6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်-၂၆၊ ၂၀၁၃
M-Media

ကိုင်ရို။    ။ ဟိန္ဒူအိမ်နီးချင်းများ၏ အသက်အန္တရာယ်ပေးနိုင်မှုများကို ကျောခိုင်းကာ ဂူဂျာရဒ် မွတ်စ်လင်မ် ပရဟိတအဖွဲ့အစည်းမှ လိုအပ်ချို့တဲ့နေသည့် ဟိန္ဒူမုဆိုးမများအား  ထောက်ပံ့ကူညီပေးလျက်ရှိကြောင်းသိရသည်။

Gujarat Muslims Support Hindus Widows
“၂၀၀၂ ခုနှစ် က ဖြစ်ပေါ်ခဲ့သော မွတ်စလင် နှင့် ဟိန္ဒူများကြားရှိ အဓိကရုဏ်းကြောင့် ဂိုဒ်ဟ်ရာ(Godhra)တွင် မွတ်စလင်နှင့် ဟင်ဒူများ မသင့်မြတ်ကြဘူးလို့အားလုံးကထင်နေကြတယ်။ ဒါကြောင့် “အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ စည်းလုံးညီညွှတ်မှုကို ပိုမိုအားကောင်းလာအောင် ဟိန္ဒူ မုဆိုးမများကို ထောက်ပံ့ဖို့ ရံပုံငွေအဖွဲ့က ဆုံးဖြတ်ခဲ့ကြပါတယ် ” ဟု Hamdard Charitable Trust (HCT) ၏ ဥက္ကဌ မုဖ်သီ ဟာရွန်စင်ဒီ (Mufti Haroon Sindhi) မှ ဇွန် ၂၄ ရက်၊ တနင်္လာနေ့တွင် The Times of India သို့ ပြောကြားခဲ့သည်။

မွတ်စ်လင်မ် ပရဟိတ ဒါနအဖွဲ့အစည်းမှ ဟိန္ဒူအမျိုးသမီး မုဆိုးမ ၅၄ ယောက်အတွက် နေ့စဉ်အစားသောက် ထောက်ပံ့ရေးကို တာဝန်ယူခဲ့သည်။

အသက် ၄၀ အရွယ်ရှိ ဟိန္ဒူ အမျိုးသမီး ကလာပါတဲလ် (Kala Patel) သည် ထိုအထောက်ပံ့ခံမုဆိုးမများအနက် တစ်ဦးအပါဝင်ဖြစ်သည်။

သူမ၏ ထမင်းချက်လစာသည် နည်းပါးလွန်းသဖြင့် သူမ၏ ကလေး ၃ ယောက်အတွက် မချိမဆန့်ရုန်းကန်လှုပ်ရှားနေခဲ့ရသည်။

စာဒရ်နာဂါ ခန်းမ (Sardar Nagar Hall) ထဲတွင် သူမအား HCT ထံမှ ၃လစာ အထောက်အပံ့ နှင့် အစားသောက်များကို မမျှော်လင့်ဘဲ ရရှိခဲ့သဖြင့် အထူး အံသြသွားခဲ့သည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က  မတော်တဆမှုတစ်ခုတွင် ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့သော ရှာဒါဘွိုင် (Sharda Bhoi)- ၅၀ နှစ်သည် “ ဒီထောက်ပံ့မှုဟာ မွတ်စ်လင်မ်အဖွဲ့အစည်းရဲ့ အလွန်ကိုထိရောက်သော စေတနာဖြစ်ပြီး၊ ကျွန်မအနေနဲ့ ပြောမပြနိုင်လောက်အောင် ၀မ်းသာမိပါတယ်” ဟု ဆိုကာ မွတ်စ်လင်မ်များအား အထူးပင် ကျေးဇူးတင်ရှိကြောင်း
ပြောကြားခဲ့သည်။

မွတ်စ်လင်မ် ပရဟိတဒါနလုပ်ငန်း၏ ကြိုးပမ်းမှုများသည် မွတ်စ်လင်မ်များ နှင့် ဟိန္ဒူများအကြားရှိအတားအဆီးများကို ရိုက်ချိုးခဲ့ကာ၊ ဆက်ဆံရေးအသစ်တစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်၊ ရထားတစ်စီးမီးလောင်မှုတွင် ဟိန္ဒူဘုရားဖူးသေဆုံးရခြင်းအပေါ် မွတ်စ်လင်မ်များကြောင့်ဟုဆိုကာ ဟိန္ဒူလူရမ်းကားတစ်စုမှ  မွတ်စ်လင်မ်ပေါင်း ၂၀၀၀ ကျော်ကို အပိုင်းပိုင်းခုတ်ကာ မီးရှို့သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း နောင်သောအခါမှ ၄င်းသည် မတော်တဆ မီးလောင်ကျွမ်းမှုဟူ၍ စုံစမ်း သိရှိခဲ့ကြသည်။

