2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၁၂၊ ၂၀၁၃
M-Media

အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)

Bogyoke Aung San

မြန်မာနိုင်ငံသမိုင်း၏ ခေါင်းဆောင် မြန်မာသာမက ကမ္ဘာသူကမ္ဘာသားများ၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းဟု တွင်ကျန်ရစ်ခဲ့မည့် ကလေးငယ်လေးတစ်ဦးအား မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ ဖခင် အမိန့်တော်ရ ရှေ့နေ ဦးဖာ နှင့် မိခင် ဒေါ်စု တို့မှ ၁၉၁၅- ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ဖွားမြင်ခဲ့ပါသည်။ ဇာတာအရ အမည်မှာ မောင်ထိန်လင်း ဖြစ်ပြီး ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု အမည်တွင်ခဲ့သည်။ နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ ငယ်စဉ်က ပညာသင်ခဲ့သည်။ ၁၉၂၈-ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ခဲ့ သည်။ ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှပင် ၁၀-တန်းကို မြန်မာ၊ ပါဠိ ၂-ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည်။ ပညာရေးထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့သည်။ ထို့နောက်တွင် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက်ပြီး ပညာဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၃၅-၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာသည်။

ထို့နောက် ကျောင်းသားသမဂ္ဂ၏ အိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာ ဖြစ်လာခဲ့သည်။  တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်းကိုယ်တိုင်တည်းဖြတ်ထုတ်ဝေနေသော အိုးဝေမဂ္ဂဇင်း (အတွဲ – ၅၊ အမှတ် – ၁) တွင် အင်္ဂလိပ်ကဏ္ဍ ပိုင်း၌ ဦးညိုမြသည် ယမမင်းကလောင်အမည်ဖြင့် The Hell Hound At Large (ငရဲခွေးကြီး လွတ်နေသည်) အမည်ရှိ စာတိုလေးကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ် (D.J.Sloss) က ထိုပေးစာသည် တက္ကသိုလ် အာဏာပိုင်တစ်ဦးအားထိ ပါးပုတ်ခတ်သည်ဟု ယူဆသည်။ ထိုကြောင့် စာရေးသူအမည်ကို ဖော်ထုတ်ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလိုက်သည်။ သို့သော် အယ်ဒီတာကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်ဝတ္တရားအရ ကလောင်အမည်ကို ဖွင့်ဟထုတ်ဖော်ပြောဆိုရန် ငြင်းပယ်လိုက်သည်။ ထိုအခါ အယ်ဒီတာကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ် လာသည်။  ဤသို့ သမဂ္ဂနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို ကျောင်းမှ ထုတ်ပစ်လိုက်ခြင်းသည် ကျောင်းသားထု တစ်ရပ်လုံးကို စော်ကားခြင်းဟု သမဂ္ဂကယူဆသည။် ထို့ကြောင့် ၁၉၃၆-ခု၊ ဖေဖော်ဝါရီလ၂၅-ရက်နေ့တွင် ဒုတိယအကြိမ် ကျောင်းသား သပိတ်ကို သမဂ္ဂက ဦးဆောင် ၍ ကျောင်းသားများ တညီတညွတ်တည်း ဆင်နွှဲခဲ့ကြသည်။ သပိတ်တိုက်ပွဲပြီး သောအခါ တက္ကသိုလ်အာဏာပိုင်များက ကိုအောင်ဆန်းကို ကျောင်းပြန်နေခွင့်ပေးရသည်။ ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ တွင် ဘီအေစီနီယာ တန်းကို ပြန်တက် ခဲ့သည်။

၁၉၃၆-ခု၊ သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင်ခံစာ ကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ – ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။

ထို့နောက် ၁၉၃၈ – ၃၉ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌနှင့် ရန်ကုန် တက္ကသိုလ်သမဂ္ဂ ဥက္ကဌ အဖြစ်အရွေး ခံရသော်လည်း နှစ်ဆုံးအောင်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ချေ။ နိုင်ငံရေးကို ဇောက်ချ လုပ်ရန် ရည်သန်နေပြီဖြစ်ရကား တို့ဗမာအစည်း အရုံးသို့ ၁၉၃၈ အောက်တိုဘာလ ၁ ရက်တွင် ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး သခင်အောင်ဆန်းအမည်တွင်လာခဲ့သည်။ အစည်းအရုံးဝင်ပြီး များမကြာမီမှာပင် အောက်တိုဘာလကုန် တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၏ခန့်ထားသော အထွေထွေအ တွင်းရေးမှူးဖြစ်လာသည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင်အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။

