5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဂျာမနီမြောက်ပိုင်း Hamburg, Bremen မနီးမဝေး Boesel နှင့် Utersen ရွာကလေးတွေရှိ Harles Und Jentzsch ကုမ္ပဏီပိုင် တိရိစ္ဆာန် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှနေ အသားတိုးအောင် အတွက်လား မသိ၊ စက်ရုံတွေမှ စွန့်ပစ်တဲ့ အဆီတွေကို အစာတွေထဲ ထည့်သွင်း အသုံးပြုတာကြောင့်မို့ ကြက်ဥ၊ ကြက်သားနဲ့ ၀က်သားတွေမှာ Doxinအဆိပ် ၇၇%ကျော် တွေ့ရှိတာကြောင့် ဂျာမန်တွေ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြပါပြီ။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင် တွေ့ရှိခဲ့ရတဲ့ ဒီအဆိပ်မှ အစပြုကာ ယာတောပေါင်း ၅၀၀၀ကျော် ပိတ်ပြစ်ခဲ့ရပြီး တိရိစ္ဆာန်အစာ တန်ပေါင်း တစ်သိန်းခွဲ (၁၅၀ ၀၀၀)မှာလည်း အဆိပ်ရှိနေတာ တွေ့ရှိခဲ့ရပါတယ်။

စူပါမားကက်တွေနဲ့ အသားဆိုင်တွေမှာလည်း ဈေးဝယ်သူတွေက ၀ယ်ထားမိတဲ့ ကြက်ဥ၊ ကြက်သား၊ ၀က်သားတွေ ပြန်ပေးကြပြီး၊ Bio ဆိုင်တွေမှ ကြက်ဥ နဲ့ အသားတွေကိုပဲ စားသုံးနေကြပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ကြက်ဥမှာ အများဆုံးတွေ့တယ် သတင်းထွက်ရာကနေ ဒီနေ့ ထုတ်ပြန်တဲ့ သတင်းတွေ အရ ကြက်သား၊ ကြက်ဆင်သားနဲ့ ၀က်သားတွေမှာလည်း ထပ်မံတွေ့ရှိရတာကြောင့် သားသတ်ရုံတွေရှိ ကြက်၊ ၀က်များကို မီးရှို့ဖျက်ဆီးဖို့ အမိန့်ထုတ်ပြန်ကြေငြာတဲ့ အကြောင်း ကြားရပြန်ပါသေးတယ်။

အခုလောလောဆယ်တော့ အသီးအရွက်များများ စားတာပဲ အကောင်းဆုံး ဖြစ်မှာပါ။ အသားစားချင်ရင်တော့ အာရှဆိုင်တွေမှာပဲ ငါး၊ ပုစွန်တွေ ၀ယ်စားတာ ဘေးကင်းမယ်ထင်ပါကြောင်း သိသမျှလေး ရေးပြလိုက်ပါတယ်။

Dioxin အကြောင်း နည်းနည်းပါးပါး ဖတ်မိသလောက် ရေးပြရရင် ကမ်မီကယ်ကွန်ပေါင်း ၇၅ အုပ်စုထဲက ဘန်ဇင်း နဲ့ ကလိုရင်း ပါဝင်တဲ့ အုပ်စုတစ်ခုပါ။ အားလုံး မဟုတ်ပေမယ့် အချို့သာ နည်းနည်းလေး ထိမိရုံနဲ့ အဆိပ် ဖြစ်စေနိုင်ပါတယ်။ ဆီအကျွင်းအကျန်တွေနဲ့ စက်ရုံက စွန့်ပစ်ပစ္စည်းတွေကနေ Dioxin ဖြစ်ပေါ်လာလေ့ရှိပါတယ်။

အပူချိန် အရမ်းမြင့်လွန်းတဲ့ အချိန်တွေမှာရယ်၊ တောမီးလောင်ရာကနေရယ်၊ စီးကရက် သောက်ရာကနေရယ် အဆိပ် ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့် မီးအပူရှိန် အမြဲထိတွေ့နေသူတွေနဲ့ စီးကရက် ကြာရှည်စွာ သောက်သုံးသူတွေ၊ အပူပိုင်းဒေသတွေက သူတွေ ရဲ့ မျက်နှာတွေ၊ နှုတ်ခမ်းတွေမှာ အမည်းစက်တွေ ညိုမဲနေတာတွေ တွေ့ကြရတာပါ။ ထို့အပြင် ကိုယ်ခံစွမ်းအားနဲ့ အာရုံကြော၊ အသဲနဲ့ ဟော်မုန်းဖွံ့ဖြိုးမှုတွေကိုလည်း ပျက်စီးစေပါတယ်။ ကြာရှည်သုံးစွဲသူတွေ၊ ထိတွေ့သူတွေမှာ ကင်ဆာဖြစ်နိုင်ပါသေးတယ်။

အထူးသဖြင့် အဲဒီ အဆိပ်ထိတွေ့သူ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကလေးတွေမှာ အချင်းကနေ တဆင့် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဲဒီအပြင် မိခင်နို့ချိုသောက်သုံးသူ ကလေးတွေအနေနဲ့ ကိုယ်အင်္ဂါ ချို့တဲ့တာတွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။


Reference : BBC
…………….: Time
…………….: Spiegel
…………….: n-tv

(မြန်မာကျုးပစ် ဖိုရမ်မှ ကူးယူဖော်ပြသည်)

Tags: ,

Leave a Reply