6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၃၀၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– ကမ္ဘာကြီးက စောင်းနေတယ်၊ ရွေ့နေတယ်၊ မိမိရဲ့ ၀င်ရိုးမှာ လည်ပတ်နေတဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးကို ကုန်းမြေနဲ့ ရေပြင်တွေက ဖုံးလွှမ်းထားတယ် စသဖြင့် ထင်မြင်ယူဆခဲ့တဲ့ အချိန်တစ်ချို့ ရှိခဲ့ပြီး နေကို လမ်းကြောင်းတစ်ခုနဲ့ လှည့်ပတ်နေတယ်ဆိုတဲ့ အယူအဆက အဲဒီအချိန်မှာ ယုတ္တိကင်းတဲ့ အယူအဆမျိုး ဖြစ်ခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာ လေ့လာမှုတွေ၊ ဆန်းစစ်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းကျမှသာ  ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတာကို လူသားတွေ အသေအချာ သိရှိခဲ့ကြပြီး ‘ကမ္ဘာဂြိုဟ်’ လို့ ခေါ်တွင်ခဲ့ကြပါတယ်။

တော်လမီ (ဘီစီ ၁၂၇-၁၅၁) ဟာ ဒီအကြောင်းတွေကို အစောဆုံး တွေးခေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ရှေးခေတ်ရဲ့ ကြီးကျယ်တဲ့ နက္ခတ္တဗေဒနဲ့ သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့သူက ပုံသေရှိနေတဲ့ ကြယ်တွေရဲ့ လောင်ဂျီကျုဟာ နှစ် ၁၀၀ မှာ ၁ ဒီဂရီ၊ နှစ်စဉ် ၃၆ စက္ကန့် ရွေ့နေတယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပြီး သူ့ခေတ်အခါက ကမ္ဘာဗဟိုပြု စကြ၀ဠာစနစ်ဆိုတဲ့ အယူအဆကို ဖော်ထုတ်ရမှာ ဒီအချက်ကို တွက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီလောင်ဂျီကျု ရွေ့ရှားမှုကို the precession of the equinoxes လို့ ခေါ်ဆိုပြီး equatorial bulge အပေါ်မှာ နေနဲ့ လတို့ရဲ့ ဆွဲအားကြောင့် ကမ္ဘာလည်နေတဲ့ ၀င်ရိုးဟာ ဖြည်းဖြည်းချင်း ယိမ်းယိုင်မှုလို့ သိကြပါတယ်။

ကမ္ဘာ့ဝင်ရိုး ရွေ့လျားမှုကြောင့် ရာသီဥတုများ ပြောင်းလဲသွားနိုင်မှုကို ဖော်ပြထားသည့်ပုံ

ဒီဝင်ရိုးဟာ လည်ပြီး မူလနေရာကို ပြန်ရောက်ဖို့အတွက် နှစ်ပေါင်း ၂၅၇၈၇ နှစ် ကြာမြင့်တယ်လို့ ဒီနေ့ခေတ်မှာ သိရှိထားပါတယ်။ နေနဲ့ အနီးဆုံး၊ အဝေးဆုံး အချိန်တွေမှာ ဒီယိမ်းယိုင်မှုက သက်ရောက်မှုရှိပြီး အထူးသဖြင့် ရာသီဥတုတွေအပေါ်ကို ဖြစ်ပါတယ်။

မွတ်စလင် နက္ခတ္တပညာရှင်တွေကတော့ တော်လမီထက်ပိုပြီး ကမ္ဘာ့ဝင်ရိုး ဖြည်းဖြည်းချင်း ရွေ့နေမှုအတွက် တိကျတဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘဂ္ဂဒတ်မှာ ၁၀ ရာစုက ကျော်ကြားခဲ့တဲ့ မွတ်စလင် နက္ခတ္တဗေဒပညာရှင် မိုဟာမက် အလ်-ဘတ္တာနီ (Muhammad al-Battani) က ၀င်ရိုးဟာ နှစ်ပေါင်း ၆၆ နှစ်မှာ ၁ ဒီဂရီ၊ တစ်နှစ်မှာ ၅၄.၅၅ စက္ကန့် ရွေ့ပြီး မူလနေရာကို ပြန်ရောက်ဖို့အတွက် ၂၃၈၄၁ နှစ် ကြာမြင့်တယ်လို့ ပြောခဲ့ပါတယ်။ ၁၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မွတ်စလင်ပညာရှင် အစ်ဗနေ့ ယူနွတ်စ် (Ibn Yunus) ကလည်း တစ်နှစ်ကို ၅၁.၄၃ စက္ကန့်နဲ့ နှစ် ၇၀ ကြာရင် ၀င်ရိုးက ၁ ဒီဂရီ ရွေ့ပြီး တစ်ပတ်ပြည့်ဖို့ဆိုရင် နှစ်ပေါင်း ၂၅၁၇၅ နှစ် ကြာမြင့်မယ်လို့ ဆိုပါတယ်။ ဒီတွက်ချက်မှုတွေဟာ ဒီနေ့ခေတ် တွက်ချက်ထုတ်ပြန်ထားတဲ့ တစ်နှစ်ကို ၅၀.၂၇ စက္ကန့်နဲ့ တစ်ပတ်ပြည့်ဖို့ နှစ်ပေါင်း ၂၅၇၈၇ နှစ်ကြာတယ်ဆိုတဲ့ အချက်အလက်နဲ့ အံ့သြဖွယ်ကောင်းလောက်အောင် နီးစပ်နေတာကို တွေ့မြင်ရပါတယ်။

