Archive for category: နိုင်ငံတကာသတင်း

  • တူရကီဝန်ကြီးချူပ် ဆီလီကွန်တောင်ကြားသို့ သွားရောက်လေ့လာ၊ တူရကီကျောင်းသားများ အတွက် tablet PC ၁၀ သန်းခွဲ ဝယ်ရန်ရှိ

    တူရကီဝန်ကြီးချူပ် ဆီလီကွန်တောင်ကြားသို့ သွားရောက်လေ့လာ၊ တူရကီကျောင်းသားများ အတွက် tablet PC ၁၀ သန်းခွဲ ဝယ်ရန်ရှိ

    Shareမေ-၂၀၊၂၀၁၃ M-Media တူရကီဝန်ကြီးချုပ် Recep Tayyip Erdoğan သည် ဆန်ဖရန်စ္စကို ဆီလီကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီကြီးများသို့ မေလ ၁၈ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့သည်။ သူသည် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ ပထမဦးဆုံး သွားရောက်ခဲ့ရာ ကုမ္ပဏီ၏ စီအီးအို Steve Ballmer က ကြိုဆိုခဲ့သည်။ Ballmer မှာ တူရကီ ပညာရေးဝန်ကြီး ဌာနက ဆောင်ရွက်မည့် Fatih ပရောဂျက်ကို တာဝန်ယူထားရသူဖြစ်သည်။ မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ရောက်စဉ်တွင် လာမည့်သီတင်းပတ်၌ ကျင်းပမည့် Fatih ပရောဂျက်နှင့်ဆက်စပ်သည့် တင်ဒါရွေးချယ်ပွဲအကြာင်းကိုလည်း ပြောကြားသွားသည်။ “ပရောဂျက် မစတင်ခင် ဒီ ဆီလီကွန်တောင်ကြားကို လာရောက်လည်ပတ်ပြီး သတင်းအချက်အလက်နည်းပညာနယ်ပယ်မှာရှိတဲ့ နောက်ဆုံးပေါ်ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျနော်တို့ [...]

     
  • အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ နာဇီ အကျဉ်းစခန်းသို့ သွားရောက်လေ့လာမည်

    အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ နာဇီ အကျဉ်းစခန်းသို့ သွားရောက်လေ့လာမည်

    Shareမေ-၂၀၊၂၀၁၃ M-Media ပိုလန်နိုင်ငံ တောင်ပိုင်းတွင်ရှိသော နာဇီ အကျဉ်းစခန်း(Nazi Auschwitz) သို့ ဆော်ဒီမှ ဘာသာရေးဆရာ အပါအ၀င် အစ္စလာမ်ဘာသာရေး ဦးဆောင်သူ ၁၄ ယောက်သည် လာမည့်အပတ်တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ထိုဒေသတွင် ဖြစ်ပျက်ခဲ့သော ဂျူးများအား အစုလိုက်အပြုံလိုက် သုတ်သင်ခံခဲ့ရခြင်းကို အသိတရားရရန် နှင့် လူမျိုးတုံးစစ်ဆင်ရေးမှဆန့်ကျင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစီစဉ်သူများမှ မနေ့က ပြောကြားခဲ့ကြောင်း သိရသည်။ “ သက်ဆိုင်ရာဒေသတွင်းမှ သြဇာရှိ ဘာသာရေးခေါင်းဆောင်များအတွက် ဤအခွင့်အရေးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသိတရားရရန် ၊   မည်သည့် အမုန်းတရားမျိုးက ဤကဲ့သို့ရက်စက်မှုမျိုးကို ဖြစ်ပေါ်လာစေကြောင်း သိမြင်ရန် ( နှင့် ) လူမှုအဖွဲ့အစည်းအတွင်း ထိုကဲ့သို့ ဖြစ်ရပ်ကို တားဆီးရန် [...]

