5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၆၊ ၂၀၁၈
M-Media
မိုးစက်

ဒုက္ခသည် စခန်းမှပြောင်းရွှေ့လာတဲ့ ကမန်တိုင်းရင်းသား

ရန်ကုန်။ ။ ရခိုင်ပြည်နယ်မှ ကမန်တိုင်းရင်းသား (၅၅) စု ရန်ကုန်မြို့ကို တရားဝင်ပြောင်းရွေ့နေထိုင်ခြင်းကို ပြန်လည် သုံးသပ်ပေးနိုင်ဖို့အတွက် မတ်လ(၅) ရက်နေ့က လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်ရဲ့ ပြောစကားဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်နေပါတယ်လို့ ကမန်လူမှုဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဌဖြစ်သူ ဦးထွန်းငွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ကမန်တိုင်းရင်းသားတွေက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာလည်း ပါတယ်။ ရခိုင်လူမျိုးစု (၇) စုထဲက တစ်စုဖြစ်တယ်။ ကိုးကွယ်တဲ့ ဘာသာတရားဟာ လူမျိုးနဲ့ မဆိုင်ဘူး။ မြန်မာနိုင်ငံဟာ ပြည်ထောင်စု နိုင်ငံဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်။ သူတို့က အစ္စလာမ်ဘာသာကိုမှ ရန်ကုန်ရောက်လာရင် စိုးရိမ်စရာဖြစ်တယ်လို့ ပြောခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ပြီး နားမလည်တဲ့ သဘောမျိုးနဲ့ ပြောခြင်းဖြစ်တယ်။” လို့ ဦးထွန်းငွေက ဆိုပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ပေါက်တော ရမ်းဗြဲမြို့နယ်တွေက ကမန်တိုင်းရင်းသား (၅၅) စုကို ရန်ကုန်မြို့ကို တရားဝင်ပြောင်း ရွေ့နေထိုင်ခြင်းကို ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်က ပြောဆိုခဲ့ပါတယ်။

“ကမန်တွေက ရှေ့ကနေပြီးတော့ အပိုင်နေရာတွေကို သိမ်းလိုက်မယ်။ ဘင်္ဂါလီတွေ နောက်ကလိုက်လာမယ်။ ဒါမျိုးကိုလည်း ကြောက်ရတာပေါ့။ ပြီးတော့ စိုးရိမ်တာပေါ့။ နောက်တစ်ခုက ကမန် (၅၅) စုဆို (၅၅) စုပေါ့။ အဲ့ထဲမှာ လူ (၂၀၀ )ရှိမလား၊ (၂၀၀) ရှိရင် (၂၀၀) ပြောပေါ့။ (၅၅) စုဆိုပြီး ပြောထားပြီးတော့ အဲ့ထဲမှာ လူတွေကြိုက်သလိုထည့်နေမှာ ဒါလည်း ကျွန်တော့်အနေနဲ့ မကြိုက်ဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူးပေါ့။ ဒီလိုပဲ ကျွန်တော်သုံးသပ်တာပေါ့။” လို့ လွှတ်တော်အပြီး မီိဒီယာများနှင့် တွေ့ဆုံစဉ်မှာ ဦးမောင်မြင့်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

၎င်းက ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေကို ရခိုင်ပြည်နယ်မှာပဲ ကုတာကောင်းကြောင်းနှင့် ရန်ကုန်သို့ ပို့လိုက်မည်ဆိုပါက တစ်ပြည်လုံး ပြန့်သွားမှာဖြစ်ကြောင်းလည်း တင်ပြခဲ့ပါတယ်။ မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီအရင်ခံစာပါ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်နေတာဟာ ကွဲလွဲနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

” ကမန်တိုင်းရင်းသားတွေ ခုလိုပြောင်းလာတာကို စိုးရိမ်စရာရှိတယ်၊ ပြန်လည်သုံးသပ်ပါလို့ ပြောတဲ့ဟာကို ကျွန်တော့်အနေနဲ့က ကြိုဆိုလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမန်တိုင်းရင်းသားတွေဆီိမှာ မှတ်ပုံတင်လည်း ရှိတယ်။ တရားဝင်
သန်းခေါင်စာရင်းလည်း ရှိတယ်။ ကျွန်တော်တို့ တောင်းဆိုထားတာတွေထဲမှာ မူလနေရာကိုပြန်လည်ရရှိဖို့ဆိုတာ ပါတယ်။ မူလနေရာမှာ ဗလီတွေရှိတယ်၊ အိုးအိမ်တွေရှိတယ်။ ပြန်လည် တည်ဆောက် ပေးပါ။ ပြောနေတာ ကြာပါပြီ။ ခု လွှတ်တော်အမတ်ပြောတာက ရည်ရွယ်ချက်တစ်ခုနဲ့ ဖြစ်ချင်ဖြစ်မယ်။ ပြန်လည်ပြီး နေရာထိုင်ခင်းချပေးမယ်ဆိုရင် ကမန်တိုင်းရင်းသားတွေက ကိုယ့်နေရာ ကိုယ့်ဒေသမှာ ပြန်နေထိုင်မယ်။ တစ်ခုရှိတာက လွတ်လပ်စွာ သွားလာခွင့်ရှိရမယ်။ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် ရှိရမယ်။ တခြားနေရာတွေ သွားရင်လည်း မှတ်ပုံတင်ရှိတဲ့အတွက် တခြားတိုင်းရင်းသားတွေနည်းတူ သွားခွင့်လာခွင့် ရှိရမယ်။ အဲ့ဒါတွေ ရရင် အချိန်မရွေး ကိုယ့်နေရာတွေမှာ ပြန်နေဖို့ အဆင်သင့်ရှိပါတယ်။” လို့ ကမန်တိုင်းရင်းသားတွေ အားလုံးရဲ့ ဆန္ဒကို ကမန်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ဥက္ကဌဖြစ်သူ ဦးထွန်ငွေက ထပ်လောင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေငြာချက်မှာ ကျောက်ဖြူ ပေါက်တော ရမ်းဗြဲ မြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့ပြီးတော့ အိမ်ထောင်စုပေါင်း ၅၅ စုကို တစ်အိမ်ထောင်ကို ငွေကျပ် ၅ သိန်း လူတစ်ဦးကို ငွေကျပ် ၁ သိန်းစီနဲ့
ရန်ကုန်မြို့ကို ပြောင်းရွေ့နေထိုင်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မိမိတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေကို ထားခဲ့ပြီး ပြောင်းရွေ့လာတဲ့ ကမန်တွေဟာ ရန်ကုန်မြို့ မှော်ဘီမြို့နယ် ဘွက်ကြီးမှာ ကမန်လူမှု့ဖွံ့ဖြိုးရေးကွန်ယက် ရဲ့ အကူအညီနဲ့ မြေနေရာပေါ်မှာ ယာယီအိမ်များတည်ဆောက်ပြီး လက်ရှိနေထိုင်နေကြတာဖြစ်ပြီးတော့ ပြောင်းရွေ့လာတဲ့ အချိန်မှစပြီး ယနေ့တိုင် အစိုးရအကူအညီ တစ်စုံတစ်ရာမျှ မရရှိဘဲ မိမိတို့ဘာသာ အဆင်ပြေသလို ရပ်တည်နေနေရတယ်လို့လည်း သိရပါတယ်။

Tags:

Comments are closed.