5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီလ ၂၅၊၂၀၁၃
M-Media
သတင်း-ပသီဆောင်းနှင်းမှုံ

“အာဇာနည် တစ်ဦးချင်းစီရဲ့ အကြောင်းကို ဖော်ထုတ်လိုက်မယ်ဆိုရင် အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့နေ့ ဖြစ်တယ်ဆိုတာ ပေါ်လွင်သွားမယ်” ဟုဆိုခဲ့သူ ဦးသောင်းညွှန့်(ဖျာပုံ)

ယခုလ ၂၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည် အမျိုးသာ ခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားနှင့် ပတ်သက်၍  M-Media မှ မြို့နယ် အသီသီးမှ တက်ရောက်လာသူများထဲက ဧရာဝတီတိုင်း ဖျာပုံမြို့မှ သတင်းထောက် ဦးသောင်းညွှန့်(ဖျာပုံ)နှင့် [မကွယ်လွန်ခင် ၃ရက်ခန့်က] တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

2

ဆရာ ဦးသောင်းညွှန့်(ဖျာပုံ) မကွယ်လွန်မီ ၂ ရက်အလိုက M-Media နှင့်တွေ့ဆုံခဲ့စဉ်က

“ဒီကနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခ၊  နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ၊တွေနဲ့ပတ်သပ်ပြီး ဆရာကြီး ဦးရာဇတ် အခမ်းအနားမှာ ဆရာတော်တွေရဲ့ မိန့်ကြားချက် ၊ နောက် တက်ရောက်လာသူတွေရဲ့ ပြောကြားချက်၊အခမ်းအနားမှာပြသခဲ့တဲ့ တခန်းရပ်ပြဇာတ်တွေကို ကြည့်မယ်ဆိုရင် ဒီကနေ့နိုင်ငံတော်မှာ လိုအပ်နေတဲ့အချက်ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ် ။ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အထူးသဖြင့် ဖြည့်ဆည်းလိုက်တာဖြစ်တယ်။ ဆရာကြီးဦးရာဇတ်ရဲ့ သဘောထားကိုလည်း ဒီဘာသာပေါင်းစုံ အနေနဲ့ ဖြည့်ဆည်းသွားတာပဲ။”

“အခမ်းအနားမှာ ပြခဲ့တဲ့ပြဇာတ်ဟာ အကုန်ကောင်းတယ်။ အားနည်းချက်က တစ်ကွက်ပဲရှိပါတယ်။ဆရာကြီး ဦးရာဇတ်က တိုက်ပုံအင်္ကျီမ၀တ်ပဲ ကုတ်အင်္ကျီပဲ ၀တ်ထားမယ်ဆိုရင် ပိုကောင်းတယ်။ဒါမှသာ ဆရာကြီးဦးရာဇတ်က ဘယ်သူဆိုတာကို ကြည့်တဲ့သူတွေက မြင်တာနဲ့ ဒါကတော့ ဆရာကြီးဦးရာဇတ်ပဲလို့ ကွဲကွဲပြားပြား သိနိုင်မှာဖြစ်တယ်။ဒီလိုတာ ဆိုရင် ဆရာကြီးဦးရာဇတ်အဖြစ် သရုပ်ဆောင်တဲ့ ပုဂ္ဂိုလ်ဟာပိုပြီးပီပြင်သွားမယ်။ ဒါလေးကိုသာနာက်ပိုင်း ပြင်ဆင်ပြီး ရိုက်မယ်ဆိုရင်ပိုပြီး ဒီထက်ကောင်းသွားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ကျွန်တော်လည်း အခြားသော ညီနောင်တွေလိုပဲ ဆရာကြီးကို ချစ်ခင်လေးစားလွန်းလို့ ဖျာပုံကနေ တကူးတက ကိုလာရတာပါ။”

“အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်ပီး ဒီကနေ့အထိ မဖော်ထုတ်နိုင်သေးတဲ့ ပြဿနာတွေ ရှိပါတယ်။အဲဒါက ဘာလဲဆိုရင် ဦးအုန်းမောင်ကဟိန္ဒူဘာသာဝင် ဆိုတာကိုလည်း မသိကြတာများပါတယ် ဒီကနေ့ထိလည်း မဖော်ထုတ်နိုင်ခဲ့ဘူး၊အဲဒါကို အလေးထားပြီး ဖော်ထုတ်ပေးဖို့လည်း လိုပါတယ်။ဒီအာဇာနည်တွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ပါသလို၊ အစ္စလာမ်လည်းပါတယ်၊ ခရစ်ယာန်လည်းပါတယ်၊ဟိန္ဒူလည်းပါ ပါတယ်။ ဟိန္ဒူဘာသာဝင် ဦးအုန်းမောင်ကိုလည်း သူ့ရဲ့မိသားစုတွေနဲ့ စာနယ်ဇင်းတွေကတွေ့ဆုံပြီး ဖော်ထုတ်ပေးသင့်ပါတယ်။ ဒီလိုသာ အာဇာနည်တစ်ဦးချင်းစီရဲ့  အကြောင်းကိုဖော်ထုတ်လိုက်မယ်ဆိုရင် အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း  ညီညွှတ်တဲ့ရေးနေ့ ဖြစ်တယ်ဆိုတာ ပေါ်လွင်သွားမယ်”

3

ဆရာ ဦးသောင်းညွှန့်(ဖျာပုံ) မကွယ်လွန်မီ ၂ ရက်အလိုက M-Media နှင့်တွေ့ဆုံခဲ့စဉ်က

“ခရစ်ယာန် ဘာသာဝင်က မန်းဘခိုင်ပါ၊ မန်းဘခိုင်မှာ ဗုဒ္ဓဘာသာမိသားစုနဲ့ ခရစ်ယာန်မိသားစုဆိုပြီး မိသားစု နှစ်ခုရှိပါတယ်။ဘာသာကြီး လေးခုရဲ့ သွေးစည်းညီညွှတ်တဲ့ဟာကို ဘယ်လိုပုံစံနဲ့မှ လုပ်ယူလို့မရပါဘူး၊အဲဒါကို စာနယ်ဇင်းလောက က သူဘယ်သူလဲဆိုတာကို ထဲထဲဝင်ဝင်လေ့လာပြီး ဖော်ထုတ်ပါ။”

“ဆရာကြီးဦးရာဇတ်တင်မက အားလုံးကိုဖော်ထုတ်သွားမယ်ဆိုတာ ကြားရတဲ့အတွက် ကျင်းပရေးကော်မတီကို ကျေးဇူးတင်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဟာ အလကား ပျော်ပါးလုပ်နေတာ မဟုတ်ဘူး သွေးက စကားပြောခဲ့တယ်ဆိုတာကို ကျေကျေနပ်နပ်ကြီး သိအောင်ဒါတွေကို ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်သွားပါလို့ ကျင်းပရေး ကော်မတီကို ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်”

ဒီကနေ့ အခြေအနေနဲ့ပတ်သပ်ပြီး M-Media  မှမေးမြန်ချက်ကို ဆရာသတင်းထောက် သောင်းညွှန့်မှ အခုလို အောက်ပါအတိုင်း ဆက်လက် ပြောကြားခဲ့ပါသေးသည်။

ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ သတင်းစာ ထုတ်ဝေခွင့်ကို နိုင်ငံတော်က ပေးမယ်လို့ပြောတယ်။သို့သော်လည်းပဲ သတင်းစာ အတွေ့အကြုံရှိတဲ့ သူတွေက မြန်မာပြည်မှာ အင်မတန်နည်းပါတယ်။သတင်းစာ အတွေ့အကြုံရှိတဲ့သူတွေက ထင်ထင်ရှာရှားဆိုလို့ ဆရာဦးဝင်းတင်ရယ် ၊ကြေးမုံဦးရဲတင့် ရယ်တို့လောက်ပဲရှိတယ်၊လက်ချိုးရည် လို့ရတယ်။ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ပုဂ္ဂလိက သတင်းစာ ဖြစ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး”ဟု ဝေဖန်သုံသပ်ပြောကြားခဲ့ပါသည်။

အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင် ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ) ဟာ ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာရဲ့ တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ စေတနာ မေတ္တာကို M-Media တွေ့ဆုံခန်းမှ ခံစားသိရှိနိုင်ကြပါစေ။
ဆရာ ကောင်းရာသုဂတိလားပါစေလို့ M-Media မှ ဆုမွန်ကောင်းတောင်းပါတယ်။

Leave a Reply