ကမ္ဘာကြီးက နေကို လည်ပတ်နေတဲ့ဖြစ်စဉ်မှာ ကမ္ဘာ့ဝင်ရိုးရဲ့ တိမ်းစောင်းမှုကြောင့် ရာသီဥတုတွေ ဖြစ်ပေါ်ပြောင်းလဲတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာ့မြောက်ခြမ်းက နေဘက်ကို စောင်းနေရင် နွေရာသီကို ကြုံတွေ့ရတာမျိုးပါ။ မွတ်စလင်တွေဟာ ရာသီဥတုတွေအကြောင်းကို စူးစမ်းခဲ့တာကြောင့် သူတို့ဟာ ကမ္ဘာကြီး တိမ်းစောင်းမှုနဲ့ပတ်သက်ပြီး လေ့လာတွက်ချက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဝင်ရိုး ရွေ့လျားမှုကို အနီးစပ်ဆုံး တွက်ချက်ပြခဲ့သည့် ၁၀ ရာစု မွတ်စလင်ပညာရှင်ကြီး အလ်-ဘတ္တာနီ

တော်လမီနောက်ပိုင်း ရာစုနှစ်တွေအတွင်း နက္ခတ္တဗေဒ ပညာရှင်တွေနဲ့ သင်္ချာပညာရှင်တွေဟာ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှု အတိအကျကို ဖော်ထုတ်နိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြပါတယ်။ ၁၀ ရာစုနှောင်းပိုင်းမှာတော့ အလ်-ခူဂျန်ဒီ (Al-Khujandi) ဆိုတဲ့ မွတ်စလင်ပညာရှင်တစ်ဦးဟာ အီရန်နိုင်ငံ တီဟီရန်မြို့အနီး ရေး (Rayy) ဆိုတဲ့အရပ်မှာ သုတေသနစင်တာကြီးတစ်ခု ထူထောင်ခဲ့ပြီး နေရဲ့ meridian transits တွေကို လေ့လာခဲ့ပါတယ်။  ဒီအားထုတ်မှုကြောင့်ပဲ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုကို အလ်-ခူဂျန်ဒီတစ်ယောက် အနီးစပ်ဆုံး တွက်ချက်နိုင်ခဲ့ပါတယ်။

ဒီနေ့မှာ ကမ္ဘာရဲ့ဝင်ရိုးဟာ ၂၃ ဒီဂရီ ၂၄ မိနစ် စောင်းနေတယ်လို့ ကျွန်တော်တို့ သိရှိထားပြီး အလ်-ခူဂျန်ဒီရဲ့ တွက်ချက်မှုကတော့ ၂၃ ဒီဂရီ ၃၂ မိနစ်နဲ့ ၁၉ စက္ကန့်ဖြစ်ပြီး တော်တော်လေးကို နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်ကို အသုံးချပြီး အလ်-ခူဂျန်ဒီဟာ ကမ္ဘာ့ အဓိကမြို့ကြီးတွေရဲ့ လတ္တီကျု၊ လောင်ဂျီကျုတွေကို တွက်ချက် ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒီတွေ့ရှိချက်မတိုင်ခင် ရာစုနှစ်တစ်ခုအရင် ၉ ရာစုက ဘုရင် အလ်-မာမွမ် (Al-Mamum) ဟာ မွတ်စလင် နက္ခတ္တဗေဒ ပညာရှင်တွေကို စုစည်းပြီး ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တိုင်းတာစေခဲ့ပါတယ်။ ဒီအုပ်စုဟာ ကမ္ဘာကို တစ်ပတ်ပတ်ပြီး တိုင်းတာကာ ကမ္ဘာ့အကျယ်ဟာ အာရေဗျမိုင် ၅၆၆၆၆ မိုင်၊ ကီလိုမီတာ ၁၁၁၈၁၂ (၆၉၄၇၇ မိုင်) ရှိတယ်လို့ တွေ့ခဲ့ရပြီး စက်ဝန်းမျဉ်းကို တွက်မယ်ဆိုရင်တော့ ၄၀၀၆၈.၀ ကီလိုမီတာ (၂၅၀၁၂ မိုင်) ရှိပါတယ်။ ယနေ့သိထားတဲ့ ကမ္ဘာ့စက်ဝန်းမျဉ်း အတိအကျဟာ အီကွေတာတစ်လျှောက် ၄၀၀၆၈.၀ ကီလိုမီတာ (၂၄၈၉၇ မိုင်) ဖြစ်ပြီး၊ တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်း စက်ဝန်းမျဉ်းကတော့ ၄၀၀၀၀.၆ ကီလိုမီတာ (၂၄၈၅၅ မိုင်) ဖြစ်ပါတယ်။ ဒါ့ကြောင့် အလ်-မာမွမ်ရဲ့ နက္ခတ္တဗေဒပညာရှင်တွေ တွက်ချက်မှုဟာ သိပ်ပြီး ကွာဟာတာမျိုး မဖြစ်ခဲ့ပါဘူး။

