5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၊ ၂၀၁၉
M-Media

ဘဂ္ဂဒါဒီ နောက်ဆုံး ပုန်းအောင်းခဲ့ရာနေရာ

-ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ သေဆုံးကြောင်း IS အကြမ်းဖက်အဖွဲ့က အတည်ပြုလိုက်ပြီး အဘူ အီဘရာဟင် အလ်-ဟာရှီမီ အလ်-ကူရိုက်ရှီကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့တစ်ပတ် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘဂ္ဂဒါဒီကို ဖမ်းဆီးရေး စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး ဘဂ္ဂဒါဒီကတော့ အသေခံဗုံးခွဲကာ သတ်သေသွားခဲ့ပါတယ်။

IS အကြမ်းဖက်အဖွဲ့က Telegram ကနေတစ်ဆင့် မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘဂ္ဂဒါဒီနဲ့ သူ့ရဲ့ညာလက်ရုံး အဘူ အလ်-ဟာဆန် အလ်-မူဟာဂျီရ်တို့ သေဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

ဆော်ဒီနိုင်ငံသားဖြစ်တဲ့ အလ်-မူဟာဂျီရ်ဟာ ဘဂ္ဂဒါဒီနေရာကို ဆက်ခံမယ့်သူလို့ နာမည်ကြီးပြီး ဘဂ္ဂဒါဒီသေဆုံးပြီးနောက် ဆီးရီးယားနိုင်ငံ အခြားတစ်နေရာမှာ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

ခေါင်းဆောင်သစ်အဖြစ် အဘူ အီဘရာဟင် အလ်-ဟာရှီမီကို တင်မြှောက်ကြောင်း IS က ကြေငြာခဲ့သလို အလ်-မူဟာဂျီရ်နေရာကို ဆက်ခံတဲ့ အဘူ ဟမ်ဇာ အလ်-ကိုရိုက်ရှီကလည်း IS အဖွဲ့ကို သစ္စာခံဖို့ မွတ်စလင်တွေအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

အလ်-ဟာရှီမီဟာ IS ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ကြောင်း ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ရင်းမြစ်တွေမှာ မှတ်တမ်းရှိနေပြီး IS ကတော့ ဂျီဟတ်လှုပ်ရှားမှုမှာ အလ်-ဟာရှီမီဟာ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ကာ အရင်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်နဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

Ref: BBC

Tags:

Comments are closed.