5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၆၊ ၂၀၁၃
စာတမ်းရှင်- သုတေသီ ဦးမောင်မောင်ကြီး(မန်း) ၁၉၈၅ ခုနှစ်က ရေးသားထားသော စာတမ်းတိုဖြစ်ပါသည်။

မြန်မာနိုင်ငံတောင်ဖျားပိုင်း၊ တနင်္သာရီကမ်းမြောင်ဒေသ၏ ပင်လယ်ကမ်းရိုးတန်းတွင် ပသျှူးလူမျိုး များအစုအဝေး လိုက်နေထိုင်ကြသည်။ ဒေသ နယ်ပယ်အားဖြင့် မြောက်ဘက်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ တောင်ဘက်တွင် မလေးရှားပြည်ထောင်စု၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ဖြင့် ဆက်စပ်လျက် တိုင်းရင်းသား ပသျှူးလူမျိုးတို့၏ ဒေသအဖြစ် တည်ရှိနေသည်။

ပသျှူးလူမျိုးတို့မှာ မြန်မာနိုင်ငံ၏ (Racial Gene)မူလ လူမျိုးနွယ်ရင်းများဖြစ်သည်။ (Primitive man)ရှေးလူမျိုးများ လည်းဖြစ်၍ မြန်မာ စာပေလောကတွင် ဘီလူးဟု ခေါ်တွင်ပြီး ရက္ခပူရတိုင်းသား၊ ရေဘီလူးဟု ဓမ္မစေတီကျောက်စာ၊ မွန်တို့၏ ကလျာဏီကျောက်စာ တို့တွင် ရေးထိုးထားကြသည်။

သမိုင်းသုတေသီများမှ လေ့လာရာတွင် ပသျှူးလူမျိုးနှင့် ဆလုံလူမျိုးတို့မှာ သြစတြေးလွိုက်(Australoid)လူ့အနွယ်ဝင်တို့၏ အသွင်အပြင်လက္ခဏာ၊ ယဉ်ကျေးမှုအကြွင်းများကို တွေ့ ရပြီး ပင်ကိုယ်အရည်အသွေး၊အရည်အချင်းရှိပြီး ရိုးသားမှုအပြည့်အ၀ရှိကြောင်း မှတ်ချက်ချကြသည်။
ရှေးအခါက မြန်မာနိုင်ငံတောတောင်များနှင့် မြစ်ချောင်းများတွင် နေထိုင်ကြသော်လည်း မွန်ဂို ကုန်းမြင့်မှ အဆင့်ဆင့်ရွှေ့လာသောမွန်ဂိုအနွယ် (၁)မွန်ခမာလူမျိုးစုကြီးမှ ၁၂-မျိုး၊ (၂)တိဘက်-မြန်မာ လူမျိုးစုကြီးမှ (၃၂)မျိုး၊ (၃)ထိုင်း-တရုတ်လူမျိုးနွယ်ကြီးမှ (၁၁)မျိုးတို့ဝင်ရောက်လာမှုကြောင့် သဘာဝ တရားအရ ရောနှောဆက်ဆံထွေးရောယှက်တင်ကာ နေထိုင်ကြသကဲ့သို့ အချို့မှာ အုပ်စုလိုက် တကောင်း၊ ပခုက္ကူ၊ စစ်ကိုင်းတောင်ရိုး၊ မြင်းခြံ၊ ပုံတောင်ပုံညာ၊ မကွေး၊ ချောက်၊ စလေ၊ ပုပ္ပါး၊ မင်းဘူး၊ တောင်ငူ၊ မုတ္တမ၊ သထုံ၊ ဘီးလင်း၊ ဘီလူးကျွန်များသို့ အဆင့်ဆင့်ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် ပင်လယ်ကမ်းမြောင်ဒေသနှင့် ကျွန်းများသို့ အခြေစိုက်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

ပသျှူးလူမျိုးများနေထိုင်ရာဒေသအား ကွင်းဆင်းစာရင်းပြုစုရာတွင် ကျေးရွာအုပ်စု(၃၀)ကျော်တွင် အိမ်ခြေဦးရေ(၇၁၇၄)အိမ်ရှိသည်ဟု သိရပေသည်။