ယင်းနောက် ၁၉၄၀-ခု၊ မတ်လ ၁၂ ရက်တွင် အိန္ဒိယ ရမ်းဂါးမြို့တွင်ကျင်းပမည့် အိန္ဒိယအအမျိုးသားကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်းသည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်(ပန်းတနော်)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင်အုန်းဖေ၊ သခင်အုန်းမြင့်(တိုးတက်ရေး) တို့နှင့်အတူတက်ရောက်ပြီး မေလ ၁-ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ၁၉၄၀၊ ဇွန် ၅-ရက် တွင် သခင်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့တွင် ပထမဆုံး ရန်ကုန် တက္ကသိုလ်ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တ င်မြှောက်ခံရသည်။ ၁၉၄၀-ခု၊ ဇွန် ၁၇-ရက်နေ့ တွင် ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးတရားပွဲတခုတွင် သခင်အောင်ဆန်းသည် ချင်းတောင်တန်း အကြောင်း ဟောပြောသောကြောင့် သခင်အောင်ဆန်းနှင့် ကျုံမငေး သခင်တင်မောင်တို့အား ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟသာင်္တရာဇ၀တ်ဝန် မစ္စတာဇေဗီးယား (Mr.Xavier)က ၀ရမ်းထုတ်လိုက်သည်။ ကံအားလျော်စွာ ဗမာပုလိပ် အရာရှိတဦး၏ အကူအညီဖြင့် ဟသာင်္တ ခရိုင်မှ လွတ်မြောက်ကာ ရန်ကုန်မြို့တွင်းတွင် ပုန်းလျှိုးနိုင်ခဲ့သည်။ ထိုအတော အတွင်း နယ်ချဲ့အစိုးရ၏အ လိုတော်ရှိ ဖေဗီးယားကပင် ”သခင်အောင်ဆန်းအား ဖမ်းဆီးပေးနိုင်လျှင် ဆုငွေ ၅ ကျပ်ပေးမည်”ဟု ကြေညာလိုက်သည်။ ယင်းဆုငွေ ၅ ကျပ် ထုတ်ပြန်သည့် သတင်းကို ဇူလိုင်လ ၂-ရက်နေ့ထုတ် သတင်းစာများတွင် အသီးသီးပါရှိလာရာ သခင်အောင်ဆန်းကိုသာမက မြန်မာတမျိုးသားလုံးကိုပင် စော်ကားလိုက်သော ကြောင့် မြန်မာတစ်ပြည်လုံးကရှုံ့ချခဲ့သည်။ ထိုကြောင့် ယင်းဆုငွေကို ၁၉၄၀၊ သြဂုတ် ၂၀-ရက် တွင် ပြန်လည်ရုပ်သိမ်း ပေးခဲ့ရ သည်။

သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ အဖမ်းမခံလိုပဲ ပြည်ပတွင်ထွက်ပြီး နိုင်ငံခြားအကူအညီရှာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် သခင်အောင်ဆန်းသည် တန်လွန်ရှောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းကောင်း၊ သခင်လှမြိုင်သည် တန်ဆူတောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းေ ကာင်း ၁၉၄၀၊ သြဂုတ် ၈ ရက်နေ့တွင် နော်ဝေးပိုင် ”ဟိုင်လီ” (Hai Lee) သဘောင်္ဖြင့်ရန်ကုန်မှထွက်ခွာလာခဲ့ရာ ၁၉၄၀၊ သြဂုတ် ၂၄ တွင် အမွိုင်ရှိ ကူလန်စုကျွန်း (Kulangsu Island) သို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်း တို့သည် အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ် ပါတီနှင့်အဆက်အသွယ်မရပဲသောင်တင်နေစဉ် မြန်မာနိုင်ငံရှိ ရဲဘော် များ၏ကြိုးပမ်းချက်အရ ဂျပန်နှင့် ဆက်သွယ်မိခဲ့ သည်။

ဗိုလ်မှူးကြီး စူဇူကီး (မြန်မာအမည် ဗိုလ်မိုးကြိုး) သည် သခင်အောင်ဆန်းတို့အား အမွိုင်မှ ဂျပန်သို့ဆက်သွယ်ခေါ်ယူခဲ့ရာ ၁၉၄၀၊ နိုဝင်ဘာ ၁၂ တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံတွင် မြန်မာ့လွပ်လပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ပြီးနောက် မြန်မာပြည်တွင်းရှိ ရဲဘော်ရဲဘက်များနှင့်တိုင်ပင်ရန် မြန်မာနိုင်ငံသို့ ရွှန်းတင်း မားရူးသင်္ဘောဖြင့်ရောက်ရှိပြီး ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် မြန်မာ့လွတ် လပ်ရေးလုပ်ငန်းစဉ်များကို တိုင်ပင် ဆွေးနွေးခဲ့သည်။

