5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၇၊ ၂၀၂၁
M-Media

-မက္ကာမြို့မှာရှိတဲ့ မြင့်မြတ်ရာ မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်မှာ အောက်တိုဘာ ၁၇ ရက်နေ့က စတင်ပြီး လူအပြည့် ဝတ်ပြုဆုတောင်းခွင့် ရတော့မှာ ဖြစ်ပါတယ်။

ကိုဗစ်အကြီးအကျယ်ပြန့်နှံ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကစလို့ ဆော်ဒီအာဏာပိုင်တွေဟာ မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်လုံးကို ပိတ်ထားပြီး၊ နောက်ပိုင်းမှာ ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းတွေနဲ့ ကန့်သတ်လူဦးရေကို ဝတ်ပြုခွင့်ပေးခဲ့ပါတယ်။

မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာတော့ ခပ်ခွာခွာနေရေး စည်းမျဉ်းကို ဖယ်ရှားလိုက်ပြီး လူ့အပြည့် ဝတ်ပြုနိုင်တော့မှာဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် ဝန်ထမ်းတွေဟာ မနေ့က ၁ မီတာစီခြားထားတဲ့ ခြေရာစတစ်ကာတွေကို ပရ၀ုဏ်အတွင်းကနေ ဖယ်ရှားခဲ့ပါတယ်။

ဝတ်ပြုဆုတောင်းလိုသူတွေဟာ Tawakkalna နဲ့ Eatmarna လို့ အက်ပလီကေးရှင်းတွေကနေ ဘိုကင်လုပ်ရမှာဖြစ်ပြီး နှာခေါင်းစည်းတပ်တာလို ကိုဗစ်စည်းမျဉ်းတစ်ချို့ကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျဟာ ကိုဗစ်ကန့်သတ်ချက်တွေကို တစ်ဖြည်းဖြည်း ဖြေလျှော့ပေးနေပြီး လူစုလူဝေးလုပ်ခွင့် ပိတ်ထားတာကို ဖယ်ရှားပေးထားသလို ပြင်ပတစ်ချို့နေရာတွေမှာ နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်းကိုလည်း ဖယ်ဖျက်ပေးလိုက်ပါတယ်။

Ref: Arab News

Comments are closed.