6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၃၊ ၂၀၂၁
M-Media

-အမေရိကန် ဂျာနယ်လစ်ကို နှစ်ရှည်ထောင်ဒဏ်ချလိုက်တာဟာ စစ်ကောင်စီက မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်နေမှုရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ် ဘာချလက်က ပြောပါတယ်။

Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင်အသင်းအဖွဲ့ ဆက်သွယ်မှုဥပဒေတွေနဲ့ မနေ့က ထောင်ဒဏ် ၁၁ နှစ် ချလိုက်ပါတယ်။ ဖန်စတာဟာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထပ်မံ တရားရင်ဆိုင်ရအုံးမှာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မီဒီယာလွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်ခဲ့ပြီး လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်သိမ်းတာ၊ ရာနဲ့ချီတဲ့ မီဒီယာသမားတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဘာချလက်က ဖက်ဆီးထားတဲ့ ဂျာနယ်လစ်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုခဲ့ပါတယ်။

“ဖေ​ဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ပြီး ဂျာနယ်လစ်တွေ တိုက်ခိုက်ခံရတယ်။ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်အာဏာရှင် တွန်းလှန်မှုတွေ ဖော်ထုတ်တင်ပြဖို့ ဂျာနယ်လစ်တွေရဲ့ ကြိုးပမ်းမှုကို စစ်ခေါင်းဆောင်တွေဟာ ပေါ်ပေါ်ထင်ထင်ပဲ ဖိနှိပ်လာပါတယ်။ အရင် စစ်အာဏာရှင်တွေလက်ထက်က မြင်ခဲ့ရတဲ့ သတင်းထိန်းချုပ်မှု၊ ဆင်ဆာဖြတ်မှုနဲ့ ဝါဒဖြန့်မှု ပုံစံကိုအလျင်အမြန်ပဲ ပြန်ရောက်သွားပါတယ်”

စစ်ကောင်စီက အခုအချိန်အထိ ဖမ်းဆီးထားတဲ့ ဂျာနယ်လစ်ပေါင်း ၄၇ ဦးရှိပြီး၊ ၂၀ က ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

ဖန်စတာကို တံခါးပိတ် ကြားနာစစ်ဆေးတာမျိုးဟာ မျှတတဲ့ တရားစီရင်မှု မဟုတ်သလို၊ မီဒီယာဖိနှိပ်မှုကြောင့် လွတ်လပ်ပြီး တိကျတဲ့ သတင်းအချက်အလက်ပေါ် မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းမှာ မလုံခြုံမှု တိုးလာစေတယ်လို့လည်း ဘာချလက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဂျာနယ်လစ်တွေကို ဖိနှိပ်ညှင်းပမ်းတာ၊ အင်တာနက်ပိတ်တာ၊ လွတ်လပ်စွာ အွန်လိုင်းသုံးစွဲမှုနဲ့ အချက်အလက်ရယူနိုင်မှုကို ကန့်သတ်တာတွေကြောင့် အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေ ရရှိဖို့ ခက်ခဲလာပါတယ် ”

Ref: Reuters

Comments are closed.