6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၆၊ ၂၀၁၆
M-Media

ကျွန်မရဲ့ဟိဂျာ့ဗ်ဟာ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးဖြစ်နေခြင်းရဲ့ ၀ိသေသ

4

လွန်ခဲ့သည့် ၅ နှစ်က အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသည့် ဥရုဂွေးနိုင်ငံသူ စိတ်ပညာရှင် အဇီဇာပေါ်လာဒီဘယ်လို

– လွန်ခဲ့တဲ့ ငါးနှစ်မှာ အစ္စလာမ်ထဲ ကူးပြောင်းသက်ဝင်လာတဲ့ ဥရုဂွေးနိုင်ငံသူ အဇီဇာပေါ်လာဒီဘယ်လို က Giulia Iacolutti ထံ ပြောပြချက်ဖြစ်ပါတယ်။

ဟိဂျာ့ဗ်ဝတ်ဆင်ထားတဲ့အမျိုးသမီးကို ကျွန်မ ပထမဆုံးမြင်ဖူးချိန်က အသက် ၂၃ နှစ်အရွယ်မှာပါ။ ကျွန်မရဲ့နှလုံးသား ရုတ်တရက် ရပ်ဆိုင်းသလိုဖြစ်သွားပြီး အဲ့ဒီအရာရဲ့အနှစ်သာရကို တမဟုတ်ချင်း နားလည်သိမြင်လိုက်ပါတယ်။ သူမဟာ အရာရာကို အံတုမယ့် ဘုရင်မတစ်ပါးပါပဲ။ အများစုနောက်လိုက်ယောင်ခြင်းမရှိဘဲ သူမက ဖက်ရှင်တွေရဲ့လွှမ်းမိုးမှုကနေ ကင်းလွတ်နေပါတယ်။ အဲ့ဒီပုံရိပ်ဟာ ကျွန်မဆီ နှစ်အတန်ကြာ စွဲကပ်နေခဲ့တယ်။

ဆယ်နှစ်လွန်မြောက်တဲ့အခါ ကျွန်မ အစ္စလာမ်ကို သက်ဝင်လက်ခံခဲ့တယ်။

ဟိဂျာ့ဗ်ကို စတင်ဆင်ယင်လိုက်တဲ့ ပထမဆုံးအချိန်မှာပဲ ထူးခြားမှုကို စတင်ခံစားထိတွေ့မိပါတယ်။ ဟိဂျာ့ဗ်ဆင်ယင်ခြင်းဟာ ဆံနွယ်တွေကို ဖုံးကာရုံသက်သက်မဟုတ်ပါဘူး၊ ဟီရိသြတ္တပတရားသဘောလည်း ပါဝင်နေပါတယ်။

လက်တွေ့ဝတ်ဆင်ပြီးနောက် များမကြာမီမှာပဲ ဟိဂျာ့ဗ်ဟာ ကျွန်မကို မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးရဲ့ဝိသေသလက္ခဏာ၊ ကိုင်းရှိုင်းခြင်းနဲ့ လေးစားခံရခြင်းကို ပေးအပ်လိုက်ကြောင်း သိမြင်လာပါတယ်။ အမျိုးသားတွေရဲ့ အကြည့်အရှုတွေကို ကာကွယ်ပေးတဲ့အပြင် ကျွန်မရဲ့(ရူပကာယပေါ် အခြေမခံဘဲ) အရည်အချင်း၊ ပညာ၊ နှလုံးသားကို အခြေခံပြီး တန်ဖိုးထားသူများကိုလည်း တွေ့လာစေပါတယ်။

ဟိဂျာ့ဗ်ဟာ ကျွန်မကို ဖန်ဆင်းရှင်ထံ နာခံစေနိုင်တဲ့ အဆင့်အတန်းထိ မြှင့်တင်ပေးပါတယ်။ နာခံရမှာ၊ ဒူးထောက်ခစားရမှာ အရှင့်ရဲ့ ဖန်ဆင်းခံတွေ မဟုတ်ပါဘူး။ ကျွန်မအဖို့တော့ ဟိဂျာ့ဗ်က သွေးသားဆန္ဒ၀ါဒ တော်လှန်ရေးတစ်ခုဖြစ်တယ်၊ ဒါ့အပြင် သူတစ်ပါးအကြိုက် လိုက်လျောဖြည့်ဆည်းပေးနေခြင်းက လွတ်မြောက်စေပါတယ်။

ပြီးတော့ အမျိုးသားများနဲ့ အမျိုးသမီးများအကြားက ကရုဏာလုပ်ရပ်တစ်မျိုးလည်း ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိမ်းမြားမှု၊ မိသားစု၊ လူ့အဖွဲ့အစည်းကို ထိခိုက်စေမယ့်အရာတွေ၊ အပေါ်ယံသဘာဝတွေကနေ လွဲဖယ်သွားစေလို့ပါ။ ဒါကြောင့် ဟိဂျာ့ဗ်ရဲ့ကောင်းကျိုးများက လူမှုအသိုင်းအ၀ိုင်းပေါ်လည်း သက်ရောက်တယ်လို့ ဆိုချင်ပါတယ်။ ကျွန်မရဲ့ဟိဂျာ့ဗ်က ကျွန်မနဲ့ ဆုံတွေ့ပြောဆိုသူတိုင်း ကျွန်မ ဘာလဲဆိုတာကို သတိထားမိစေပါတယ်ရှင်။

×××××××××××

(မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

ပြန်ဆိုသူ – သြရသ ရေချမ်း

(ဖော်ပြခဲ့ပြီးသော အပိုင်းများကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်)

Comments are closed.