5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီလ ၅၊ ၂၀၁၃
M-Media
အမ်တူးအေ

မွတ်စလင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ပြောကြားခဲ့ခြင်း၊ တာဝန်ရှိသူ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းချက်

ko wana shwe

ရန်ကုန် ။ ။ ယနေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါရှိသော “တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်”ခေါင်းစဉ်သတင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

Q – ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ကြီးအနေနဲ့ ပြောဆိုခဲ့တာများရှိပါသလား။
A – ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော်တို့ မနေ့ကတည်းက တိုင်းသာသနာရေးမှူးပြောတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ရုံးကို သွားလိုက်တယ်။ အစိုးရအဖွဲ့ရုံးကို သွားပြီးတော့ လူမှုရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းကို တင်ပြတယ်။

Q – ဟုတ်ကဲ့
A – တင်ပြပြီး ပြန်လာတဲ့အခါ ဦးအောင်ကြည်ကို ကျွန်တော်တို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ဦးအောင်ကြည် ပြောခဲ့တဲ့ ဗလီတွေကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်တာ ပြန်ပြင်ဖို့ ပြောတဲ့အခါ၊ သူက သူပြန်ပြင်ပေးပါ့မယ်၊ သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ပြောတယ်။ ဒီလိုပြောပြီးတော့ မနေ့ညကလည်း ကျွန်တော်တို့ သာသနာရေးဝန်ကြီးရဲ့ PA ဆီကို ကျွန်တော်တို့ အကြောင်းကြားတယ်။
ဦးအောင်ကြည်ကလည်း ဒါနဲ့ပတ်သက်လို့ မနေ့ညက ၂-ကြိမ်တိုင်တိုင် ကျွန်တော်တို့ကို သူဖုန်းဆက်လာတယ်။ အခု မနက်(၁၀)နာရီကို ကာကွယ်ရေးဝန်ကြီး ရုံးခန်းမှာ တစ်ခါပြန်ချိန်းတယ်။ ကျွန်တော်တို့က အခုမနက်မှာ NLD နဲ့ တွေ့ဆုံဖို့ရှိနေတော့ ဦးအောင်ကြည်နဲ့ နေ့လည် (၂)နာရီမှာ ပြန်ချိန်းထားတယ်။

Q – ဟုတ်ကဲ့။ ဒါဆို ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ “တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်”ဆိုပြီးပါလာတယ်။ အဲဒါကိုရော ဘယ်လိုများ ဖြေရှင်းဖို့ စဉ်းစားထားပါသလဲ။
A – ကန့်ကွက်ဆန္ဒပြမယ်ဆိုတာမျိုးကို ကျွန်တော်တို့က တတ်နိုင်သမျှ ထိန်းသိမ်းပါတယ်။ လူစုလူဝေးနဲ့ ဆောင်ရွက်တဲ့ဟာက ကျွန်တော်တို့ လူနည်းစုအတွက်က အင်မတန်မှ အခက်အခဲရှိနိုင်တယ်။ ကျွန်တော်တို့က အဲဒါမျိုးတော့ မဆောင်ရွက်စေချင်ဘူး။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ၀န်ကြီးဆီကိုရော၊ ဦးအောင်ကြည်ကိုရော ပြောပြပါမယ်။

Q – ဟုတ်ကဲ့။
A – ဗလီကိစ္စနဲ့တ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဆီကိုရော ဦးအောင်ကြည်ကိုရော ပြောပြီးပါပြီ။ ဦးအောင်ကြည်ရဲ့ သဘောထားက ဒါမဟုတ်ပါဘူး။ သူပြောလိုက်တဲ့ဟာကို ဖြတ်ထည့်လိုက်လို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။

Q – ဟုတ်ကဲ့၊ အဲဒါဆောင်ရွက်နေတာအတွက်လည်းကောင်းပါတယ်။ အခုက စောင့်ကြည့်ဂျာနယ်မှာ မွတ်စလင်မ်တွေက သာသနာရေးဝန်ကြီးပြောတာကို မကျေနပ်လို့ ဆန္ဒပြမယ်ဆိုတာ ပါလာတော့ ထင်ယောင်ထင်မှားဖြစ်သွားမှာမျိုး ရှိနိုင်ပါလား။
A – ကျွန်တော်တို့ကတော့ အဲလိုမျိုးလုပ်မယ်လို့ ဘယ်သူ့ကိုမှလည်း မပြောဖူးဘူး။ လုပ်ဖို့လည်းမရှိဘူး။

Q – ဒါဆိုရင် အကယ်၍ သာသနာရေးဝန်ကြီးနဲ့တွေ့တဲ့အခါမှာ အခုဂျာနယ်ပါကိစ္စကိုရော ထည့်ပြောသင့်တယ်လို့ ထင်ပါသလား။
A – ပြောသင့်ပါတယ်။ နောက်ပြီး မီဒီယာကလည်း ဒါကို ဖော်ပြပေးသင့်ပါတယ်။ မွတ်စလင်မ်ထုက ဆန္ဒပြဖို့မဟုတ်ဘူး။ ဆန္ဒပြဖို့လည်းမရှိဘူး။ မွတ်စလင်မ်ထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးရော၊ ရန်ကုန်ုတိုင်းအစိုးရအဖွဲ့ရော၊ ကာယကံရှင် ဦးအောင်ကြည်ကိုရော တိုက်ရိုက်တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ပဲလုပ်ပါမယ်။

Q – ဟုတ်ကဲ့ပါ။
A – ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ အိုလမာအပါအ၀င် (၄)ဖွဲ့ကနေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေပါတယ်။ နေ့လည်(၂)နာရီမှာ တွေ့ဆုံပြီး ပြန်လာရင်လည်း ကျွန်တော်တို့တွေ့ဆုံမှုကို ပြောပြပါ့မယ်။

Q – ဟုတ်ကဲ့ပါ။

Leave a Reply