     
  • ဧ၀ရက် တောင်ထွဋ်သို့ ပထမဆုံး ဆော်ဒီ အမျိုးသမီး အနေဖြင့် တက်ရောက်နိုင်ခဲ့

    ဧ၀ရက် တောင်ထွဋ်သို့ ပထမဆုံး ဆော်ဒီ အမျိုးသမီး အနေဖြင့် တက်ရောက်နိုင်ခဲ့

    Shareမေ-၁၉၊၂၀၁၃ M-Media ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ်ဖြင့်ဘွဲ့ရရှိထားသူ အသက် ၂၅ နှစ်အရွယ် Raha Moharrak သည် ဧ၀ရက်တောင်ထွဋ်ရောက် ပထမဦးဆုံး ဆော်ဒီအမျိုးသမီးတစ်ဦး ဖြစ်လာသည်။ ၂၀၁၃ ခုနှစ်တွင် ဧ၀ရက်တောင်ထိပ်သို့အရောက်တက်မည်ဟု လွန်ခဲ့သော ၂ လက လူ ၄ ဦးပါ အာရပ်အုပ်စုတစ်စုမှ ကြေညာခဲ့သည်။ သူမသည် ထိုအုပ်စု၏တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။ “ Raha Moharrak ရေ၊ ဂုဏ်ယူတယ်ဟေ့၊ မင်းဟာ ဧ၀ရက်တောင်ထိပ်ကိုရောက်သွားတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပြီ ” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုလိုက်သည်။ ယင်း “ ပင်ယံမြင့်ဖျား အာရဗ်များ ” အဖွဲ့၌ ကာတာ တော်ဝင်မိသားစုဝင်ဖြစ်သော Mohammed Al [...]

     
  • အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦး Jorge Rafael Videla ထောင်တွင်း၌ပင် ကွယ်လွန်”

    အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦး Jorge Rafael Videla ထောင်တွင်း၌ပင် ကွယ်လွန်”

    Shareမေ-၁၇၊၂၀၁၃ M-Media “လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှုများဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ကျခံနေရသော အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူ Jorge Rafael Videla သည် အကျဉ်းထောင်တွင်း၌ပင် ကွယ်လွန်” အသက် ၈၇ နှစ် အရွယ်ရှိ အာဂျင်တီးနား စစ်အာဏာရှင် ဟောင်းတစ်ဦးဖြစ်သူ Jorge Rafael Videla ဟာ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှူ များဖြင့် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း ပြစ်ဒါဏ်ကို အကျဉ်းထောင် အတွင်း ကျခံ နေဆဲမှာပင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ဗိုလ်ချုပ် Jorge Rafael Videla [...]

     
  • မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်။

    မက္ကဟ်နှင့် မဒီနာ ရှိ မြင့်မြတ်သော ဗလီဝတ် ကျောင်းတော် ၂ ခုတွင် တရားဟော အစီအစဉ်များ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးမည်။

    Shareမေ-၁၇ ၊၂၀၁၃ M-Media မက္ကာ နှင့် မဒီနာ တွင်ရှိသော မြင့်မြတ်သည့် ဗလီဝတ်ကျောင်းတော် နှစ်ခု၌ ဘာသာရေး ဟောကြားချက်များအား ကမ္ဘာတဝှမ်းတွင်ရှိသော အာရပ်ဘာသာစကား မပြောတတ်သူများ အတွက် အင်္ဂလိပ်ဘာသာရပ် တစ်ဘာသာတိုး၍ ဟောကြားပေးမည်ဖြစ်ကြောင်း။ ဗလီဝတ် ကျောင်းတော် နှစ်ခု၏ အုပ်ချူပ်ရေးမှူး နှင့် Imam Muhammad bin Saud Islamic University (IMIU) တို့ ဘာသာရေး ဟောကြားချက်အား အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ တက္ကသိုလ်မှ တရားဓမ္မ ဘာသာပြန်ဆိုချက်များအား ကြပ်မတ်မည်ဖြစ်ကြောင်းနှင့် ဗလီဝတ်ကျောင်းတော် နှစ်ခုတွင်ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် ဟောကြားချက်များအားလည်း ကြီးကြပ်မည် ဖြစ်ကြောင်း သိရသည်။ မြင့်မြတ်သော [...]

