Archive for January, 2021

News January 15, 2021 at 12:16 pm 0 comments

Shareဇန်နဝါရီ ၁၅၊ ၂၀၂၁ M-Media WHO အဖွဲ့ ဝူဟန်သို့ရောက်ရှိစစ်ဆေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်စားလှယ်အဖွဲ့တွေဟာ ကိုဗစ်ပိုးရဲ့ မူလအစကို လေ့လာဖော်ထုတ်ဖို့အတွက် ဗိုင်းရပ်စ်စတင်ရာ ဝူဟန်မြို့ကို မနေ့က ရောက်ရှိလာပါတယ်။ တရုတ်အစိုးရက အဝင်မခံတာကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရတာပါ။ ပညာရှင် ၁၀ ဦးပါဝင်တဲ့ အဲဒီအဖွဲ့ဟာ ၂ ပတ်ကြာကွာရန်တင်းဝင်ပြီးနောက် လေ့လာဖော်ထုတ်မှုတွေ လုပ်ဆောင်ပါလိမ့်မယ်။ တရုတ်ကျန်းမာရေးဝန်ထမ်း၊ သုတေနပညာရှင်၊ ဗိုင်းရပ်စ်စတင်ရာ ဝူဟန်ပင်လယ်စာစျေးကလူတွေနဲ့ တွေ့ဆုံမေးမြန်းမှု လုပ်ဆောင်မှာဖြစ်သလို တရုတ်အစိုးရကပေးတဲ့ အထောက်အထားတွေကိုလည်း သုံးသပ်မှာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် ပီတာ ဘန် အမ်ဘာရက်က ဗိုင်းရပ်စ်အကြောင်း ခြေခြေမြစ်မြစ်သိရဖို့ အချိန်အတော်ကြာအုံးမယ်လို့ ခရီးစဉ်မစခင်မှာ ပြောကြားခဲ့ပါတယ်။Read More