News @ M-Media

Blog

  • လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    ဇွန် ၂၃ ၊ ၂၀၁၅
    M-Media

    M-Media Cover copy

    M-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။

    Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။

    Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး  Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
    ———————————————-
    Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia

    .
    Apk Version လိုချင်သူများအတွက်
    _______________________
    Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
    App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3

    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။

    ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်

    နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

    ** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်

    Update copy

     

    M-Media Android App  Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
    ______________________________________________
    မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel  ၃ ခု ထည့်သွင်းပေးထားပါတယ်။
    News Chanel

    M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
    ၁ ခု ပါရှိပါတယ်။

    M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။

    ပုံမှန်အနေအထားတွင် Data မစားစေရန်  M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

    Edit Chanel

    M-Media YouTube (ရုပ်သံ)
    __________________
    M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။

     

    M-Media Tube

    Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
    ________________________________
    အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Public Holidays

    Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
    __________
    ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက်  Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Useful Apps copy

     

    App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
    ______________________________
    No-1
    သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

    No-2
    App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်း

    ပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

    No-3
    M-Media App ဖွင့်လိုက်လျင်  refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet  Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။

    No-4
    Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။

    No-5
    ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

    No-6
    သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။

    No-7
    ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။

    No-8
    သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။

    No-9
    သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။

    Settings

     

    Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။

    M-Media ဆိုသည်မှာ

    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။

    M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

    လေးစားစွာဖြင့်

    M-Media ဝိုင်းတော်သားများ

  • အီဂျစ်ကို ကျူးကျော်တိုက်ခိုက်ဖို့ အစ္စရေးက ကြံရွယ်နေပြီလား

    အီဂျစ်ကို ကျူးကျော်တိုက်ခိုက်ဖို့ အစ္စရေးက ကြံရွယ်နေပြီလား

    (ဓာတ်ပုံ – ဆိုင်းနိုင်းကျွန်းဆွယ်ကို အစ္စရေးလက်မှ ပြန်သိမ်းပြီးနောက် တွေ့ရသည့် အီဂျစ်စစ်သားများ)

    သြဂုတ်လအတွင်း နေတိုးအဖွဲ့က ဖင်လန်မှာ ပြုလုပ်တဲ့ Atlantic Trident စစ်ရေးလေ့ကျင့်မှုမှာ ပြင်သစ်ထုတ် Dassault Rafale လေယာဥ်တွေရဲ့ စွမ်းဆောင်ရည်ကြောင့် ဒီလေယာဥ်တွေကို ပိုင်ဆိုင်ထားတဲ့ အီဂျစ်ဟာ အစ္စရေးအတွက် စိုးရိမ်စရာ ကောင်းလာနေတယ်လို့ ဟီဘရူးမီဒီယာတွေက ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ဖော်ပြလာပါတယ်။

    အရှေ့အလယ်ပိုင်းက နိုင်ငံတွေရဲ့ စစ်အင်အားကို အမြဲတမ်း အစ္စရေးထက် နိမ့်ပါးနေအောင် အမေရိကန်နဲ့ အပေါင်းအပါတွေက ၁၉၄၈ ခုနှစ်ကစလို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်ပေးနေတာပါ။ ဒါပေမယ့် အစ္စရေးကတော့ နိုင်ငံတစ်ခုကို ကျူးကျော်တိုက်ခိုက်တော့မယ်ဆိုရင် စစ်အင်အားကြီးထွားလာတာကို စိုးရိမ်တယ်ဆိုတဲ့ အသံမျိုး ပိုမိုကျယ်လောင်လာအောင် လော်ဘီမီဒီယာတွေနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။

