6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အာရပ်နိုင်ငံများကို စပိုင်လုပ်ဖို့ အစ္စရေး သိပ္ပံပညာရှင်များ ထရိန်နင်ပေးထားတဲ့ လင်းတငှက်တစ်ကောင်ကို အရှင် ဖမ်းမိကြောင်း ဆော်ဒီအာရေဗီယ လုံခြုံရေးအဖွဲ့က ယခုအပတ်တွင် ပြောခဲ့သည်။

အစ္စရေး သိပ္ပံပညာရှင်များက အာရပ်နိုင်ငံများကို ထောက် လှမ်းဖို့ လင်းတများကို ထရိန်နင်ပေးနေပြီး၊ ယခု လင်းတကို ဆော်ဒီနိုင်ငံ Hayel ကျေးလက် မြို့လေးအနီးတွင် ဖမ်းမိ ထားခြင်း ဖြစ်သည်။ လင်းတရဲ့ အတောင်ပံ တစ်ဖက်တွင် အစ္စရေး တဲလ်အဗစ် တက္ကသိုလ် အမှတ်အသား တံဆိပ်လေး ပါရှိသည်။

လင်းတများမှာ လူရွှေ့ပြောင်းမှု (migration) ကို လေ့လာဖို့သာဖြစ်ကြောင်း အစ္စရေး သိပ္ပံပညာရှင်များက ပြောသော်လည်း၊ ဆော်ဒီမီဒီယာက ဂျူးတို့ရဲ့ ‘ဇီယွန်ဝါဒ လျှို့ဝှက်ကြံစည်မှု’ တစိတ်တပိုင်း ဖြစ်ကြောင်း ပြောဆိုသည်။ ဆော်ဒီ ၀ဘ်ဆိုဒ်များကတော့ ငှက်များကို အစ္စရေး ထောက်လှမ်းရေးက စပိုင်လုပ်ခိုင်း နေခြင်း ဖြစ်ကြောင်း ဖော်ပြကြသည်။

အစ္စရေး တဲလ်အဗစ် တက္ကသိုလ် သုတေသနဌာနက လင်းတများနှင့် လေ့လာမှုစလုပ်ကတည်းက ငှက်များမှာ ဆော်ဒီကို ရောက်ရှိ ပျံဝဲနေခဲ့ကြောင်း၊ သို့သော် အများစုမှာ သေဆုံးသွားပြီလို့ ယူဆရကြောင်း ပြောသည်။ ယခု လင်းတတစ်ကောင်သာ အချိန်ကြာ ကောင်းကင်တွင် ပျံဝဲနေခဲ့ကြောင်း ပြောသည်။ ထို ဇီယွန်ဝါဒီ လင်းတက သတင်းအချက်အလက်နှင့် ဓါတ်ပုံအတော်များများ အစ္စရေးကို ပေးပို့နိုင်ခဲ့ကြောင်း အစ္စရေး ပညာရှင်များက ၀န်ခံကြသည်။

သတင်း FP

မောက္ခ ဆိုဒ်မှကူးပါသည်။

One Comment

  1. သူတိုကို ကဘ္မာကျော်လူလိမ်ကြီးများစာရင်းထဲ ထည့်ရမယ်။

Leave a Reply