သခင်အောင်ဆန်းသည် ၁၉၄၁-ခု၊ မတ် ၁၀ တွင် ရွှန်းတင်းမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့အပြန်တွင် ရဲဘော် သုံးကျိပ် ပထမအသုတ်ဖြစ်သည့် သခင်လှဖေ (ဗိုလ်လကျာင်္)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)တို့ကို ခေါ်ဆောင်သွားခဲ့ရာ ၁၉၄၁၊ မတ် ၂၇ တွင် တိုကျိုမြို့သို့ရောက်ရှိခဲ့ သည်။ ထိုမှတဆင့် စစ်ပညာ သင်ရန် ၁၉၄၁-ခု၊ ဧပြီတွင် ဟိုင်နန်ကျွန်းသို့သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၄၁၊ ဒီဇင်ဘာ ၂၆ တွင် လက်မောင်းသွေးဖောက်ပြီး သစ္စာပြုကာ ဗမာ့လွပ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁၊ ဒီဇင်ဘာ ၂၇ တွင်ဖွဲ့စည်းခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဒုတိယစစ်သေနာပတိအဖြစ်ဖြင့် မြန်မာနိုင်ငံ အတွင်းချီတက်ကာ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။

၁၉၄၂-ခု၊ ဇူလိုင် ၂၇ တွင် ဂျပန်တို့က ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသော အခါ ဗိုလ်မှူးကြီး အဆင့်ဖြင့် ဘီဒီအေ၏ စစ်သေနာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ မတ်တွင် ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခြင်းခံရသည်။

ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ၁၉၄၃-ခု၊ မတ် ၁၁ တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြတို့နှင့် အတူဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုနှစ် မတ် ၂၂ တွင် တိုကျိုမြို့တွင် ဂျပန်ဘုရင်ဟီရိုဟီတို၏ တက်နေ၀န်းတံဆိပ် (တတိယအဆင့်)နှင့် စလွယ်လတ်ကို ချီးမြှင့်ခံခဲ့သည်။ ၁၉၄၃၊ သြဂုတ် ၁ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအစိုးရ ဖွဲ့ စည်းသောအခါ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး (စစ်ဝန်ကြီး) အဖြစ် တာဝန်ယူခဲ့သည်။

ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်သူတို့အား ဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ဖက်ဆစ် ဂျပန်တို့ကို တော်လှန် ရန်ပြင်ဆင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ သြဂုတ် ၄ မှ ၇ ရက်နေ့အထိ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့် တွေ့ဆုံဆွေးနွေး ကာ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ဖွဲ့စည်းရေးအတွက် အစည်းအဝေးခေါ် ယူခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အား ၁၉၄၄၊ စက်တင်ဘာ ၄ တွင်ရန်ကုန်မြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ မွန်မြတ်သောရတနာ (ပထမအဆင့်) ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသည်။ ၁၉၄၅၊ မတ် ၁ မှ ၃ အထိ ရန်ကုန်မြို့မှ ကန်တော်ကြီးပတ်လမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။

၁၉၄၅၊ မတ် ၂၇ တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်သောအခါ ရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ယူကာ ဖက်ဆစ် ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅၊ မေ ၁၆ တွင် မိတ္ထီလာမြို့တွင် ဗြိတိသျှ ဗိုလ်ချုပ် ဆာဝီလျံစလင်း (တချိန်တွင် ဖီးမာရှယ်ဖြစ်လာသူ) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၁၉၄၅ မေ ၁၉ တွင် မိတ္ထီလာမှ ရန်ကုန်သို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့သည်။ ၁၉၄၅၊ မေ ၁၉ တွင်ကျင်းပသော နေသူရိန် ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ဗမာ့တပ်မတော်အရေးနှင့် ပတ်သက်ပြီး ၁၉၄၅၊ စက်တင်ဘာ ၇ တွင် ကန္ဒီသဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အရှေ့တောင်အာရှ မဟာမိတ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယစစ် ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်သား ဘ၀ကိုလို လားသော်လည်း သမိုင်းပေး တာဝန်ဖြစ်သည့် မပြီးဆုံးသေးသော မြန်မာ့ လွတ်လပ်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် ၁၉၄၅၊ အောက်တိုဘာ ၂၇ တွင် မျိုးချစ်ဗမာ့တပ်မတော်၏ ဗိုလ်ချုပ်ရာထူးမှနုတ်ထွက်ခဲ့ပြီး နိုင်ငံရေးနယ်ပယ် သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်ကဖဆပလအား အမှုဆောင်ကောင်စီ (၀န်ကြီးအဖွဲ့)တွင် ပါဝင်ရန် ဖိတ်ခေါ် ခဲ့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က မိမိတို့တောင်းဆိုချက်များ မ ရသောေ ကြာင့် အမှုဆောင်ကောင်စီသို့မ၀င်ခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် မြန်မာပြည်သူလူထု၏ အင်အားဖြင့် မြန်မာ့လွပ်လပ်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။ ၁၉၄၅၊ ဒီဇင်ဘာ ၁ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာ ပတိအဖြစ် တာဝန်ယူပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၆၊ ဇန်န၀ါရီတွင်ကျင်းပသော ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဥက္ကဌအဖြစ် ပြန် လည်ရွေးကောက်တင်မြှောက် ခံရသည်။

မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်၏အုပ်ချုပ်ရေးကာလတွင် မြန်မာပြည်သူတို့၏မကျေနပ်မှု ပိုမိုကြီးထွားလာကာ နိုင်ငံရေးမငြိမ်မသက်ဖြစ် လာခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို အင်္ဂလန်နိုင်ငံ သို့ပြန်ခေါ်ကာ မြန်မာနိုင်ငံဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့သည်။

ဆာဟူးဘတ်ရန့်စ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်ရန် ဖဆပလကို ဖိတ်ခေါ်ခဲ့သည်။ ၁၉၄၆၊ စက်တင်ဘာ ၂၆ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရ)တွင် ဒုတိယသဘာပတိ (၀န်ကြီးချုပ် အဖြစ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဌာနနှင့် နိုင်ငံခြားရေးဌာနများကိုပါ တာဝန်ယူခဲ့သည်။

ဖဆပလအဖွဲ့ချုပ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်လာပြီးနောက် ၁၉၄၆၊ နိုဝင်ဘာ ၈ တွင် ဗြိတိသျှအစိုးရ ထံ မြန်မာ နိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။

ဖဆပလ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့်အနေဖြင့် အင်္ဂလိပ်နန်းရင်းဝန်မစ္စတာ အက်တလီက ၁၉၄၆၊ ဒီဇင်ဘာ ၂၀ တွင်ဗြိတိသျှပါလီမန်အောက် လွှတ်တော်တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ဖိတ်ခေါ်ဆွေး နွေးမည်ဟုကြေငြာခဲ့သည်။ ဗြိတိသျှအစိုးရ၏ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလန်ပြည်သို့သွားရောက်ပြီး ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ ၁၉၄၇၊ ဇန်န၀ါရီ ၂၇ တွင် ”အောင်ဆန်း-အက် တလီစာ ချုပ်”ကို ချုပ်ဆိုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့်တောင်တန်းဒေသများအပါအ၀င် ပေါင်းစည်းပြီး မြန်မာ့လွတ်လပ်ရေး ရယူနိုင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ သမိုင်းဝင် ”ပင်လုံစာချုပ်”ကို ချုပ်ဆိုခဲ့ပေသည်။ ၁၉၄၇၊ ဧပြီ ၉ တွင် ကျင်းပသောတိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်းအဖြစ် ရန်ကုန်မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ ၀င်ရောက်အရွေးခံပြီး လွှတ်တော်အမတ် အဖြစ် ပြိုင်ဘက်မရှိရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထို့နောက် ၁၉၄၇၊ မေ ၁၉ မှ ၂၃ ထိကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၇၊ ဇွန် ၁၆ တွင် တိုင်းပြည်ပြုလွှတ်တော်ညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့်အခြေခံမူများကို တင်သွင်းခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂၊ စက်တင်ဘာ ၆ တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း၊ ဒေါ်ဖွာစုတို့၏ သားသမီး ၁၀ ဦးအနက် အဋ္ဌမမြောက် သမီးဖြစ်သူ သူနာပြုဆရာမ မခင်ကြည် (နောင်တွင် မဟာသီရိသုဓမ္မဘွဲ့ရ၊ အိန္ဒိယနိုင်ငံ လုံးဆိုင်ရာနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)နှင့် ထိမ်းမြားလက်ထပ်ပြီး သား (၂) ဦး၊ သမီး (၂) ဦး၊ [အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်၊ သမီးထွေး (ငယ်စဉ်ကကွယ်လွန်)] ထွန်းကားခဲ့သည်

မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်းအတွက် အားသွန်ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်းနေဆဲတွင် ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံးခဲ့ရသည်။

ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ၁၉၄၈၊ ဧပြီ ၁၁ တွင် အခြားဝန်ကြီးများနှင့်အတူ ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ၁၁ နှစ်အကြာ ၁၉၅၉၊ မတ် ၂၇ တွင် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍအထိ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်းအထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) (Star of the Revolution) တံဆိပ်များချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသည်။

 

–  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

–  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

ဗိုလ်ချုပ် အောင်ဆန်း ဘဝမှတ်တမ်း ဓါတ်ပုံများ ကြည့်လိုလျှင် Click Here

Leave a Reply