     
  • အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    အွန်လိုင်းသုံး ပြည်သူများ တုန်လှုပ်ခဲ့ရသော အမေရိကန်ရဲ၏ လူမဆန်သော လုပ်ရပ် ဗီဒီယို

    Shareမေ-၁၆၊၂၀၁၃ M-Media အမေရိကန်နိုင်ငံ ရဲ၏ လူမဆန်သောလုပ်ရပ် ဗီဒီယိုသည် အွန်လိုင်း နှင့် လူမှုကွန်ရက် စာမျက်နှာ များသို့ ပြန့်နှံ့သွားပြီး၊ လူအများအား တုန်လှုပ်စေခဲ့သည် ဟုသိရသည်။ ဗုဒ္ဓဟူးနေ့က အွန်လိုင်းသတင်းများတွင် တင်ပြခဲ့သည်မှာ ဗီဒီယိုတွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ  ကိုတတီ(Cotati) မြို့ငယ်လေး အတွင်းရှိ အိမ်တစ်လုံးအတွင်းသို့ ရဲအရာရှိများ ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ အိမ်ရှင်၏ ရှာဖွေရေး ၀ရမ်းတောင်းဆိုမှုအား လျစ်လျူရှုကာ၊ အိမ်ရှင် လင်မယားအား လျှပ်စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုသို့မဖြစ်ပျက်မှီ၊ အိမ်တွင်ရှိသော ပြတင်းပေါက်ကြီးမှတစ်ဆင့် ရဲအရာရှိများသည် အိမ်ရှင်အား သူတို့သည် အိမ်နီးနားခြင်း၏ တိုင်ကြားမှုကြောင့် ၄င်းအိမ်ထဲတွင် ဆူညံ့စွာပြသနာ ဖြစ်ပျက်နေသည်ကို စစ်ဆေးရန်ရောက်ရှိလာကြောင်းပြောကြားခဲ့သည်။ သို့သော် အိမ်ရှင်လင်မယားသည် အိမ်အတွင်း မည်သည့်ပြသနာမှဖြစ်ပွားမှု [...]

     
  • အစ္စလာမ် အားမုန်းတီးကြောက်ရွံမှု ကြီးထွားလာအောင် တလွဲပုံဖော်နေတဲ့ မီဒီယာများ

    အစ္စလာမ် အားမုန်းတီးကြောက်ရွံမှု ကြီးထွားလာအောင် တလွဲပုံဖော်နေတဲ့ မီဒီယာများ

    Shareမေ-၁၆၊ ၂၀၁၃ M-Media ကမ္ဘာတစ်ဝှန်းမှ အစ္စလာမ်အား အမြင်မှား ရွံကြောက်စေခြင်း၌ မီဒီယာ၏အခန်းကဏ္ဍသည် အလွန်ကြီးမားနေကြောင်း – “ Islamophobia : Is the media doing enough to reverse perceptions ? ”  ခေါင်းစဉ်ဖြင့်ပြုလုပ်သော အာရဗ်မီဒီယာဖိုရမ်၌  Aslan Media မီဒီယာ နှင့် Georgetown University သုတေသနမှူး Nathan Lean မှ မှတ်ချက်ပြု ပြောကြားလိုက်သည်။ ယင်းဖိုရမ်တွင် အနောက်တိုင်းနှင့်အရှေ့အလယ်ပိုင်းအကြား ဗဟုသုတလစ်ဟာချက်ကို တံတားခင်းနိုင်မည့်နည်းလမ်း၊ လူမှုမီဒီယာနှင့် အာရဗ်နွေဦးတော်လှန်ရေးအပေါ် သြဇာသက်ရောက်မှု အခန်းကဏ္ဍ၊ ဆီးရီးယားနှင့်အခြားဒေသများ အတွက် အဖြေရှာခြင်း စသည်တို့ကို ဆွေးနွေးကြသည်။ [...]

     
  • ဒေးဗစ်ဘက်ခမ်း ဘောလုံးကစားခြင်းမှ အနားယူပြီ

    ဒေးဗစ်ဘက်ခမ်း ဘောလုံးကစားခြင်းမှ အနားယူပြီ

    Shareမေ-၁၆၊၂၀၁၃ M-Media ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းက ဒီနှစ် ဘောလုံးရာသီအကုန်တွင် ဘောလုံးကစားသမား ဘ၀မှ အနားယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အသက် ၃၈ နှစ် ရှိပြီဖြစ်သော ဘက်ခန်းသည်၊ မန်ချက်စတာ ယူနိုက်တက် တွင် ဘောလုံးသမားဘဝကို စတင်ခဲ့ပြီး ကမ္ဘာကျော် ထိပ်တန်း နာမည်ကျော်ဘောလုံးသမားဖြစ်သူ တယောက်ဖြစ်သည်။ လက်ရှိတွင် ပြင်သစ် ပဲရစ်စိန့်ဂျာမိန်း(Paris Saint Germain) ကလပ် နှင့် ချန်ပီယံ ဆု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံလေးနိုင်ငံမှ ကလပ်အသင်း ၄ ခု ဖြင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဘက်ခမ်းသည် ၁၉၉၉ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဥရောပချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ပဲရစ်စိန့် ဂျာမိန်းသို့ မရောက်မီ [...]