    သြဂုတ်လ စစ်ရေးလေ့ကျင့်မှုမှာ သုံးခဲ့တဲ့ ပြင်သစ်လုပ် Dassault Rafale တိုက်လေယာဥ်တွေဟာ အစ္စရေးကို အမေရိကန်က ပေးထားတဲ့ ကမ္ဘာ့နောက်ဆုံးပေါ် တိုက်လေယာဥ် F-35 ထက် လေပေါ်စီးချင်းထိုးမှု၊ ကိုယ်ပျောက်စွမ်းရည် စတာတွေမှာ ပိုသာတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။ အီဂျစ်လေတပ်ဟာ အစ္စရေးလေတပ်ထက် ၂၄ ရာခိုင်နှုန်း ပိုကြီးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

    ၃ လအရင် အိန္ဒိနဲ့ ပါကစ္စတန်တို့ရဲ့ လေကြောင်းတိုက်ပွဲမှာ အိန္ဒိယက အသုံးပြုခဲ့တဲ့ ပြင်သစ်လုပ် Dassault Rafale လေယာဥ်ဟာ ပါကစ္စတန်က အသုံးပြုတဲ့ တရုတ်လုပ် J-10 လေယာဥ်ကိုတောင် မယှဥ်နိုင်ဘူးဆိုတာ ကမ္ဘာက တွေ့မြင်ခဲ့ရပါတယ်။

    အီဂျစ်ကလည်း ဒီအားနည်းချက်ကို သိတဲ့အတွက် တရုတ်ထံကနေ J-10 တိုက်လေယာဥ်တွေ ၀ယ်ယူဖို့ ကြိုးစားလာပါတယ်။ ဟီဘရူးလော်ဘီမီဒီယာတွေရဲ့ သုံးသပ်မှုမှာလည်း ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါတယ်။

    အီဂျစ်ဟာ ဂါဇာက အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ၀ေဖန်ထားတာပါ။ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အီဂျစ်ပိုင် ဆိုင်းနိုင်းကျွန်းဆွယ်ကို မောင်းထုတ်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုကို အီဂျစ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးထားပြီး နယ်စပ်ဖက်မှာလည်း တပ်တွေကို ထပ်တိုးချထားပါတယ်။

    မိမိတို့မြေကို ကျူးကျော်မှုမှန်သမျှ စစ်ကြေငြာမှုအဖြစ် မှတ်ယူမယ်လို့လည်း အီဂျစ်က ထုတ်ပြန်ထားပါတယ်။

    အီဂျစ်နဲ့ အစ္စရေးတို့ဟာ ၁၉၇၃ ခုနှစ်က ထိပ်တိုက်တွေ့ဆုံဖူးပါတယ်။ ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမှာ အစ္စရေးက ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ ဆိုင်းနိုင်ကျွန်းဆွယ်ကို အီဂျစ်က ၁၉၇၃ ခုနှစ်စစ်ပွဲမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ထိုစဥ်ကလည်း အီဂျစ်ဟာ အစ္စရေးစစ်တပ်ထက် များစွာအားနည်းခဲ့ပါတယ်။

    Ref: Royal News

  • အီတလီစက်ဘီးစီးပြိုင်ပွဲတွင် အစ္စရေးအသင်းပါဝင်ခွင့်မရတော့

    အီတလီစက်ဘီးစီးပြိုင်ပွဲတွင် အစ္စရေးအသင်းပါဝင်ခွင့်မရတော့

    စက်တင်ဘာ ၂၇ ၂၀၂၅

    M-Media

    (M-Media Burmese ၏ ပို့စ်များကို Like/Share လုပ်ပေးခြင်းအားဖြင့် သတင်းမှန်များ ပြန့်နှံ့ရေး ကူညီပေးနိုင်ပါတယ်)

    အီတလီစက်ဘီးစီးပြိုင်ပွဲ Giro dell’Emilia ကို ကျင်းပမဲ့သူတွေက အစ္စရေး စက်ဘီးစီးအသင်း Israel-Premier Techitaly ကိုပြိုင်ပွဲကနေ ဖယ်ရှားလိုက်ကြောင်း စက်တင်ဘာ၂၇ရက်နေ့မှာထုတ်ပြန်ပါတယ်။

