6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၈၊ ၂၀၂၀
M-Media

စနေနေ့ကတွေ့ရသည့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်

-ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးရေးအတွက် မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို ပိုးသတ်သန့်ရှင်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း စနေနေ့မှာ ဆော်ဒီအာဏာပိုင်တွေက ပြန်ဖွင့်ပေးခဲ့ပေမယ့် ကန့်သတ်မှုတစ်ချို့ လုပ်ဆောင်ထားပါတယ်။

ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ အွမ္မရာ ဘုရားဖူးခရီး လာရောက်မှုကို ဆော်ဒီက ပြီးခဲ့တဲ့တစ်ပတ်ကနေစပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာဗလီဝတ်ကျောင်းတော်တွေ၊ ဇမ်ဇမ်ရေတွင်းတွေကို ပိုးသတ်သန့်ရှင်းမှုတွ ပြုလုပ်ခဲ့တာပါ။

မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို သာမန်လာရောက်လည်ပတ်သူတွေအတွက် မနေ့မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ဗလီထဲက ကအ်ဘာကျောင်းတော်နေရာကို အနီးကပ်သွားရောက်ခွင့် မပြုသလို၊ ထိတွေ့ကိုင်တွယ်ခွင့်လည်း ပြုမှာမဟုတ်ပါဘူး။

မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်တွေမှာ အီရှာ ညဉ့်ဦးယံဝတ်ပြုမှုနဲ့ ဖဂျရ် အာရုဏ်တက်ဝတ်ပြုမှုတွေအကြား ဗလီဝတ်ကျောင်းတော်ကို ပိတ်ထားမှာဖြစ်သလို၊ အစားအသောက်တွေကိုလည်း ဗလီထဲ ယူခွင့်ပြုမှာ မဟုတ်ပါဘူး။ ဗလီနှစ်လုံးစလုံးမှာရှိတဲ့ ဇမ်ဇမ်ရေ ပေးဝေရာနေရာတွေကိုလည်း ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။

ဘုရားဖူးလာရောက်သူတွေ ဝတ်ပြုဆုတောင်းရာ ဆဖာရ်နဲ့ မရ်ဝါရ်တောင်ကို အွမ္မရာဘုရားဖူးခရီးစဉ် ပြန်လည်ခွင့်ပြုတဲ့အချိန်အထိ ဆက်ပိတ်ထားမယ်လို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်နေသူ ၁၁ ဦး ရှိနေပြီး ဗိုင်းရပ်စ် ထပ်မံပြန့်ပွားမှာကို စိုးရိမ်တဲ့အတွက် နိုင်ငံအရှေ့ပိုင်းက ကာတစ်ဖ်ပြည်နယ်ကို ဆော်ဒီအာဏာပိုင်တွေက တံခါးပိတ်ထားလိုက်ပါတယ်။

Ref: Middle East Eye

Comments are closed.