၁၀ ရာစု မွတ်စလင်နက္ခတ္တဗေဒပညာရှင် အလ်-ခူဂျန်ဒီ

၁၁ ရာစုက စွယ်စုံရပညာရှင် အလ်-ဘီရူနီ (Al-Biruni) က “ကမ္ဘာ့စက်ဝန်းမျဉ်းကို သဲကန္တာရထဲ လမ်းလျှောက်ဖို့မလိုဘဲ ဖော်ထုတ်လို့ရတဲ့ နောက်ထပ်နည်းတစ်နည်း ရှိပါတယ်” လို့ အရွှန်းဖောက်ခဲ့ပါတယ်။ သူက ဒီစက်ဝန်းမျဉ်းကို အဆင့်မြင်တဲ့ ‘စက်လုံးထုတိုင်း ညီမျှခြင်း’ (geodesic equation) နဲ့ တိုင်းတာခဲ့ပြီး သူ့ရဲ့စာအုပ် On the Determination of Coordinates of Cities (မြို့ကြီးများ၏ ကိုသြဒီနိတ်မျဉ်းများကို ဖော်ထုတ်ခြင်း) ဆိုတဲ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

သမိုင်းဆရာတစ်ဦးဖြစ်တဲ့ လန် ဘရဂ်ဂရန် (Len Berggren) က ” လူအုပ်စုနှစ်ခု သဲကန္တာရထဲမှာ လမ်းလျှောက်ပြီး စူးစမ်းဖော်ထုတ်ခဲ့ရတာကို တွက်ချက်မှုတစ်ခုနဲ့ သာမန် သင်္ချာနည်းလမ်း ပေါင်းစပ်လိုက်တာလောက်နဲ့ လုပ်နိုင်တယ်ဆိုတဲ့ အလ်-ဘီရူနီရဲ့ ဉာဏ်စွမ်းကို မြင်ရတာဟာ အံ့မခန်းပါပဲ” လို့ ရေးသားခဲ့ပါတယ်။

အလ်-ဘီရူနီရဲ့ အဲဒီစာအုပ်မှာ ကမ္ဘာ့မျက်နှာပြင်တိုင်းတာမှုကို အသေးစိတ်နဲ့ စနစ်တကျ လေ့လာဖော်ပြထားပါတယ်။ သူဟာ လတ္တီကျု၊ လောင်ဂျီကျုတွေကို တိုင်းတာခဲ့ပြီး၊ ကမ္ဘာ့ ဟိုဘက်အစွန်း ဒီဘက်အစွန်းနဲ့ ကမ္ဘာကြီးရဲ့ လုံးဝန်းမှုတွေကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ အလ်-ဘီရူနီဟာ သူ့ခေတ်သူ့အခါက တော်တော်လေးကို ရှေ့ရောက်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ဂယ်လီလီယို (Galileo) မတိုင်ခင် နှစ်ပေါင် ၆၀၀ အရင်ကတည်းက ကမ္ဘာကြီးဟာ သူ့ရဲ့ဝင်ရိုးပေါ်မှာ လည်ပတ်နေတယ်ဆိုတဲ့အကြေင်း ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက အလ်-ဘီရူနီအပါအ၀င် မွတ်စလင်ပညာရှင်ကြီးတွေက ကမ္ဘာဟာ အလုံးကြီး ဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ၁၀ ရာစု ကော်ဒိုဘာကနေ ပေးပို့တဲ့စာမှာ အစ်ဗနေ့ ဟာဇမ် (Ibn Hazm) က “လူတော်တော်များများက လက်မခံပေမယ့် ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်ပါတယ်… နေဟာ ကမ္ဘာ့ ဘယ်နေရာကကြည့်ကြည့် ဒေါင်လိုက်ဖြစ်နေတာက သက်သေပါပဲ” လို့ ရေးသားခဲ့ပါတယ်။ ဒါက မွတ်စလင် သိပ္ပံပညာရှင်တွေဟာ ကြားဖူးနားဝါတွေ၊ ဒဏ္ဍာရီပုံပြင်တွေထက် ဆန်းစစ်လေ့လာမှုကို အခြေခံပြီး ထိပ်တန်း သုတေသတွေ ပြလုပ်ခဲ့တယ်ဆိုတဲ့ နောက်ထပ် ဥပမာတစ်ခုပါပဲ။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

Comments are closed.