    အများပြည်သူလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေရှိတဲ့အတွက်ဒီလိုဖယ်ရှားတာလို့ဆိုပါတယ်။

    ဂါဇာကမ်းမြှောင်မှာ လူပေါင်း ၆၆၀၀၀ နီးပါးကို သတ်ဖြတ်ထားတဲ့အစ္စ‌ရေးကို ကမ္ဘာတဝှမ်းက အားကစားပြိုင်ပွဲ အနုပညာပြိုင်ပွဲတွေမှာပါဝင်ခြင်း ပိတ်ပင်ဖို့အတွက် တိုက်တွန်းဆော်ဩမှုတွေ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြင့်တက်လာနေပါတယ်။

    Ref: Aljazeera

  • တရုတ်နိုင်ငံက စမ်းသပ်ခဲ့သည့် ပျံသန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ

    တရုတ်နိုင်ငံက စမ်းသပ်ခဲ့သည့် ပျံသန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ

    စက်တင်ဘာ၂၇ ၂၀၂၅
    M-Media


    (M-Media Burmese ၏ ပို့စ်များကို Like/Share လုပ်ပေးခြင်းအားဖြင့် သတင်းမှန်များ ပြန့်နှံ့ရေး ကူညီပေးနိုင်ပါတယ်)
    တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး “ပျံသန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ” ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်။
    S1500 လို့ခေါ်ဆိုပြီး လေပြင်းအားကိုသုံးကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ ဒီစနစ်ကြီးကို စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ ရှင်းကျန်းပြည်နယ်မှာ ပျံသန်းစမ်းသပ်ခဲ့တာပါ။ တစ်နာရီကို တစ်မဂ္ဂါဝပ်ရှိတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခဲ့ပါတယ်။
    ဒီစက်ရုံကြီးဟာ ဘတ်စကက်ဘောကွင်းတစ်ကွင်းစာလောက် ကျယ်ဝန်းပြီး ၁၃ ထပ်တိုက်လောက် မြင့်ပါတယ်။ ဟီလီယမ်ဓာတ်ငွေ့ ဖြည့်ထားတဲ့ ဒီလေသင်္ဘောကြီးဟာ မိုးကောင်းကင်အမြင့်ပိုင်းမှာ ရှိတတ်တဲ့ ပြင်းထန်တဲ့လေအားကို အသုံးချဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် အသုံးပြုရတဲ့ ပစ္စည်းကုန်ကျစရိတ် ၄၀% လျှော့ချနိုင်ပြီး ဓာတ်အားစရိတ်ကိုလည်း ၃၀% ခန့် သက်သာစေမယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ဝေးလံတဲ့တောတောင်ဒေသတွေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ပြီး “ပျံသန်းနေတဲ့ ဓာတ်အားပေးစက်ရုံ” တစ်ခုလို အသုံးဝင်မှာပါ။
    Sawes Energy Technology ကုမ္ပဏီက တခြားသိပ္ပံသုတေသနအဖွဲ့တွေရဲ့ အကူအညီနဲ့ ဒီ S1500 ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီတီထွင်မှုဟာ သန့်ရှင်းတဲ့စွမ်းအင်နည်းပညာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ ဒီစနစ်ကို အမြောက်အများ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီလို လေထဲပျံသန်းတဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ဟာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေထက် ကုန်ကျစရိတ်သက်သာတဲ့ အစားထိုးနည်းလမ်းတစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့စွမ်းအင်ပြောင်းလဲမှုအတွက် အဓိကနည်းပညာတစ်ခုဖြစ်လာနိုင်ပါတယ်။
    မိုးလေဝသအခြေအနေဆိုးရွားတဲ့အခါ စနစ်ရဲ့စွမ်းဆောင်ရည်အတွက် နည်းပညာပိုင်း အခက်အခဲတချို့ ရှိနေသေးပေမယ့်၊ ဒီစီမံကိန်းဟာ အနာဂတ်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနဲ့ စိမ်းလန်းစွမ်းအင်ကဏ္ဍမှာ ဦးဆောင်ဦးရွက်နေရာက ဆက်လက်ရှိနေအောင် ကြိုးစားနေတဲ့ တရုတ်နိုင်ငံရဲ့ဆုံးဖြတ်ချက်ကို ပိုမိုထင်ရှားစေပါတယ်။
    Ref: South China Morning post

