5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ-၁၇၊၂၀၁၃
M-Media
ဝေဇင် စုစည်းတင်ပြသည်။

ငယ်ဘဝ

1

မုဟမ္မဒ်အလီကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဖြစ်သည်။ ငယ်နာမည်မှာ ကက်စီးယက်စ် မာဆဲလ်လက်စ် ကလေး(Cassius Marcellus Clay) ဖြစ်သည်။ ကလေး ကို လက်ဝှေ့ထိုးရန် ပထမဦးဆုံးညွှန်ကြားသူမှာ လူဝီဗေးလ် မြို့ရှိ ရဲအရာရှိတစ်ဦးဖြစ်ပြီး သူ၏ လက်ဦးဆရာလည်းဖြစ်သည်။ ထိုအချိန်က ကလေးမှာ အသက် ၁၂ အရွယ်သာရှိသေးသည်။ ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။

ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ

2

ပရော်ဖက်ရှယ်နယ်ဘ၀ ပထမဦးဆုံးပွဲကို ၁၉၆၀ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျွန်နေ ဟန်စကာ(Tunney Hunsaker) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ကလေး က အနိုင်ရရှိခဲ့သည်။ ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ ၁၉ ပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ချေ။ ၁၅ ပွဲတွင် ပြိုင်ဘက်များကို အလဲထိုး၍ အနိုင်ယူခဲ့လေသည်။

ဟဲဗီးဝိတ်ချန်ပီယံ

ali_liston_1024x768

ကလေး၏ ရလဒ်ကောင်းများကြောင့် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ ကလေးနှင့် လစ်စတန်တို့၏ပွဲကို ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ မထိုးသတ်မီ တစ်ရက်အလို ကိုယ်အလေးချိန် စစ်ဆေးသောနေ့တွင် ကလေးက သူသည် လစ်စတန်အား “လိပ်ပြာကဲ့သို့ မျောလွင့်၍ ပျားကဲ့သို့ တုပ်မည်” (float like a butterfly and sting like a bee) ဟု သူ၏ ထိုးသတ်မည့်နည်းစနစ်ကို တင်စားခဲ့ပြီး သူ၏ နာမည်ကျော် နည်းစနစ်လည်းဖြစ်ခဲ့သည်။ ကလေးနှင့် လစ်စတန်တို့ထိုးသတ်ရာတွင် စတုတ္ထအချီမှလွဲ၍ အချီတိုင်းတွင် ကလေးက အသာရခဲ့သည်။ ၇ ချီမြောက်တွင် ပြိုင်ဘက် လစ်စတန်က ဘယ်ဘက်ပခုံးဒဏ်ရာရရှိ၍ ထပ်မံထိုးသတ်ရန် ငြင်းဆန်ခဲ့သောကြောင့် ကလေးမှာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။ ထိုစဉ်က ကလေးမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည်။

အစ္စလာမ်သာသနာသို

Muhammad Ali Boxer

Muhammad-Ali-Converted-to-Islam-Religion

ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ကြောင်း ကြေညာခဲ့ပြီး သူ၏ အမည်ကိုလည်း မုဟမ္မဒ်အလီ အဖြစ် ပြောင်းလဲခဲ့သည်။ လူမည်း မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် နေးရှင်းအော့ဖ် အစ္စလာမ်(Nation of Islam) အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။

ချန်ပီယံဘွဲ့ ကာကွယ်

ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသည့် လစ်စတန်က အလီအား ပြန်လည်စိန်ခေါ်ခဲ့ပြီး မေလတွင် ယှဉ်ပြိုင်ထိုးသတ်ရန် သတ်မှတ်ခဲ့သည်။ ထိုပွဲတွင် အလီက ပထမအချီ ၁ မိနစ်နှင့် ၅၂ စက္ကန့်မှာပင် လစ်စတန်အား အလဲထိုး အနိုင်ယူခဲ့သည်။

အလီသည် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲကို ဖလွိုက်ပတ်တာဆန်နှင့် ထိုးသတ်ခဲ့ပြီး အလီ ကပင် အနိုင်ရရှိခဲ့သည်။

WBA  ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်သူ အာနီတယ်ရယ် (Ernie Terrell) နှင့် ၁၉၆၆ မတ်လ ၂၉ ရက်နေ့တွင် ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း ဗီယက်နမ်စစ်ပွဲနှင့် ပက်သက်သည့် အလီ၏ မှတ်ချက်ကြောင့် အီလီနွိုက်စ်ပြည်နယ် အားကစားကော်မရှင်က ပြိုင်ပွဲကျင်းပရန် ခွင့်မပြုခဲ့ပေ။

ထို့ကြောင့် အလီသည် အမေရိကန်ပြင်ပသို့ ထွက်ခဲ့ပြီး ဂျော့ဂ်ျ ချူဗလို(George Chuvalo)နှင့် ကနေဒါတွင်လည်းကောင်း၊ ဟင်နရီကူးပါး(Henry Cooper)၊ ဘရိုင်ယန် လန်ဒန်(Brian London) တို့နှင့် လန်ဒန်တွင်လည်းကောင်း၊ ကားလ် မိုင်လ်ဒန်ဘာဂါ(Karl Mildenberger)နှင့် ဖရန့်ဖတ်တွင်လည်းကောင်း အသီးသီး ထိုးသတ်ခဲ့ပြီး အလီကပင်အနိုင်ရရှိကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့သည်။

