5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)


အောင်အောင်ထူး/RiA

ရမ်းဗြဲ၊ ဒီဇင်ဘာ ၆ ရက်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရှိ ကမန်တိုင်းရင်းသားများအား NVC ကဒ်ကို လက်ခံရန် ဖိအားပေးမှု ရှိနေပြီး လက်မခံကြောင်း ငြင်းဆိုခဲ့ကြသဖြင့် စီးပွားရေးပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံ ကမန်တိုင်းရင်းသားများက ပြောသည်။

“ နောက်ထပ် ၃၊ ၄ ရက်ဆိုရင် ပင်လယ်ထွက်ရတော့မယ်။ ပင်လယ်ကို မထွက်ရဘဲ ရက် တာရှည်လာရင် ကျနော်တို့ စီးပွားရေး အခက်အခဲတွေ ကြုံတွေ့ရမယ်။ စားရေးသောက်ရေးရော အားလုံးဖက်ကပေါ့။ မော်တော်တစ်စီးမှာ လူ ၆ ယောက်၊ ၇ ယောက်မှာ တစ်ယောက်၊ နှစ်ယောက်လောက်မှာပဲ ရှိတာ။ လူမစုံရင်လည်း ထွက်လို့မရဘူး။ အဲဒါကြောင့် NVC ကဒ်မယူရင် ပင်လယ်မထွက်ရဘူး အဲလိုပြောတယ်။ ” ဟု ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ရေလုပ်သား ဦးမောင်လှစိန်က ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ်မှုများကို ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ငြင်းဆိုမှုများ၊ လက်ခံမှုများ ရှိနေသော်လည်း ကျောက်နီမော်ဒေသရှိ ကမန်တိုင်းရင်းသားများမှာ နိုင်ငံသားဖြစ်ပြီးသူများ ပန်းရောင်ကဒ်ပြား ကိုင်ဆောင်သူများလည်း ရှိနေရာ ၎င်းတို့က NVC ကို လက်မခံလိုကြောင်း ငြင်းဆိုနေခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချူပ်က ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကဒ်မရှိသော ငါးဖမ်းစက်လှေပိုင်ရှင်များ အပါအဝင် ပဲ့နင်းနှင့် လှေသားများအားလုံးအနေဖြင့် NVC ကဒ်ကို ကိုင်ဆောင်မှသာလျှင် ငါးဖမ်းထွက်ခွင့်ပြုမည်ဟု ဖော်ပြပါရှိသည်။

ထို ညွှန်ကြားချက်အား အကောင်အထည်ဖော်ရာတွင် NVC ကဒ်ကို ယူစရာမလိုသော ကမန်တိုင်းရင်းသားများကိုပါ ယခုလို စီးပွားရေးပိတ်ဆို့လာသည်မှာ လွဲချော်မှုများ ရှိနေသည်ဟု ဒေသခံ ကမန်တိုင်းရင်းသားများက ဝေဖန်လာကြခြင်းဖြစ်သည်။

