2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media

မတ် ၉ ၊ ၂၀၁၃

onislam.net တွင်ဖော်ပြထားသော My Muslim Hero Project: The Doctor of Doctors (ရေးသားသူ ခရစ်ယာန်ဘာသာဝင် Dr. Jay Hayes-Light ) ဆောင်းပါးကို မြန်မာပြန်ပါသည်။

 

Avicenna Aug 23, 2011

အစ္စလာမ့် သမားကျော် အစ်ဗနေ့ဆီနာ

ကျနော့်ရဲ့ ရှုထောင့်အရဆိုရင်ပေါ့ဗျာ။ မွတ်စလင်သူရဲကောင်းတွေကို ရွေးချယ်ရခြင်းဟာ အလွန်ကိုခက်ခဲလှပါ တယ်။ ရွေးချယ်စရာ အလွန်နည်း လို့ တော့ မဟုတ်ဘူး။ သူရဲကောင်းအမျိုးသားတွေ၊ အမျိုးသမီးတွေ မြောက်များစွာထဲက ရွေးချယ်ရမှာ ဖြစ်လို့ပါ။

တွေးခေါ်ပညာရှင် ဘာထရန် ရော့ဆဲလ်(Bertrand Russell) ရေးတဲ့ အနောက်ကမ္ဘာ ဒဿနိကဗေဒသမိုင်း (History of Western Philosophy) စာအုပ်ထဲမှာ၊  သိပ္ပံ၊ ဒဿနိကဗေဒ၊ ဘောဂဗေဒ၊ အနုပညာ၊ ကဗျာစာပေနဲ့ ဆေးပညာ စတဲ့ နယ်ပယ်တွေကို   တစ်ခေတ်ဆန်းသစ်စေခဲ့တဲ့ အစ္စလာမ်နဲ့ မွတ်စလင် လူ့အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှုတွေအကြောင်းကို ၀န်ခံ ဖော်ပြထားပါတယ်။

သူရဲကောင်းတစ်ယောက်အဖြစ် ခွဲခြားသတ်မှတ်တဲ့အခါ အကြင်နာမေတ္တာကို အဲဒီလူရဲ့ ၀ိသေသလက္ခာတွေထဲက တစ်ခုအဖြစ် တန်ဖိုးဖြတ်ဖို့ ကျနော့် အယူဝါဒ(ခရစ်ယာန်)ရဲ့ သွန်သင်မှုက ကျနော့်ကို တိုက်တွန်းနှိုးဆော်ပေးတယ်။ ဒါပေမယ့် ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း ကျနော့်ရွေးချယ်မှုကို လွှမ်းမိုးခဲ့ပါတယ်။  ကျနော်ဟာ ကလေးစိတ်ကျန်းမာရေး ပါရဂူတစ်ယောက်ပါ။ ပြီးတော့ အစ္စလာမ့်ဆေးပညာက လူသားတွေ ကို ပေးအပ်ခဲ့တဲ့ ကူညီထောက်ပံ့မှုကိုလည်း ကျနော် သတိပြုမိပါတယ်။

အစ္စလာမ်သာသနာ စတင်ပြီး ရာစုနှစ်အနည်းငယ်အတွင်းမှာ အစ္စလာမ်ကမ္ဘာဟာ အနောက်ဘက် အတ္တလန်တိတ် သမုဒ္ဒရာအထိ၊ အရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ မွတ်စလင်တွေ သွားခဲ့တဲ့နေရာတိုင်းမှာ ယူနာနီ (Unani) သမားတော်တွေ ပါဝင်ခဲ့ပါတယ်။ ရောက်ရှိတဲ့ အရပ်ဒေသရဲ့အခြေအနေ၊ ရင်းမြစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့ကိုယ်သူတို့ ပြင်ဆင်ပါတယ်။ အဲဒီ သမားတော်တွေဟာ သူတို့ရောက်ရှိ ခဲ့တဲ့ ဓလေ့အမျိုးမျိုး၊ ဆေးကုသမှု ပုံစံအမျိုးအမျိုးကနေ ဆေးဝါးအသစ်တွေ၊ နည်းပညာတွေ၊ ကုသမှုနည်းလမ်းအသစ်တွေကို လေ့လာရင်း ယူနာနီ ဆေးပညာရပ်ကို (Unani Tibb) ပိုမို ကြွယ်ဝစေခဲ့ပါတယ်။ အဲဒီအထဲမှာ အိန္ဒိယက အယုဝိဒဆေးပညာနဲ့ မြေထဲပင်လယ် ဘက်က ဆေးပညာ ရပ်တွေလည်း ပါဝင်ပါတယ်။

