5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၂၂
M-Media

သတ်ဖြတ်မှုအတွက် သံသယရှိသူများ

-ကနေဒါအလယ်ပိုင်း ဆက်ကက်ချီ၀မ်ပြည်နယ်မှာ ဓားထိုးမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အနည်းဆုံး နေရာ ၁၃ ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူက ၁၅ ဦး ရှိပါတယ်။ ကျူးလွန်တဲ့သူတွေဟာ ဒါမီယန် ဆန်ဒါဆန်နဲ့ မိုင်လက်စ် ဆန်ဒါဆန်တို့ဖြစ်ပြီး လက်နက်တွေ ကိုင်ဆောင်ထားကာ လက်ရှိမှာ ထွက်ပြေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လွတ်မြောက်နေသူတွေဟာ အန္တရာယ်ရှိတာကြောင့် မိမိတို့ အိမ်တွင်းမှာသာ နေထိုင်ဖို့ ပြည်နယ်အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ မြို့နယ်တစ်ချို့မှာ အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

ကနေဒါမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ဒီလို သတ်ဖြတ်မှု အမြောက်အများ ကျူးလွန်တာမျိုး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

၀န်ကြီးချုပ် ဂျက်စတင် ထရူဒူကလည်း ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုမျိုးအတွက် ၀မ်းနည်း ကြေကွဲရပါတယ်။ ကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက် မရောက်ရောက်အောင် ခေါ်လာမှာပါ”

Ref: BBC

Tags:

Comments are closed.