5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၁၊ ၂၀၂၁
M-Media

ရော်နယ်ဒိုနှင့် ဘီကန်

ဥရောပစူပါလိဂ် အစီအစဉ်ကို ဖီဖာက ပြင်းပြင်းထန်ထန် ကန့်ကွက်

‘ဥရောပစူပါလိဂ်’ မှာ ပါဝင်တဲ့ အသင်းတွေ၊ ကစားသမားတွေကို မိမိတို့ရဲ့ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက မနေ့မှာ သတိပေးလိုက်ပါတယ်။

ဘာစီလိုနာ၊ ရီးယဲလ်နဲ့ ပရီးမီးယားလိဂ် အသင်းတစ်ချို့အပါအဝင် ဥရောပက အသင်းကြီးတွေ စုပေါင်းပြီး ဥရောပစူပါလိဂ်ကို ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားတာပါ။ ဒီအတွက် ဆွေးနွေးမှုတွေလည်း ပြန်လုပ်နေပါတယ်။

ဖီဖာလက်အောက်ခံ တိုက်ကြီး ၆ တိုက်ရဲ့ ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေက လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ မနေ့က ကြေငြာချက်မှာ ဥရောပစူပါလိဂ်ကို မိမိတို့က ​အသိအမှတ်ပြုမှာမဟုတ်ကြောင်း၊ ဘောလုံးပြိုင်ပွဲတွေကို သက်ဆိုင်ရာ ဒေသတွေက ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ခွင့်ပြုချက်နဲ့သာ ကျင်းပရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ခရစ္စတီယာနိုင်ရော်နယ်ဒို ကမ္ဘာ့ဂိုးအများဆုံးသွင်းသူဖြစ်လာဟု မီဒီယာများ ဖော်ပြ

ဂျူဗင်တပ်စ်အသင်းဗိုလ်စွဲတဲ့ မနေ့က စူပါဖလားမှာ တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးခရစ္စတီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြပါတယ်။

ကစားသမားတစ်လျှောက် ရော်နယ်ဒိုရဲ့သွင်းဂိုးဟာ ၇၆၀ ရှိလာပြီဖြစ်ပြီး စပို့တင်းလစ္စဘွန်းမှာ ၅ ဂိုး၊ မန်ယူမှာ ၁၁၈ ဂိုး၊ ရီးယဲလ်မက်ဒရစ်အတွက် ၄၅၀၊ ဂျူဗင်တပ်စ်အတွက် ၈၅ ဂိုး၊ နိုင်ငံအသင်းအတွက် ၁၀၂ ဂိုး သွင်းယူပေးထားတာပါ။

ဒါ့ကြောင့် သူ့ရဲ့သွင်းဂိုးဟာ ၇၆၀ ဂိုးရှိပြီး ချက်ဂန္တဝင်ကစားသမား ဂျိုးဆက်ဖ် ဘီကန်ရဲ့ ၇၅၉ ဂိုး စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချို့ဘောလုံးမှတ်တမ်းတွေအရတော့ အရန်အသင်းနဲ့ အပျော်တန်းအသင်းတွေမှာ သွင်းတဲ့ဂိုးတွေကို ပေါင်းလိုက်ရင် ဘီကန်ရဲ့ စုစုပေါင်းဂိုးဟာ ၈၀၅ ဂိုးရှိပြီး၊ ဘရာဇီးလ်က ရိုမာရီယိုနဲ့ ပီလီတို့ကလည်း ၇၇၂ ဂိုး ၇၆၇ ဂိုး အသီးသီး သွင်းယူထားတယ်လို့ သိရပါတယ်။

အနာဂတ်ကို မိမိမပိုင်ဟု လမ်းပတ်ပြော

မိမိရဲ့အနာဂတ်ဟာ အသင်းဘုတ်အဖွဲ့ပေါ်မှာသာ မူတည်တယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က ပြောကြားလိုက်ပါတယ်။

ဒီတစ်ပတ် လက်စတာကိုအရှုံးဟာ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲမြောက်အရှုံးဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၅ မှတ်အကွာ အဆင့် ၈ နေရာကို ရောက်သွားပါတယ်။ ​

ပွဲအပြီး​ အနာဂတ်အတွက် မေးမြန်းရာမှာတော့ လမ်းပတ်က မိမိအနာဂတ်ကို မိမိမပိုင်ကြောင်း၊ အသင်းစကိုင်ကတည်းက ခက်ခဲမယ်ဆိုတာကို သိရှိခဲ့ပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်စတာနဲ့ရှုံးပွဲအတွက် လမ်းပတ်က ကစားသမားတွေကို အပြစ်တင်ခဲ့ပါတယ်။

Ref: Goal

Comments are closed.