး မကြာမှီအချိန်မှာပင် ကုလားအုတ်အားရှာတွေ့ သွား၏။ ကုလားအုတ်ရှာတွေ့ ၍ ၀မ်းသာသွားသော်လည်း ရုတ်ချည်းပင် ပြန်လည်ဝမ်းနည်းသွားတော့၏။ တစ်ရာတန်သောကုလားအုတ်အား တစ်ဆယ်ဖြင့်ရောင်းရတော့မည်။ ဘုရားသခင်ထံ ဆုပန်မိသည်မှာ မှားများမှားသွားလေပြီလားဟု တွေးမိ၏။ တစ်ဖန် ဘုရားသခင်အမိန့် ကြောင့်သာလျှင် ပြန်လည်ရှာတွေ့ ခြင်းဖြစ်သည်ဟုလည်း ယုံကြည်၏။

လောဘနှင့်ဓမ္မ သူ့ ရင်ထဲ လုံးထွေးသတ်ပုတ်နေ၏။ ကတိပေးထားသည့်အတိုင်း ဒီနာငွေတစ်ဆယ်ဖြင့် ရောင်းရင်လည်း ဒီနာငွေ ၉၀ တောင်နာလိမ့်မည်။ ပြီးတော့ ကုလားအုတ်ကြီးကလည်း ၀၀ဖြီးဖြီး။ အကယ်၍ ဒီနာငွေတစ်ရာဖြင့် ရောင်းချလိုက်ပါကလည်း ဘုရားသခင်၏ အမျက်တော်ရှမည်။ ဘုရားသခင်အပြစ်ပေးပါက ဒီ့ထက်ပိုနာ နိုင်သည်။ တစ်ဆယ်ဖြင့်လည်း မရောင်းနိုင်၊ တစ်ရာဖြင့် လည်း မရောင်းရဲ။ ကတိကိုလည်း မလွန်ဆန်နိုင်၊ လောဘကိုလည်း မပယ်နိုင် ခမျာမှာ ခက်နေသည်။

သို့ သော် သူသည် လူသားဖြစ်၏။ လူသားပီပီ အခက်အခဲ ကြုံလျှင် မာယာကို အားကိုး၏။ ထိုမာယာကြောင့်ပင် အကြံတစ်ခုရလာသည်။ မကြာမီ သူသည်ဈေးသို့ သွားကာ ခြူတစ်ခုဝယ်၍ ကုလားအုတ်၌ဆွဲ၏။ တစ်ဖန်လူစည်းကားသောနေရာတွင် ကုလားအုတ်အား ချည်နှောင်ကာ အောက်ပါအတိုင်းဆိုင်းဘုတ် ချိတ်လေ၏။

ရောင်းမည်

ကုလားအုတ် ၁၀ ဒီနာ

ခြူ ၉၀ ဒီနာ

စုစုပေါင်း ၁၀၀ ဒီနာ

မှတ်ချက်။ ။ တစ်ခုချင်း ခွဲမရောင်းပါ။

 

ကိုအင်းဝ

ဆန်းဦးလ ယဉ်ကျေးမှု အနုပညာမဂ္ဂဇင်း အမှတ်(၁) မှ ကူးယူဖေါ်ပြပါသည်။

Tags:

Leave a Reply