  • လူသိနည်းသည့် ပါလက်စတိုင်းခရစ်ယာန်များအပေါ် ဇီယွန်တို့၏ အကြမ်းဖက်မှုနှစ်ခု

    လူသိနည်းသည့် ပါလက်စတိုင်းခရစ်ယာန်များအပေါ် ဇီယွန်တို့၏ အကြမ်းဖက်မှုနှစ်ခု


    စက်တင်ဘာ ၂၉၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တိုက်ခိုက်မှုပြီးနောက် Semiramis ဟိုတယ်မြင်ကွင်း)

    ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ပါလက်စတိုင်းနိုင်ငံ ဂျေရုစလင်မြို့ ခရစ်ယာန်ရပ်ကွက်ဖြစ်တဲ့ ကာတာမွန်က Semiramis ဟိုတယ်မှာ ဗုံးခွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အရပ်သား အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    ဟိုတယ်ကို ခရစ်ယာန်မိသားစုဖြစ်တဲ့ Aboussouan မိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး သေဆုံးသူအများစုဟာ သူတို့ မိသားစု၀င်တွေဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ဟော်တယ်ပိုင်ရှင်ရဲ့သား အသက် ၂၃ နှစ်အရွယ် ဟူဘာ့တ်လော်ရန်ဇိုနဲ့ ပါလက်စတိုင်းဆိုင်ရာ စပိန်ဒုသံမှူး မန်နျူယဲလ် အလန်ဒေ ဆာလာဇာလည်း ပါ၀င်သွားပါတယ်။

    တိုက်ခိုက်မှုကို အဲဒီအချိန်က အကြမ်းအဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျူးလက်နက်ကိုင်အဖွဲ့ Haganah က ပြုလုပ်တာပါ။ အဖွဲ့ခေါင်းဆောင် ဒေးဗစ်ဘင်ဂူရီယန်ဟာ ပါလက်စတိုင်းနယ်မြေတွေကို သိမ်းပိုက်ပြီး ၁၉၄၈ ခုနှစ် မေလမှာ တည်ထောင်တဲ့ အစ္စရေးနိုင်ငံရဲ့ ပထမဆုံး၀န်ကြီးချုပ် ဖြစ်လာပါတယ်။

    ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုက ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်အဖွဲ့က သိမ်းပိုက်စဥ် ၁၉၄၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖြစ်ပွားတာဖြစ်ပါတယ်။

    နာဇရတ်မြို့နားက အီလာဘွန်ဆိုတဲ့ ခရစ်ယာန်ရွာမှာ အမျိုးသား ၁၂ ဦး တန်းစီ ပစ်သတ်ခံခဲ့ရတာပါ။ ကျန်တဲ့ရွာသားအားလုံးကို လက်ဘနွန်နိုင်ငံဆီ မောင်းထုတ်ခဲ့ပြီး၊ ၁၉၄၉ ခုနှစ်မှာတော့ ဂရိအော်သို့ဒေ့ါစ် ရဟန်းမင်း မက္ကဆီမို့စ် ဗီ ဟာကင်နဲ့ အစ္စရေးတို့အကြား ရရှိတဲ့ သဘောတူညီချက်အရ ရွာသားတွေ နေရပ် ပြန်လာနိုင်ခဲ့ပါတယ်။

