6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၁ ၊ ၂၀၁၆
M-Media
သတင်း-သီဟ

nvc5

ဒီဇင်ဘာ ၁၀ ရက်နေ့က လ.၀.က အရာရှိများနှင့် အစ္စလာမ်ဘာသာရေး အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် (ဓါတ်ပုံ-Ma Toke)

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံပြီး ၁၀ ရက် အကြာမှာ တွေ့ဆုံဆွေးနွေး ခဲ့သည့် အကြောင်းအရာများကို အစ္စလာမ်ဘာသာဝင်များ သိရှိစေရန် အတွက် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သတင်းထုတ်ပြန်ထားပါတယ်။ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

NV Card ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေ ရှင်းလင်း တင်ပြခြင်း
——————————————————-
ရည်ညွှန်းချက်(၁)
———————-
(၂-၉-၂၀၁၆)ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ အစ္စလာမ် ဘာသာဝင်များသို့အသိပေးအကြောင်းကြားစာ

ရည်ညွှန်းချက်(၂)
———————
(၁၀-၁၂-၂၀၁၆)ရက်နေ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပသော အစည်းအဝေး

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြာ Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန်ရှိသဖြင့် ဆွေးနွေးမှုရလဒ်ထွက်ပေါ်လာပြီးမှသာ ၄င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် ကြပါရန် အစ္စလာမ်ဘာသာဝင်များသို့ ရည်ညွှန်းချက်(၁)ပါစာ ထုတ်ပြန်ခဲ့ပါသည်။

၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတာဝန် ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့ကို ရည်ညွှန်းချက်(၂)ပါ အစည်းအဝေး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

၃။ ၄င်းအစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်း ပြောကြားရာတွင် –

– နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card)များ ထုတ်ပေးခြင်းဖြစ်ကြောင်း၊

– မြန်မာနိုင်ငံ၏ နယ်နိမိတ်ထိစပ်မှု သဘောသဘာဝအရ နှစ်နိုင်ငံလူမျိုးများရောထွေး နေမှုအပေါ် ဥပဒေအရ စိစစ်ဆဲကာလတွင် နိုင်ငံတွင်းနေထိုင်သူဖြစ်ကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခြင်းပင်ဖြစ်ကြောင်း၊

– ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း၊

– စိစစ်ဆဲကာလအတွက် ယာယီကိုင်ဆောင်ရခြင်းဖြစ်သော်ငြားလည်း သက်တမ်း ကာလကို သတ်မှတ်၍ မထားကြောင်း ပြောကြားခဲ့ကြပါသည်။

၎။ ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတာဝန်ရှိသူများက ဆွေးနွေးရာတွင် –

– နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်း အားဖြင့် နောင်တွင် ၄င်းကတ်ပြားကိုင်ဆောင်ထားသူအားလုံးကို သိမ်းကျုံး၍ တရား မဝင် ဝင်ရောက်လာသူများဟု ထင်မှတ်ကာ ပြည်သူများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊

– ယခင်ကလည်း နိုင်ငံသားစိစစ်ခြင်းကိစ္စကို အပြီးအပြတ် ဆောင်ရွက်ပေးခြင်း မပြုခဲ့ဘဲ ယာယီသက်သေခံကတ်ပြား(White Card)များကို ထုတ်ပေးခဲ့ ခြင်းကြောင့် ပြည်သူများအကြား စိတ်ဝမ်းကွဲခဲ့ရပြီး အပြစ်မဲ့သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရရုံမျှမက နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကာ နိုင်ငံဖွံဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ သဖြင့် နိုင်ငံသား ပြည်သူအားလုံး နစ်နာဆုံးရှုံးမှုကြုံတွေ့ခဲ့ရပါကြောင်း၊

– ထို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်းမပြုဘဲ ကျောသားရင်သားမခွဲ တိတိကျကျ မှန်မှန်ကန်ကန် စိစစ်၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများကို ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရန် လိုအပ်ပါကြောင်း၊

– ယခင် အစိုးရလက်ထက် မိုးပွင့်စီမံချက်ဖြင့်လည်းကောင်း၊ ယခု အစိုးရ လက်ထက် သစ္စာစီမံချက်ဖြင့် လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို ချန်လှပ်ထားခဲ့သည့်ကိစ္စနှင့် အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် လည်းကောင်း၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းရာတွင် လည်းကောင်း၊ မွေးတိုးစာရင်း ရေးသွင်းရာတွင် လည်းကောင်း ကြန့်ကြာမှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါသည်။

၅။ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားရာတွင် –

– နိုင်ငံသား စိစစ်မှု ကြန့်ကြာမှုကြောင့် ပညာသင်ကြားရေးကိစ္စ အခက်အခဲရှိသူများကို ဦးစားပေး စိစစ်ပေးလျက်ရှိကြောင်း၊

– နိုင်ငံသား စိစစ်ခြင်းကိစ္စ၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းသည့် ကိစ္စ၊ မွေးတိုး စာရင်းသွင်းသည့်ကိစ္စများကို တိကျမှန်ကန် မြန်ဆန်စေရန် ပြုပြင်ပြောင်းလဲ စီမံချက်ချဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

၆။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် ပြည်သူများအကြား စိတ်ဝမ်းကွဲစရာဖြစ်ပေါ်လာစေနိုင်သည့် NV Card ထုတ်ပေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများ ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်များသိရှိနိုင်ရန် အဖွဲ့ခွဲများမှတစ်ဆင့် ရှင်းလင်းတင်ပြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
(19-12-2016)

nvc-1 nvc-2 nvc3 nvc4

Tags:

Comments are closed.