6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၁၈၊ ၂၀၁၃
M-Media

အမေရိကန်သံအမတ်ကြီး တည်ခင်းသော အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုသ်ထွက်(ဝါဖြေ)ပွဲကို ဘာသာစုံနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များတက်ရောက်
US Ambassador

ယခုလ ၁၆ ရက်နေ့၊ အင်္ဂါနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒီရက် မစ်ချယ်မှ  အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဒါန် (ဥပုသ်လ) အထိမ်းအမှတ် ဥပုသ်ထွက် (၀ါဖြေ) ညစာစားပွဲကို ကြီးမှူးကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုအခမ်းအနားသို့ ဘာသာကြီးလေးခု မှ ခေါင်းဆောင်များသာမက အရပ်ဘက်အဖွဲ့အစည်းများမှ အရေးပါသောခေါင်းဆောင်များပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ရမ်ဒါန်ကတော့ ဥာဏ်စဉ်ပိုင်းဆိုင်ရာ လေးနက်တဲ့ တရားသဘောအာရုံပြုခြင်းတွေ၊ ဥပုသ်သီလ ဆောက်တည်မှုတွေ သာမက ဘုရားဝတ်တက်ခြင်းတွေရဲ့ အခါ သမယပဲ ဖြစ်ပါတယ်။ လူသားအားလုံးရဲ့ ယုံကြည်ချက်တွေကို ပေါင်းစည်းပေးမယ့် နည်းနာတွေကို (အခြေခံပြီး ကျင်းပတဲ့ ယခုလိုအခမ်း အနားမျိုးကတော့) အခွင့်အလမ်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ (အဲဒီနည်းနာတွေကတော့) ငြိမ်းချမ်းရေးအတွက် ကတိက၀တ်တွေ၊ တရားမျှတမှု၊ ညီမျှမှုသာမက လူသားအချင်းအချင်း ကိုယ်ချင်းစာနာ ရိုင်းပင်းတတ်မှုတွေပဲ ဖြစ်ပါတယ်။ ယုံကြည်ချက် (ဘာသာသာသနာ) တွေအားလုံးရဲ့ နည်းနာနိဿရတွေက ကွဲပြားခြားနားနေတာထက် (ထပ်တူညီမျှဖြစ်နေခြင်းက) အများကြီး အားသာနေပါတယ်။ ရမ်ဒါန်ကတော့ လွတ်လပ်ခြင်း၊ ဂုဏ်အသရေ တင့်တယ်ခြင်းတွေကိုသာမက အခွင့်အလမ်းတွေဟာ အားလုံးအတွက် ဖြစ်တယ်ဆိုတဲ့အချက်တွေအတွက် ကျွန်တော်တို့ကို သတိပေးလျက် ရှိပါတယ်။” ဟု သံအမတ်ကြီး မစ်ချယ်မှ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါသည်။

အိဖ်သာရ်ဟုခေါ်သော မွတ်စလင်ဥပုသ်အထွက် (၀ါဖြေ)ခြင်းမှာ နေ၀င်ချိန်တွင် မွတ်စလင်များက မိမိတို့တစ်နေ့တာ စောင့်ထိန်းခဲ့ကြသော (အစာရှောင်) ဥပုသ်အတွက် အစာစားသုံးခြင်းဖြင့် ဥပုသ်ထွက်ကြခြင်းကို ဆိုလိုကြောင်း အမေရိကန် သံရုံးစာမျက်နှာက ရှင်းလင်းဖော်ပြထားသည် သာမက ရမ်ဒါန်လ ဆိုသည်မှာ လကို အခြေခံတွက်ချက်သော ပြက္ခဒိန်အရ ၉ လမြောက် လကို ဆိုလိုကြောင်းလည်း ဖော်ပြထားသည်။

ဓာတ်ပုံ – (၀ဲမှယာ) ဦးဟန် (သီတဂူ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်)၊ သံအမတ်ကြီး မစ်ချယ်၊ ဦးအေးလွင် (မြန်မာ အစ္စလာမ်မစ်စင်တာ)၊ မျိုးဇော်ထွန်း (သီတဂူ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်)၊ ကိုကိုကြီး (၈၈ မျိုးဆက်) တို့ဖြစ်ကြသည်။

Photo- U.S. Embassy Rangoon FB

Leave a Reply