    သတ်ဖြတ်မှုအကြောင်း Sons of Eilaboun အမည်နဲ့ မှတ်တမ်းရုပ်ရှင် ထွက်ရှိထားပါတယ်။

    Ref: TRT World, Wiki

  • မိုက်ခရို့ဆော့ဖ်က ၎င်းတို့၏ နည်းပညာတစ်ချို့ကို အစ္စရေးစစ်တပ် အသုံးပြုခွင့်မရအောင် ပိတ်ပင်

    မိုက်ခရို့ဆော့ဖ်က ၎င်းတို့၏ နည်းပညာတစ်ချို့ကို အစ္စရေးစစ်တပ် အသုံးပြုခွင့်မရအောင် ပိတ်ပင်

    စက်တင်ဘာ ၂၇၊ ၂၀၂၅

    M-Media 

    အစ္စရေးစစ်တပ်က အသုံးပြုနေတဲ့ Azure cloud နဲ့  AI ၀န်ဆောင်မှု တစ်စိတ်တစ်ပိုင်းကို အသုံးပြုခွင့် ပိတ်လိုက်တယ်လို့ နည်းပညာထိပ်တန်းကုမ္ပဏီ မိုက်ခရိုဆော့ဖ်က အတည်ပြုပါတယ်။ 

    ပါလက်စတိုင်းအရပ်သားတွေကို တရားမ၀င် စောင့်ကြည့်ထောက်လှမ်းမှုအပါအ၀င် မလုပ်ဆောင်ရမယ့် သဘောတူညီချက်တွေကို ချိုးဖောက်တဲ့အတွက် ဒီလိုပိတ်ပင်တာလို့ ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာတွေကို အသုံးပြုပြီး ပါလက်စတိုင်းအရပ်သားတွေကို စောင့်ကြည့် ဖိနှိပ်တာမျိုး ရှိတယ်ဆိုတဲ့ သတင်းတွေ အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် အစောပိုင်းမှာ မိုက်ခရဆော့ဖ်က ငြင်းချက်ထုတ်ထားတာပါ။ 

    Azure ကို အရပ်သားတွေအပေါ် စောင့်ကြည့်ဖိနှိပ်ဖို့ အသုံးချနေတယ်ဆိုတာ သြဂုတ်လက မီဒီယာတွေ စုံစမ်းဖော်ထုတ်ပြီးနောက်ပိုင်းမှာ သိရှိလာရပေမယ့်၊ ၀ယ်ယူအသုံးပြုသူရဲ့ တစ်ကိုယ်ရေ အချက်အလက် လုံခြုံရေးကြောင့် ဘယ်ပုံဘယ်နည်း အသုံးပြုခဲ့တယ်ဆိုတာကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။ သုံးသပ်မှုတွေအရ စိုးရိမ်စရာ အကြောင်းအရာတွေကို တွေ့ရတယ်လို့ မိုက်ခရိုဆော့ဖ်က အတည်ပြုပါတယ်။ 

    Azure cloud နဲ့ AI ၀န်ဆောင်မှုတစ်ချို့ကိုသာ အသုံးပြုခွင့် ပိတ်လိုက်တာဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ အခြား နည်းပညာတွေကိုတော့ အစ္စရေးက ဆက်လက် အသုံးပြုနေဆဲဖြစ်ပါတယ်။ 

    အစ္စရေးစစ်တပ်ရဲ့ ဆိုက်ဘာတပ်ဖွဲ့ 8200 ဟာ Azure ကို အသုံးပြုပြီး သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုပေးပို့မှုတွေကို တရားမ၀င် ကြားဖြတ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ 

    မိုက်ခရိုဆော့ဖ်ရဲ့ အခုလို ရပ်တန့်မှုက အစ္စရေးတဲ့ တရားမ၀င်လုပ်ရပ်တွေကို ကြီးကြီးမားမား ထိခိုက်သွားနိုင်တာမျိုး မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အစ္စရေးဖက်ကတည်း ဒီပိတ်ပင်မှုဟာ သူတို့ရဲ့ လုပ်နိုင်စွမ်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ 

    Ref: Aljazeera