4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
5 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၁၊ ၂၀၁၃

ဦးဦးမှော်ဆရာ

 

…. `ဒီအကြောင်းပြချက်မျိုးနဲ့သာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိနေသရွေ့ ခင်ဗျားတို့ သံယသရှိနေတာတွေ၊ မသေချာတာတွေကို ဘယ်တော့မှပြီးဆုံးတော့မှာ မဟုတ်´…..

နိုင်ငံသား၊ နိုင်ငံမဲ့ နှင့် ရိုဟင်ဂျာ (အပိုင်း-၁) မှာ UNHCR မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့တဲ့ သတင်း အကျဉ်းကိုဖေါ်ပြရင်း နိုင်ငံသား၊ နိုင်ငံမဲ့ နဲ့ တရားဝင်နိုင်ငံမဲ့အကြောင်းကို ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။  ခု `အမှန်တကယ်နိုင်ငံမဲ့သူများ´အကြောင်းကို ဆက်လက်ရေးသားပါမယ်။  

(၂) အမှန်တကယ် နိုင်ငံမဲ့သူ (de facto stateless) ဆိုတာ မည်သည့်နိုင်ငံသားဖြစ်သည် ဆိုသည့် အချက်ကို တရားဝင်ဖေါ်ပြနိုင်ခြင်းမရှိတဲ့သူ (သို့မဟုတ်) ထိုသူနဲ့ ခိုင်မာသောဆက်ဆံရေး ရှိတဲ့ နိုင်ငံများက ထိုပုဂ္ဂိုလ်အား နိုင်ငံသားအဖြစ်လက်ခံရန် သဘောမတူဘဲ ငြင်းပယ်ခံရသောသူကို ဆိုလိုပါတယ်။

(ခိုင်မာသောဆက်ဆံရေး ဆိုတာ တခြားသူတွေအတွက် နိုင်ငံသားအဖြစ်ခံယူရန် လုံလောက်မှုရှိသော အခြေအနေ မျိုးကို ဆိုလိုပါတယ်။)

ဒီလို အမှန်တကယ်နိုင်ငံမဲ့ဖြစ်နေသူတွေဟာ ဘယ်နိုင်ငံရဲ့အကာကွယ်ပေးမှုမှ မရရှိတဲ့အပြင်၊ ခုလိုနိုင်ငံမဲ့ ဖြစ်နေရတာကိုက သက်ဆိုင်ရာနိုင်ငံရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သူကတော့ အမှန်တကယ်နိုင်ငံမဲ့ ဖြစ်တဲ့အပြင် ဒုက္ခသည်စာရင်းလည်း ၀င်သွားပါတယ်။ ဒီအကြောင်းကို စာဖတ်သူတို့ အလွယ်တကူနားလည်နိုင်စေရန် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်း တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဥပမာပေးရေးသားပါမယ်။

 (၁၉၇၈)ခုနှစ်မှာ ရိုဟင်ဂျာလူမျိုးများပေါ်ပြုလုပ်ခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးကဲ့သို့သော စစ်ဆင်ရေး များကြောင့် ရိုဟင်ဂျာလူမျိုး သုံးသိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံခဲ့ရတယ်။ (၁၉၉၁-၉၂) နှစ်များ မှာလည်း မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ရိုဟင်ဂျာလူမျိုး ၂၅၀၀၀၀ ကျော်လောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထိုသူများဟာ တဘက်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရပြီး ထိုထဲတွင် မြန်မာနိုင်ငံနှင့် စပ်ဆက်မှုရှိကြောင်း အထောက်အထား တစ်စုံတစ်ခု (ဥပမာ- အစိမ်းရောင်ကဒ်ပြား၊ အဖြူရောင်စာရွက်) ပြနိုင်သူများသည်မြန်မာနိုင်ငံမှပြန်လည် လက်ခံသည့်အခါ ပြည်တွင်းသို့ ပြန်လည် ၀င်ရောက်နိုင်မှာဖြစ်တယ်။ သူတို့ဟာနေရပ်ပြန်တဲ့အခါ ညှဉ်းပန်းနှိပ်စက်ခံရမယ်လို့ အမှန်တကယ် စိုးရိမ်ကြောက်ရွံ့မှု ရှိနေတဲ့အတွက် ဒီလူတွေဟာကျနော့်ဆောင်းပါး (အပိုင်း-၁)မှာ ပြောခဲ့သလို တရားဝင် နိုင်ငံမဲ့များဖြစ်တဲ့အပြင် `ဒုက္ခသည်များ´အဖြစ်လည်း သတ်မှတ်ခံရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည် စခန်းများမှာရှိတဲ့ တရားဝင်နိုင်ငံမဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်မှာ ၃၀၀၀၀ ခန့်ရှိတယ်လို့ သိရတယ်။