     
  • ဖလိုရီဒါ တွင် ၄ နှစ်သား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ် ကလေးသေဆုံး

    ဖလိုရီဒါ တွင် ၄ နှစ်သား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၁ နှစ် ကလေးသေဆုံး

    Shareမေ-၁၆၊၂၀၁၃ M-Media မေလ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ ဖလိုရီဒါတွင် ၄ နှစ်အရွယ် ကလေးငယ်သေနတ်ဖြစ် ပစ်ခတ်မှုကြောင့်  ၁၁ နှစ်ရွယ်ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။ ၁၁ နှစ်အရွယ် ကလေးငယ် ဂျာဗန် ဂျက်ဆန်မ်(Jarvan Jackson) သည် အင်္ဂါနေ့က ဖလိုရီဒါပြည်နယ် ဂိန်းစ်ဗဒ်လ် (Gainesville) မြို့ တက္ကသိုလ် ဧရိယာ အတွင်းရှိ ဆေးရုံတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည် ဟု ပြည်တွင်းသတင်း ဌာနများက ဖော်ပြခဲ့သည်။ သေဆုံးသွားသည့် ကလေးငယ်သည် တနင်္ဂနွေနေ့က လိက်စီးတီး(Lake City) တွင်ရှိသော စီဒါ ပါ့ခ် တိုက်ခန်း (Cedar Park Apartment) [...]

     
  • အနုပညာလက်ရာ တစ်ထောင်၂၀၁၃ မဒီနဟ် အစ္စလာမ့် ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်ပြသ

    အနုပညာလက်ရာ တစ်ထောင်၂၀၁၃ မဒီနဟ် အစ္စလာမ့် ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင်ပြသ

    Shareမေ-၁၆၊၂၀၁၃ M-Media ကျောင်းသားများရဲ့အနုပညာလက်ရာတစ်ထောင်ပါ ပြကွက်စင်၂၀၁၃ မဒီနဟ် အစ္စလာမ့်ယဉ်ကျေးမှု မြို့တော်ပြပွဲမှာ ပါဝင် Taibah University ရဲ့ အနုပညာဘာသာရပ် ကျောင်းသားများက မိမိတို့လုပ်ဆောင်ထားတဲ့လက်ရာများကို အနုပညာပြပွဲတစ်ခုမှာ ခင်းကျင်းပြသခဲ့ပါတယ်။ မဒီနဟ်မြို့ကို “ ၂၀၁၃ အစ္စလာမ့်ယဉ်ကျေးမှုမြို့တော် ”အဖြစ် ဖွင့်လှစ်ထားတဲ့ နှစ်လုံးပေါက်အခမ်းအနားအတွက် တက္ကသိုလ်ရဲ့ပါဝင်ဆောင်ရွက်ချက် တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ဒါရိုက်တာ  Adnan bin Abdullah Al-Mazroua က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြပွဲအတွင်း ခင်းကျင်းပြသဖို့ ပါဝင်စေခဲ့ပါတယ်။ အဲ့ဒီမှာ ကျောင်းသားတွေရဲ့ အနုပညာလက်ရာ တစ်ထောင်တိတိ ပါဝင်ပြီး မဒီနဟ်မြို့ရဲ့ထူးခြားထင်ရှားမှုကို ဇောင်းပေးဖော်ကျူးထားချက်တွေဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ အနုပညာဖန်တီးချက်များဟာ မဒီနဟ်ကိုဂုဏ်တက်စေရေးအတွက် ရည်ရွယ်တာလို့ သွိုင်ဗာဟ်တက္ကသိုလ် အနုပညာဌာနမှူး Waleed Al-Qeen [...]