5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၅၊ ၂၀၂၁
M-Media

-မြန်မာနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား တစ်သောင်းလောက် ရွှေလီနယ်စပ်ကနေ ပြန်ဝင်ဖို့ စောင့်ဆိုင်းနေတယ်လို့ တရုတ်အစိုးရ အာဘော်သတင်းစာဖြစ်တဲ့ Global Times က ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ကူးစက်မှု၊ အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံသားတွေ တရားဝင်နေထိုင်ဖို့ ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား နေရပ်ပြန်လာတာဟာ ဇွန်လကတည်းက မရပ်တော့ဘူးလို့ ရွှေလီအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကောက်ခွန်ဌာနက ၀န်ထမ်းတစ်ဦးကလည်း ရွှေလီနယ်စပ်မှာ နိုင်ငံထဲပြန်ဝင်ဖို့ စောင့်နေတဲ့ တရုတ်နိုင်ငံသားအရေအတွက်က အကြမ်းဖျင်း တစ်သောင်းလောက်ရှိပြီး၊ တင်းကြပ်တဲ့ စီစစ်မှုတွေကြောင့် သောင်တင်နေကြတယ်လို့ ဆိုပါတယ်။

“တစ်ရက်ကို ၁၀၀ လောက်ပဲ ရွှေလီကို ပေးဝင်တယ်။ အဲဒီလူတွေကို ကိုဗစ်ချက်ခြင်းစစ်ပြီး ပေါ့စတစ်ဖြစ်ရင် ကုသတဲ့စင်တာကိုပို့ကာ နက်ဂတစ်ဆိုရင်တော့ ကွာရန်တင်းစင်တာကို ပို့ပါတယ်”

တရုတ်အစိုးရဟာ နိုင်ငံကနေ တရားမဝင်ထွက်သွားတဲ့သူတွေ မှတ်ပုံတင်ဖို့ ပြည်နယ်တိုင်းမှာ နောက်ဆုံးရက်တွေ သတ်မှတ်ပေးထားပြီး၊ အဲဒီ့ရက်အတွင်း မှတ်ပုံတင်ရင် ပြစ်ဒဏ် လျှော့ပေါ့အရေးယူမယ်လို့ ကြေငြာထားပါတယ်။

တရုတ်နယ်စပ် အကောက်အခွန်ဝန်ထမ်းတစ်ဦးက မြန်မာနိုင်ငံကနေ ဝင်လာမယ့်လူတွေဟာ ရွှေလီရဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်မှုလုပ်ငန်းကို ဖိအားဖြစ်စေသလို၊ မြန်မာနိုင်ငံကနေ ပိုးတွေဝင်လာမယ့် အန္တရာယ်၊ ပြည်တွင်းကူးစက်မှုအန္တရာယ်ကို မြင့်တက်စေကာ၊ ကွာရန်တင်းစီမံမှုကို ခက်ခဲစေတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ကိုဗစ်ဝင်တယ်လို့ဆိုကာ တရုတ်က ရွှေလီနယ်စပ်ကို ပိတ်တာမျိုးတွေ အရင်က လုပ်ဖူးပါတယ်။

Ref: Global Times

Comments are closed.