ပြည်နယ် ၀န်ကြီးချုပ် မိုဒီ(Modi) နှင့် သူ၏ ကယ်ဆယ်ရေးများ၏ ညွန်ကြားချက်များကို မလိုက်နာပဲ မွတ်စလင်များအား ကောင်းစွာ အကာအကွယ် မပေးခဲ့ကြသော ရဲတို့ကို နိုင်ငံတော်နှင့်ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးမှုမှ ပြစ်တင်ရှုတ်ချခဲ့သည်။ အဆိုးဝါးဆုံး ချိုးနှိမ်အကြမ်းဖက်မှုတစ်ရပ် အိန္ဒိယတွင် ပေါ်ပေါက်စေခဲ့၍ ဖြစ်၏။

၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် အိန္ဒိယ တရားရုံးတော်သည် BJP ပါတီ၏ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းအား ထောင်ဒဏ် ၂၈ နှစ်ကျခံစေခဲ့သည်။

အပြန်အလှန်သဟဇာတဖြစ်ရေး

ဂိုဒ်ဟ်ရာအခြေစိုက် မွတ်စ်လင်မ် ပရဟိတဒါနအဖွဲ့အစည်းသည် ၂၀၀၂ ခုနှစ် ဂူဂျာရဒ် အဓိကရုဏ်းပြီးနောက် ဒေသတွင်း၌ ပျောက်ဆုံးသွားသော အပြန်အလှန်သဟဇာတဖြစ်ရေးကို သိမ်မွေ့သောနည်းလမ်းဖြင့် ပြန်လည်တည်ဆောက်ကြိုးပမ်းလျက်ရှိသည်။

“ဒီအပြန်အလှန်သဟဇာတဖြစ်မှု (Sadbhavna) က အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ သံယောဇဉ်နှောင်ကြိုးမချည်နှောင်ခဲ့ယင် အလှမ်းဝေးနေဦးမယ်လို့ ကျွန်မ ပြောရဲတယ် ” ဟု စင်ဒ်ီက ဆိုသည်။

“အမျိုးသမီးများ၊ အထူးသဖြင့် မုဆိုးမတွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းထဲမှာ လျစ်လျူရှုခံနေကြရတယ်။ သူတို့ကို ဂုဏ်ရှိတဲ့ဘ၀တစ်ခုကို ပေးအပ်နိုင်အောင် အကူအညီပေးဖို့လိုအပ်တယ်လေ။  ဟိန္ဒူ မုဆိုးမများကို ကျွန်တော်တို့ ဆက်လက်ထောက်ပံ့သွားဦးမှာပါ ” ဟု ကူညီပံ့ပိုးသူများက ဆိုသည်။

ထောက်ပံ့ရေးပွဲသို့တက်ရောက်ခဲ့သော ဒါဟိုဒ် (Dahod) မှ လူ့အဖွဲ့အစည်းခေါင်းဆောင် နာလင်ဘတ် (Nalin Bhatt) မှ အလားတူအမြင်မျိုးဖြင့် “ ဒါဟာ မွတ်စ်လင်မ်တွေဖက်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ လက္ခဏာတစ်ရပ်ပါပဲ။  ဟိန္ဒူများအနေနဲ့လည်း အဲ့ဒီအတိုင်း ပြန်လည်သဘောထားကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဂိုဒ်ဟ်ရာမှာ လူ့အဖွဲ့အစည်းနှစ်ခုလုံး ထာဝစဉ်ယှဉ်တွဲနေထိုင်လာတာ ကြာခဲ့ပြီပဲ” ဟူ၍ ပြောကြားသွားခဲ့သည်။

ဟင်ဒူအများစုဖြစ်သော အိန္ဒိယနိုင်ငံတွင်  မွတ်စ်လင်မ်လူဦးရေ သန်း ၁၄၀ ရှိသည်။ မွတ်စ်လင်မ်များသည် သူတို့ဘ၀ တစ်လျှောက်လုံး ခွဲခြားဆက်ဆံခြင်းခံခဲ့ရသည် ဟု ငြီးတွားလျက်ရှိကြသည်။

ဂူဂျာရဒ်၌ မွတ်စ်လင်မ်များသည် ၁၀ ရာခိုင်နှုန်းမျှသာရှိသော်လည်း၊ အချို့ဒေသများနှင့် ကခ်ျ (Kutch)၊ အာမဒ်ဒါဘဒ် (Ahmedabad) နှင့် ဘာရူခ်ျ(Bahruch) စသည့် ရှိ ပါလီမန် ဒေသသုံးခုတွင်မူ  မွတ်စ်လင်မ် ဦးရေ ၁၆ မှ ၁၇ ရာခိုင်နှုန်းထိ နေထိုင်ကြသည်။

အိန္ဒိယရှိ မွတ်စ်လင်မ်များသည် မိမိတို့၏ ဘာသာရေးကို သတင်းဌာနများ နှင့် အာဏာပိုင်များက သွားပုပ်လေလွင့် ပြောဆိုတတ်ကြကြောင်း၊ မွတ်စ်လင်မ်တို့မှာ ရာဇ၀င်နှင့်ချီလျက် အလေးမထားခံရကြောင်း ဟု ပြစ်တင်ထားကြသည်။

Ref: OnIslam

Leave a Reply