5

  အဲဒီလိုမှမဟုတ်ဘဲ သက်သေခံ အထောက်အထားများကို အဓမ္မသိမ်းဆည်း ဖျောက်ဖျက်ခံရခြင်း၊ ထွက်ပြေးလာစဉ် ပျောက်ဆုံးပျက်ဆီးခြင်း (သို့) အာဏာပိုင်များက မည်သည့်သက်သေခံစာရွက် တရွက်တလေမှ ထုတ်မပေးခဲ့ခြင်း တို့ကြောင့် ဘာအထောက်အထားမှ မပြနိုင်ပါက မြန်မာနိုင်ငံတွင်းသို့ ပြန်လည် အခြေချနေထိုင်ခွင့်ရရန် မျှော်လင့်ချက် နည်းပါတယ်။ ဒီအခြေအနေမျိုးမှာတော့ သူတို့ကို   အမှန်တကယ်နိုင်ငံမဲ့များ လို့ သတ်မှတ်ပါတယ်။ သူတို့ဟာ မြန်မာပြည်မှာ ဘိုးဘွားစဉ်ဆက် မွေးဖွားနေထိုင်လာခဲ့သော်လည်း မြန်မာပြည်နှင့် သက်ဆိုင်ကြောင်းလည်းမပြနိုင်၊ နယ်ချင်းကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့နိုင်ငံသားမဟုတ်ဟု ငြင်းပါမည်။  Emdadul Haque (Senior Lecturer of the Department of Law and Justice, Southeast University) ရဲ့ အဆိုအရ       ခုလိုအမှန်တကယ်နိုင်ငံမဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၄၇၀၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ ၂၀၁၂ အောက်တိုဘာလမှာ ထုတ်ပြန်တဲ့ စာရင်းအရေအတွက်ပါ။ ထိုသို့သောသူများ အတွက် UNHCR ၏ ဆောင်ရွက်ပေးမှုတွေကတော့ အလွန်ကျယ်ပြန့်ပြီး ရှုပ်ထွေးပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ လိုတာပဲ အနည်းငယ်ပြောပါမယ်။ အထူးသဖြင့် နေရပ်ပြန်တဲ့အခါ ညှဉ်းပန်းနှိပ်စက်ခံရမယ် ဆိုတဲ့ စိုးရိမ်ရမှုအတွက် အာမခံချက်ရအောင် လုပ်ဆောင်ပါတယ်။

  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းများမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာဘက်က ပြန်လည်လက်ခံ ခဲ့တာနဲ့ပက်သက်ပြီး အစိုးရပိုင်းက တရားဝင်သတင်းထုတ်ပြန်တဲ့ စာရင်းအရပြောရရင် ဟင်္သာစီမံချက်ဖြင့် ပြန်လက်ခံသူ အရေအတွက်မှာ ၁၈၀,၀၀၀ ရှိပါတယ်။ နောက်ပြီး ၁၉၉၄ မှ ၁၉၉၆ ခုနှစ်အတွင်း ပြန်လက်ခံသူ ရိုဟင်ဂျာအရေအတွက်မှာ ၂၅၀,၀၀၀ ရှိကြောင်း သိရပါတယ်။  နောက်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ဇူလိုင်လ (၂) ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ အစည်းဝေးပွဲမှာ မြန်မာ ဒု-နိုင်ငံခြားရေး ၀န်ကြီး ဦးမြင့်မောင် က ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ မြန်မာနိုင်ငံသား ရိုဟင်ဂျာ ၆၈၀၀၀ ကို ပြန်လက်ခံရန် သဘောတူ ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒီနေရာမှာ အစိုးရရဲ့ ရိုးသားမှုမရှိတဲ့ အကြောင်းအရာတစ်ခု ဆက်ပြောချင်ပါတယ်။ ၁၉၉၄-၉၆ ခုနှစ်အတွင်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာများကိုမြန်မာဘက်ကစစ်ဆေးပြီး ပြန်လည်လက်ခံခဲ့အကြောင်းကို အစိုးရထုတ် New Light of Myanmar သတင်းစာမှာ took refugee/taken refugee ဆိုတဲ့ အသုံးအနှုန်းများဖြင့် (ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုမြန်မာပြည်တွင် ခိုလှုံခွင့်ပေးခဲ့သည်)ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်အောင် ရေးသား ခဲ့တာ တွေ့ရတယ်။

တနည်းအားဖြင့်ပြောရရင် အစိုးရကိုယ်တိုင်က `ကြက်လည်းမောစေ၊ ယာလည်းညှက်စေ´ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် လူမျိုးရေးအဓိကရုဏ်း မီးမွှေးနေခြင်းလို့ပဲ မြင်ပါတယ် …

(ဒါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒုက္ခသည်တစ်ယောက်ကို ပေးတဲ့စာရွက်လား??)