၁၃ ရာစု အဆုံးပိုင်းလောက်မှာ အာရဗ်ပညာရှင်များဟာ ဆေးပညာထဲကို သင်္ချာ ပညာရပ် ပေါင်းထည့်ခဲ့ပါတယ်။ ဒါဟာ ဆေးကုသ မှုဆောင်ရွက်တဲ့ အခါနဲ့ ဆေးညွှန်းတွေရေးတဲ့အခါမှာ တိကျဖို့အတွက် လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး၊ သာမန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များ ရောဂါရဲ့ဇစ်မြစ်ကို မှန်းဆဖို့ နည်းလမ်းပေးခြင်းလည်းဖြစ်ပါတယ်။ လေ့လာစူးစမ်းခြင်း၊ လက်ရှိ အဖြစ်အပျက်၊ တွက်ချက်မှုတွေကို အသုံးချပြီး ရောဂါရဲ့အဆိုးဝါး ဆုံးအချိန် ကို တွက်ချက်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ လူနာတွေအတွက် ပိုမို ထိရောက်တဲ့ ဆေးညွှန်းကို ပေးနိုင်မှာပါ။

 

အစ်ဗနေ့ဆီနာ

သူရဲကောင်းတစ်ယောက်ကို ရွေးချယ်ဖို့အတွက် ဆေးပညာရပ်နယ်ပယ်ကို ဆွဲခေါ်သွားပါမယ်။ ကျနော်၏ ရွေးချယ်မှုကတော့ အဗီဆီနာ (Avicenna)(အဘူ အလီ ဆီနာ သို့မဟုတ် အစ်ဗနေ့ ဆီနာ (Abu Ali Sina, or Ibn Sina (980-1037)) ဖြစ်ပါတယ်။ အဗီဆီနာဟာ ပါရှန်(အီရန်) လူမျိုး သမားတော်နဲ့ ဒဿနိကဗေဒပညာရှင် ဖြစ်ပြီး ဆမနစ် မင်းဆက်(Samanid dynasty)၊ မြို့တော် ဘူခါရာ(Bukhara) မြို့အနီးအနား မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်ရောက်ချိန်မှာ သူဟာ ကုရ်အာန်ကျမ်းစာ၊ အာရဗီဘာသာစာပေနှင့် အာရဗီသဒ္ဒါ ကို လေ့လာသင် ယူခဲ့ပါတယ်။

အသက် ၁၆နှစ်အရွယ်မှာ သဘာဝသိပ္ပံဘာသာရပ်၊ အခြေခံ ရုပ်လွန်ပညာနဲ့ ဆေးပညာရပ် တို့ကို လည်း ကျွမ်းကျင်တတ်မြောက်ခဲ့ပါယ်။ အဲဒီနောက်ပိုင်း မှာ သူဟာ လူနာတွေကို စတင်ကုသပါတယ်။

အဗီဆီနာ(အနောက်ကမ္ဘာက ခေါ်ဝေါ်သည့် အမည်)ဟာ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ ဥပဒေ၊ နက္ခတ္တဗေဒ စတဲ့ ပညာရပ်နယ်ပယ်တော်တော်များများမှာ ကူညီပေးခဲ့သူပါ။ ဒါပေမယ့် သူရဲ့ အကြီးမားဆုံး အမွေအနှစ်ကတော့ ဆေးပညာနယ်ပယ်မှာ ကျန်ရစ်ခဲ့ပါတယ်။ သူဟာ အရစ္စတိုတယ်ရဲ့ အယူအဆကို အဓိက ဘာသာပြန်ခဲ့သူဖြစ်ပြီး၊ သိပ္ပံနယ်ပယ်၊ ဘာသာရေးနယ်ပယ်နဲ့ ဒဿနိက နယ်ပယ်တို့အတွက် စာအုပ်ပေါင်း ၂၀၀ နီးပါး ရေးသားခဲ့ သူလည်းဖြစ် ပါတယ်။