ထို့နောက် အမေရိကန်သို့ပြန်လာခဲ့ပြီး တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကလီဗ်လန်ဒ် ၀ီလီယံ(Cleveland Williams) နှင့်ထိုးသတ်ခဲ့ပြီး သုံးချီအတွင်း အလီက အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

ထို့နောက် ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အာနီတယ်ရယ်နှင့်ထိုးသတ်ခဲ့သည်။ တစ်လကြာပြီးနောက် ဇိုရာဖော်လီ(Zora Folley) နှင့်ထိုးသတ်ခဲ့ပြီး အလီကပင် အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ အလီ၏ ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲ၏ နောက်ဆုံးပွဲဖြစ်ခဲ့ပြီး အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။

တစ်ကျော့ပြန် လက်ဝှေ့သမားဘဝ

၁၉၇၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အတ္တလန်တာပြည်နယ် အားကစားကော်မရှင်က အလီအား လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင်ကို ပြန်လည် ထုတ်ပေးခဲ့သည်။ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင် ပြန်ရပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဂျယ်ရီ ကွာရီ(Jerry Quarry) နှင့် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် အလီမှ အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက် လက်ဝှေ့ကော်မရှင်ကလည်း အလီအား လက်ဝှေ့ပြန်လည်ထိုးသတ်ခွင့် ပြုခဲ့ပြီး၊ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် အော်စကာ ဘိုနာဗီနာ(Oscar Bonavena) နှင့် ထိုးသတ်ခဲ့သည်။ ၁၅ ချီအထိ ထိုးသတ်ပြီးနောက် အလီကပင် အနိုင်ရရှိကာ ထိုစဉ်က ဟဲဗီးဝိတ်ချိန်ပီယံ ဂျိုးဖရေဇာ(Joe Frazier)ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။

အလီနှင့် ဖရေဇာတို့၏ပွဲကို ၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး “ရာစုနှစ်၏အကောင်းဆုံးပွဲ” (Fight of the Century) ဟု အမည်တပ်ခြင်းခံရသည်။ ၁၅ ချီအပြည့်ထိုးသတ်အပြီးတွင် ဖရေဇာက မိုဟာမက်အလီအား အနိုင်ရရှိခဲ့သည်။ ထိုပွဲမှာ မုဟမ္မဒ်အလီ၏ ဖရော်ဖက်ရှင်နယ် လက်ဝှေ့သက်တမ်းတစ်လျှောက် ပထမဦးဆုံးရှုံးပွဲဖြစ်သည်။ အလီသည်၁၉၇၃ ခု မတ်လ၌ ကင်နော်တန်(Ken Norton) နှင့် ထိုးသတ်သောပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့လေသည်။ သို့ရာတွင် စက်တင်ဘာ ၁၀ရက်နေ့တွင် နော်တန်နှင့် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ခဲ့ရာ အလီက အနိုင်ရရှိခဲ့သည်။ သူ့အား အနိုင်ယူခဲ့သည့် ဖရေဇာနှင့် ၁၉၇၄ ခု ဇန်န၀ါရီလတွင် မကြေပွဲထိုးသတ်ခဲ့ကာ အလီကပင် အနိုင်ရရှိခဲ့သည်။

 

တကျော့ပြန် ဟဲဗီးဝိတ်ချန်ပီယံ

 GeorgeForeman_MuhammadAli_boxe_30101974_1_600

၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman) နှင့်ထိုး သတ်ရန် စီစဉ်ခဲ့ပြီး အလီအား အစဉ်တစိုက်အားပေးခဲ့သူ ဟောင်းဝဒ် ကောစဲလ် (Howard Cosell) အပါအ၀င် မည်သူကမျှ ထိုပွဲတွင် အလီနိုင်လိမ့်မည်ဟု မထင်မှတ်ကြပေ။ အလီမှာ လက်ဝှေ့ကျော် ဂျိုးဖရေဇာနှင့် ကင်နော်တန်တို့ကို အကြိတ်အနယ် ထိုးသတ်ခဲ့ရပြီး ဖိုမန်ကမူ ဒုတိယအချီတွင်ပင် နှစ်ဦးစလုံးအား အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။

ထိုပွဲတွင် ဒုတိယအချီမှစ၍ အလီသည် ဖိုမန်၏ တရစပ်ထိုးသတ်ခြင်းကိုခံခဲ့ရသော်လည်း ၈ ချီမြောက်တွင် အလီက ဖိုမန်အား ပြင်းထန်သည့် လက်သီးချက်ဖြင့် အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။

၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။

ဂုဏ်ပြုခံ အလီ

ali

မုဟမ္မဒ်အလီသည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

Leave a Reply