တကယ်တမ်းတော့ ဒီလူတွေဟာ လ၀ကမှတ်တမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ မြန်မာနိုင်ငံက လူများဖြစ်ကြောင်း မှန်ကန်လို့သာ ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။ UNHCR ရဲ့ ကြီးကြပ်မှုနဲ့ သူတို့ရဲ့ မူလနေထိုင်ရာ ဒေသများတွင်ပြန်လည် နေရာချထားပေးခဲ့ကြောင်း သိရပါတယ်။ ဒီလို သေချာစွာ စစ်ဆေးပြီး ပြန်လည် လက်ခံခဲ့တဲ့သူများကို ခုချိန်ကျမှ ခိုးဝင်လာသူများလို့ စွပ်စွဲလို့မရပါ။

သူတို့ကို ဒီနိုင်ငံသား ဟုတ်၊မဟုတ် မသေချာသေးလို့၊ မရေရာသေးလို့၊ နိုင်ငံခြားသားများအဖြစ် သံသယရှိနေလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးဖြင့် နှစ်(၆၀)ကြာအောင် အချိန်ဆွဲထားပြီး ညှဉ်းပန်းနှိပ်စက်ခွင့် မရှိပါ။ ဒီအကြောင်းပြချက်မျိုးနဲ့သာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိနေသရွေ့ ခင်ဗျားတို့ သံယသရှိနေတာတွေ၊ မသေချာတာတွေကို ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ပါ။

(၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေမပေါ်သေးခင်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့စဉ် ကတည်းက မြန်မာနိုင်ငံသား ဥပဒေရှိခဲ့ပါတယ်။ အဲဒီဥပဒေတွေအရ မြန်မာနိုင်ငံသားအဖြစ် နေထိုင်ခဲ့သူများကိုပါ ခုချိန်ကျမှ သံသယ ရှိနေလို့ပါဆိုတဲ့ အကြောင်းပြချက်မျိုးကတော့ တကယ်တမ်း ရူးကြောင်ကြောင် လူတစ်ယောက်ရဲ့ စကားလို့ပဲ ပြောရပါလိမ့်မယ်။ ဤလူများ နိုင်ငံတွင်းသို့ တရားမ၀င် ခိုးဝင်နေထိုင်သူများဟုဆိုလျှင် ဖမ်းဆီး အရေးယူနိုင်ရန် ၁၉၄၇ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေ (Emergency Act) နှင့် တခြား လ၀က ဥပဒေများ ရှိနေသည်မဟုတ်ပါလား။

အထက်ခိုးဝင်နေသူများကို ဘာကြောင့်နှစ်ပေါင်း(၆၀)ကျော် အရေးမယူဘဲထားခဲ့သလဲ။ဒါ စဉ်းစားစရာ တစ်ချက်ပါ …

ဒီလောက်ဆိုရင် အမှန်တကယ်နိုင်ငံမဲ့ဖြစ်နေသူများနဲ့ပက်သက်ပြီး အကြမ်းဖျင်းတော့ သဘောပေါက်မယ် ထင်ပါတယ်။ ခုချိန်ထိ ရေးခဲ့သမျှထဲမှာ နိုင်ငံတကာဥပဒေတွေ မပါသေးပါဘူး။ နိုင်ငံသားတွေကို နိုင်ငံမဲ့ဘ၀ရောက်သွားအောင် ဘယ်အာဏာပိုင်ကမှ လုပ်ဆောင်ခွင့်မရှိပါဘူး။ ဒီအကြောင်းကို ရှင်းပြဖို့အတွက် နိုင်ငံမဲ့ဖြစ်စေတဲ့ အကြောင်းရင်းများ နဲ့မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေလိုက်နာဆောင်ရွက်ရမဲ့ နိုင်ငံတကာသဘောတူစာချုပ်တွေနှင့် ပဋိဥာဉ်ခံ အချက်တစ်ချို့အကြောင်းကို (အပိုင်း-၃) မှာ ဆက်လက် ရေးသားပါဦးမယ်။

Ref: UNHCR – Handbook for Parliamentarians- 2005

        Human Rights Abuses and Discrimination on Rohingyas

        International Crisis Group – Myanmar: A New Peace Initiative – Nov-2011  

        bangalnews24.com            

 

ဦးဦး မှော်ဆရာ

(၁၁-၁-၂၀၁၃)

Leave a Reply