အဗီဆီနာရဲ့ အရေးအကြီးဆုံး လုပ်ဆောင်ချက် နှစ်ခုကတော့ ရှီဖာ (‘Shifa’) နဲ့ အလ် ကန်နန် ဖိတစ်ဘ်( ‘Al Qanun fi Tibb’) ခေါ်တဲ့ ကျမ်းနှစ်စောင် ပြုစုခဲ့တာပါ။ ပထမတစ်အုပ်ကတော့ (အရစ်တိုတယ်ရဲ့ အယူအဆကို အခြေခံထားတဲ့) ဒဿနိကဗေဒဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်ခဲ့ပြီး၊ ဒုတိယတစ်အုပ်ကတော့ ဆေးပညာသမိုင်းမှာ တခုတည်းသော အကျော်ကြားဆုံး စာအုပ်ပါ။ သူရဲ့ ဆေးကုသမှုစနစ်တွေဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ အချိန်အတော်ကြာ စံနမူနာဖြစ်ခဲ့ပါတယ်။

ကန်နန်စာအုပ်ဟာ ဂရိ-အာရဗ် ဆေးပညာရပ်တွေကို ပေါင်းစည်းရေးသားထားတဲ့ ကျယ်ပြန့် ပြည့်စုံတဲ့ စာအုပ်ဖြစ်ပြီး ဥရောပနဲ့ အာရှမှာရှိတဲ့ ဆေးပညာ သင်ကျောင်းတွေနဲ့ လက်တွေ့ကုသမှုတွေမှာ ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပါတယ်။ ဆေးပညာမှာ အရေးပါတဲ့ စမ်းသပ်တွေ့ရှိမှုပေါင်းများစွာလည်း အဲဒီစာအုပ်ထဲမှာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အဗီဆီနာဟာ တီဘီရောဂါ၊ ၀မ်းကိုက်ရောဂါ စတဲ့ ရောဂါတွေရဲ့ ကူးစက်ပျံနှံ့နိုင်စွမ်းကို ပထမဦးဆုံး စမ်းသပ်တွေ့ရှိခဲ့တဲ့သမားတော်ပါ။ ရေမှ တစ်ဆင့် ရောဂါပျံနှံခြင်း၊ အလ်ကိုဟောနဲ့ ဆာလဖျူရစ်အက်စစ်များရဲ့ ဂုဏ်သတ္တိ၊ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေ၊ ဆီချိုရောဂါ စတာတွေကိုလည်း စမ်းသပ် တွေ့ရှိခဲ့ပါတယ်။

အဗီဆီနာကို ခေတ်သစ်ဆေးပညာဘာသာရပ်ရဲ့ ဖခင်လို့ လူတော်တော်များများက သတ်မှတ်ပါတယ်။ ဘယ်လ်ဂျီယံမှ ဓာတုဗေဒနဲ့ သမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ ဂျော့ဂ်ျ စာတန်(George Sarton) က “အစ္စလာမ်သာသနာရဲ့ အကျော်ကြားဆုံး သိပ္ပံပညာရှင်၊ မျိုးနွယ်အားလုံး၊ ဒေသအား လုံး၊ ခေတ် အားလုံးရဲ့ အအောင်မြင်ဆုံးထဲက တစ်ယောက်” လို့ သူကို တင်စားခဲ့ပါတယ်။

“ဆရာဝန်များရဲ့ ဆရာဝန်” လို့ သမုတ်ကျတဲ့ အဗီဆီနာရဲ့ ဘ၀၊ သူရဲ့ လုပ်ဆောင်ချက်တွေအတွက် အထိမ်းအမှတ်တွေလည်း ရှိပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆေးတက္ကသိုလ် ခန်းမမှာ သူရဲ့ ပုံတူပန်းချီကို ချိတ်ဆွဲထားပြီး လမျက်နှာပြင်ပေါ်က ချိုမ်းဝှမ်းတစ်ခုရဲ့ အမည်နာမကိုလည်း (သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့) အဗီဆီနာလို့ အမည်ပေးထားပါတယ်။

ဆေးကျောင်းသားတွေ၊ ဆေးပညာနဲ့ ဆက်စပ်တဲ့နယ်ပယ်ကသူတွေဟာ ဒီ ပုဂ္ဂိုလ်ကျော်ကြီးရဲ့ အ၀အကြောင်းနဲ့ သူရဲ့ လုပ်ဆောင်ချက်တွေ ကို လေ့လာ သင့်ပါတယ်။ ဒွိတ္တ၀ါဒ (အဆိုးအကောင်း ဆန့်ကျင်ဘက်တို့ ဒွန်တွဲ နေသည်ဟူသော သဘောတရား) နဲ့ ပက်သက်ပြီး သူပြောခဲ့တာတွေကို လည်း နားထောင်သင့်ပါတယ်။

Leave a Reply