5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၆ ၂၀၁၃
M-Media

appleတိုကျို။        ။ ကမ္ဘာ့မိုဘိုင်းဖုန်း လောကတွင် နာမည် အကြီးဆုံးဖြစ်ပြီး ဈေးကွက်တွင် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသော Apple  နှင့် Samsung  တို့၏ အမှု အပေါ် ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple ကုမ္ပဏီ ၏ စွပ်စွဲချက်များကို ပယ်ချကာ Samsung ကုမ္ပဏီ  က အမှု ကို အနိုင်ရရှိသွားသည်။

Samsung ကုမ္ပဏီထုတ်smartphones များ နှင့် tablet များအတွက် သီချင်း နှင့် ဗွီဒီယို များ ကို sever များနှင့် ဆက်သွယ်၍ Synchronization လုပ်ရာတွင် ၄င်း၏ နည်းပညာကို ယူသုံးပါသည် ဟု Apple ကုမ္ပဏီ က ဂျပန်ငွေ ယန်း  သန်း(၁၀၀) ကုန်ကျခံကာ တရား စွဲခဲ့ပြီး ၊ တိုကျိုတရားရုံးမှ  (၂၀၁၂) ခုနှစ် သြဂုတ်လမှ စ၍ ဤအမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားရုံးတော်က Samsung ၏ Kies update software သည် galay mobile များနှင့် tablet များ အား ကွန်ပျူတာနှင့် ချိတ်ဆက် Synchronize လုပ်ရာတွင် သုံးသော software ဖြစ်သည်။  Kies software တွင် Apple  က စွပ်စွဲသကဲ့သို့ မဟုတ်ဘဲ  Synchronize လုပ်ရာတွင် file များ၏ အမည်များနှင့် အရွယ်အစား တို့ ကို လွယ်ကူရှင်းလင်းစေရန် တီထွင်ထား ခြင်းဖြစ်သည်ဟု တရားရုံးက ဆိုသည်။

ထိုကုမ္ပဏီ နှစ်ခု၏ နည်းပညာ အားပြိုင်မှုများ သည် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့အနှံ့ တရားရုံးများတွင် ပျံ့နှံ့လျက်ရှိပြီး ၊ လွန်ခဲ့သောနှစ် April လတွင် Apple က ၄င်း၏ အမှု တွဲအား အမေရိကန် တရားရုံးများသို့တင်ကာ Samsung အား တရားစွဲခဲ့သည်။

တရားဝင်  တရားစွဲချက်များသည်  ဂျာမနီ ၊ ပြင်သစ်နှင့် သြစတေးလျ အပါအ၀င် အနည်းဆုံး နိုင်ငံ (၉) ခု တွင်ဖြစ်ပွားလျက်ရှိသည်။

သို့သော်  ၄င်းကုမ္ပဏီနှစ်ခုအတွက် သေချာသော အဖြေတစ်ခု မရရှိသေးပေ။

ပြီးခဲ့သော သောကြာနေ့က တိုကျိုတရားရုံး၏ ထိုအမှု ကြေငြာချက်အပြီးတွင်လည်း Apple က မိုးဘိုင်းဖုန်း များ နှင့်  tablet များတွင် email နှင့် စာရွက်စာတမ်းများ ပျောက်ဆုံးသွားပါက ပြန်လည်ရယူနိုင်သော ၄င်း၏နည်းပညာ (bounce-back) ကို Samsung က တုပယူသုံး ထားသည်ဟု အမှု တစ်ခုထပ်မံတရားစွဲလိုက်ပြန်သည်။            ။

Ref: The Wall Street Journal

Leave a Reply