“လ.ဝ.က အတွင်းဝန် ဦးမြင့်ကြိုင်က စာ၂ (က) အပိုဒ်မှာ ရှေးနှစ်ပေါင်းမြောက်များစွာ နေလာပြီးတော့ အမျိုးသား မှတ်ပုံတင် ကဒ်ပြား သို့မဟုတ် အိမ်ထောင်စုစာရင်းတစ်ခုခု မရှိတဲ့ သူတွေမှသာ ယူရ မယ်ဆိုပြီးတော့ ဖော်ပြထားတယ်။ အခုကျတော့ လက်ဝယ်မှာ ကဒ် တစ်ခုခုလို့မရှိသူ အကုန်လုံးကို ယူခိုင်းနေတယ်။ အဲဒီတော့ လ.ဝ.က ထုတ် ပြန်တဲ့အမိန်နဲ့ လက်ရှိ အမိန့်နဲ့ ကွာဟနေပါတယ်။ ကျနော်တို့ ကျော်နီမော် မီးနှစ်ကြိမ် လောင်ဖူးတယ်။ ရွာလုံးကျွတ်။ မှတ်ပုံတင်တွေက မီးထဲမှာ ပါသွားတယ်။ သူတို့အဲဒါတွေကိုလည်း လာပြီး လုပ်မပေးဘူး။ ပင်လယ်ထွက်မယ်ဆို သူတို့ ကို NVC ယူခိုင်း နေတယ်။ အခု ကျနော်တို့ မှတ်ပုံတင်လုပ်မယ်လို့ သူတို့ကို ခေါ်တယ်။ ၈၂ ခု ဥပဒေနဲ့ ကျွန်နော်တို့ကို လာစိစစ် ကျနော်တို့ လက်ခံတယ်။ ဒါပေယ့် သူတို့ဖက်က ဆင်းမလာဘူး။ ရုံးကိုသွားရင်တော့ လျှောက်လို့ရတယ်။ ရမ်းဗြဲကိုသွားရင် ၂၀၁၂ ခု ပြဿနာ ကတည်းက သွားရေးလာရေးအခက်ခဲရှိတယ်။” ဟု ရမ်းဗြဲမြို့နယ် ကျောက်နီမော် အလယ်ပိုင်းရပ်ကွက်မှ ရပ်မိရပ်ဖ ဦးအေးနိုင်က RiA သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ရခိုင်ပြည်တွင် နေထိုင်လျှင် ကဒ်တစ်ခုခုကို ကိုင် ဆောင်ထားရန် လိုအပ်ကြောင်းနှင့် ကျောက်နီမော်တွင် လူပေါင်းအများအပြားရှိရာ အနည်းအကျဉ်းတွင်သာ နိုင်ငံသား စီစစ်ရေးကဒ်ပြားရှိကြောင်း ပြောသည်။

“ ကျောက်နီမော်က လူတွေက ပိုက်ချကြတယ်လေ။ အဲဒါကြောင့် NVC ကဒ်ရှိတဲ့လူမှ လုပ်ရမယ်လို့ အစိုးရအဖွဲ့က ညွန်ကြားထားတယ်လေ။ NVC ဆိုဟာက နိုင်ငံသားစီစစ်မှုခံဖို့အတွက် လျှောက်ထားတဲ့ အသိမှတ်ပြုလျှောက်လွှာ။ စီစစ်ရေး ကဒ်ပြားရထားတယ် ဆိုတော့ မလိုဘူးလေ။ သူတို့က စုခံတာ။ အဲဒီလိုတော့ကြားတယ်။ NVC ကဒ်မရှိရင် ငါး ဖမ်းမထွက်နဲ့။ ငါးဖမ်းမထွက်ရဘူးဆိုရင် စီးပွားရေးပိတ်ဆို့ တယ်။ အဲလိုဖြစ်ကြတာပေါ့။” ဟု ကျောက်ဖြူမြို့နယ် အုပ်ချူပ်ရေးမှူး ဦးရွှေလှအောင်က RiA သို့ ပြောသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ကမန်တိုင်းရင်းသားအများစုမှာ ရေလုပ်ငန်းကို လုပ်ဆောင်ကြပြီး ဈေးရောင်းချသူ၊ ကုန်ရောင်း ကုန်ဝယ်ပြုသူ အနည်းငယ်နှင့် လယ်ယာလုပ်ငန်းကို အနည်းကျဉ်း လုပ်ကိုင်ကြရာ ယခုလို ငါးဖမ်းထွက်ခွင့်များ တားမြစ်ခံထားရသည့်အတွက် ထို တိုင်းရင်းသားအများစု၏ စီးပွားရေးကို များစွာ ထိခိုက်လျက်ရှိနေခြင်း ဖြစ်သည်။

ဓာတ်ပုံ – စစ်တွေမြို့ ဖော်တော်ကြီးဆိပ်အနီးက ငါးဖမ်းလှေသဗ္ဗန်အချို့ ရပ်နားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – အောင်အောင်ထူး/RiA)

RIA မှ ကူးယူဖော်ပြပါသည်။

Comments are closed.