6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဆရာမဒေါ်နီနီအေးသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်စွန်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ ပင်လယ်ရေ မျက်နှာပြင်အထက်ပေပေါင်း ၁၁၈၆၉ ပေမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်သို့ ၂၀ဝ၈ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ သတ်မှတ်ရက်ထက် ၅ ရက်စော၍ တက်ရောက်ကာ စံချိန်ချိုးခဲ့သည်။

ဖုန်ကန်ရာဇီတောင်သည် အမြဲတမ်း ရေခဲများဖုံးလွှမ်းနေသော တောင်ဖြစ်သည်။ အပူချိန် သုညဒီဂရီဆဲလ်စီးရပ်စ်အောက် အမြဲရှိနေသဖြင့် ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ကြရသည်။ ဒေသခံလမ်းပြမပါဘဲ ယခင်လိုက်ဖူးသူ တောင်တက်အဖွဲ့ဝင်၏ အကူအညီဖြင့် တက်ရောက်ခဲ့ကြသည်။ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ လက်ရွေးစင်တောင်တက်အဖွဲ့ဝင် အမျိုးသား၊ ၂၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၄ ဦးကို ဦးဆောင်လမ်းပြပြီး တက်ခဲ့သည်။ ယခင်က မြေတိုင်းဦးစီးဌာန၏ တိုင်းတာခဲ့မှုအရ ဖုန်ကန်ရာဇီရေခဲတောင်ထိပ်၏ အမြင့်မှာ ၁၁၅၀ဝ ပေရှိသော်လည်း ယခုခရီးစဉ်တွင် ဆရာမဒေါ်နီနီအေးကိုယ်တိုင် GPS (Global Position System)ကိရိယာဖြင့် ထပ်မံတိုင်းတာမှုအရ ၁၁၈၆၉ ပေ ရှိကြောင်း အတည်ပြုခဲ့ပါသည်။

ဒေါ်နီနီအေးသည် မန္တလေးဇာတိဖြစ်သည်။ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ အယ်ဒီတာ ဦးအောင်သိန်း(မန်းအောင်သိန်း)၊ ဒေါ်သန်းကြည်တို့မှ ၁၉၆၄ ခု မတ်လ ၂၅ ရက်တွင် ဖွားမြင်သည်။ မွေးချင်းခြောက်ဦးအနက် တတိယဖြစ်သည်။ ပထဝီဝင်ဘာသာအဓိကဖြင့် ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့များ ရခဲ့သည်။ ၂၀ဝ၃ ခုနှစ်တွင်Geographical Information System Diploma ရခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင်Global English Diploma ရခဲ့သည်။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ကိုရီးယားဘာသာစကားသင်တန်း တက်ရောက်သင်ယူလျှက်ရှိသည်။ အားကစား၊ အနုပညာ၊ စာပေ ဝါသနာပါသည်။

ဒေါ်နီနီအေးသည် တောင် ၉ လုံးနှင့် ခရီးကြမ်း ၃ ကြိမ်ထွက်ပြီး ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် ပေပေါင်း ၁၀၅၀ဝ ပေမြင့်သည့် ဝိတိုရိယတောင်(ခေါနုသုန်)သို့ ပထမဆုံးအကြိမ် တက်ရောက်အောင်မြင်ခဲ့သည်။ ထို့ပြင် ချင်းပြည်နယ်ရှိ ပေပေါင်း ၈၈၆၂ ပေမြင့်သည့် လုံတိန်း ဘုံတလာတောင်၊ ပေပေါင်း ၉၀၂၀ ပေမြင့်သည့် မောပိတောင်၊ ရှမ်းပြည်နယ်ရှိ ပေပေါင်း ၆၀၂၁ ပေမြင့်သည့် ဆင်တောင်၊ ပေပေါင်း ၅၈၆၂ ပေမြင့်သည့် မြင်းမထိတောင်၊ ပေပေါင်း ၇၇၅၂ ပေမြင့်သည့် အရှေ့မြင် အနောက်မြင်တောင်၊ ကချင်ပြည်နယ်ရှိ ပေပေါင်း ၁၀၃၂၂ ပေမြင့်သည့် လွန်ခရုမာဒင်ရေခဲတောင်၊ ပေပေါင်း ၁၁၈၆၉ ပေမြင့်သည့် ဖုန်ကန်ရာဇီရေခဲတောင် စစ်ကိုင်းတိုင်း ခန္တီးခရိုင်၊ လေရှီးမြို့နယ်ရှိ အမြင့်ပေ ၁၂၅၅၃ ပေမြင့်သည့် စာရာမေတိတောင်(နွယ်မောက်တောင်)တို့ကို တက်ပြီးဖြစ်သည်။ ခြေလျင်ခရီးကြမ်းအဖြစ် မွန်ပြည်နယ် ဝေပုလ္လ မိုးရာသီ ခရီးကြမ်း၊ ရန်ကုန်တိုင်း ငါးဆူတောင်ခရီးကြမ်း၊ ရခိုင်ပြည်နယ် ငပလီခရီးကြမ်း တို့တွင် ပါဝင်ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပထဝီဝင်ဌာနတွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း ဒုတိယဥက္ကဌ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း ဥက္ကဌ ဖြစ်သည်။ ကလျာမဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်းများတွင် နီနီအေး(ပထဝီဝင်) ကလောင်အမည်ဖြင့် တောင်တက်ခရီးအတွေ့အကြုံဆောင်းပါး၊ ပထဝီဝင်ဘာသာရပ်ဆိုင်ရာဆောင်းပါးများ ရေးသားလျက်ရှိသည်။

မောင်သန်းဝင်း (မြန်မာစာ)

Credit သူတော်စင်ကြီး (မြန်မာကျူးပစ်ဖော်ရမ်)

Leave a Reply