ပသျှူးလူမျိုးတို့မှာ မိမိတို့တူညီသူအချင်းချင်းစုရုံးကာ သံ၊ သစ်၊ ၀ါး၊ တိုက်အိမ်အဆောက်အဦး တို့နှင့် အတည်တကျ အခိုင်အမာအိမ်များဆောက်လုပ်နေထိုင်လျက်ရှိကြသည်။

ကော့သောင်းမြို့နယ်

  အိမ်ခြေ ဆူရောင်း(၀တ်ကျောင်း)
(၁)ကော့သောင်းမြို့တွင်    ၄၂၈   ၎
(၂)(၇)မိုင်၊(၈)မိုင်၊(၉)မိုင်   ၂၁၄
(၃)ရခိုင်ချောင်းပ   ၁၉၂
(၄)ပလုံတုံကျွန်း ၂၉၆
(၅)(၁၀)မိုင် ၁၅၈  ၃
(၆)ပါဆယ်ပါညန်း ၂၈၇  ၁
(၇)ဟားမက်တိုက်ရွာ    ၂၀
(၈)မာဖူတေး    ၁၆၃
(၉)ကွာလာရှမ်ဖန်ဘာနွမ်း ၁၇၁  ၁
(၁၀)ပရိုနိမ်-ဘန်ခွမ်း  ၂၂၅  ၁
(၁၁)၀ါလန်-ကမ်းနား    ၁၀၁   ၁
(၁၂)အောက်ကျင်းဘွန်ပန်   ၁၇၇   ၁
(၁၃)အထက်အောက်ကြပ  ၅၃  ၁
(၁၄)အောက်အောက်ကြပ် ၁၆၀  ၁
(၁၅)ဘန်ဒွန်  ၁၅၁  ၁
(၁၆)စိုင်းဒင်ကျေးရွာ  ၁၅၅  ၁
(၁၇)ဆူမာဘာလိုင်ကျွန်း  ၁၀၅
(၁၈)ပလောကလိုင်ကျွန်း ၁၅၆  ၁
(၁၉)အောင်ဘာကျွန်းသူကြီးကမ်း  ၂၀၁  ၁

ဘုတ်ပြင်းမြို့နယ်

အိမ်ခြေ ဆူရောင်း(၀တ်ကျောင်း)
(၁)ဘုတ်မြင်းမြို့  ၄၅၁  ၂
(၂)ဘုန်းတောကမ်း ၁၈၉
(၃)နီပါး ၁၁၈
(၄)စတိမ် ၁၅၂၅
(၅)အလယ်မာကျွန်း ၂၁၂
(၆)ကြယ်နီတောင်ကျွန်း ၁၄၀
(၇)နူငွာကျွန်း ၁၀၆
(၈)ရေကန်တောင်ကျွန်း ၁၉၉
(၉)ချောင်းကဖီးကျွန်း  ၅၇

အသက်မွေးဝမ်းကြောင်း

ရှေးအခါက သစ်ခုတ်၊ အမဲလိုက်၊ ရေလုပ်ငန်းများလုပ်ခဲ့ကြပြီး၊ တောင်ယာစပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများတွင် ငရုတ်ကောင်း၊ ဘူး၊ ဖရုံ၊ သခွားစသောသီးနှံများစိုက်ပျိုးကြသည်။ ရသမျှသီးနှံများကို လဲလှယ်ရောင်းချစားသုံးကြသည်။

အုန်းလုပ်ငန်းနှင့် ရေလုပ်ငန်းများသည် ယခုအချိန်တွင် အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်လာ ကြသည်။

ကမ်းရိုးတန်းသွားရောင်းဝယ်မှုများလည်း ရွက်လှေ၊ စက်လှေအသုံးပြုကာ စီးပွားရေးလုပ်ကိုင်မှု များပင် ပြုလုပ်လျက်ရှိကြသည်။

ဝတ်စားဆင်ယင်မှု

အမျိုးသားများမှာ ဦးထုပ်ဆောင်းလျက် ပုဆိုးကို အပြင်လိပ်ဝတ်ကြသည်။ အင်္ကျီမှာ စွပ်ကျယ် အင်္ကျီပုံစံဘေးကွဲလည်ဟိုက်ဝတ်ဆင်ကြပြီး၊ အမျိုးသမီးများမှာ ဦးခေါင်းတွင် ပ၀ါခြုံ၍ ခတောင်အင်္ကျီရင်စေ့ လက်ရှည်၊ ထဘီခြေမျက်စေ့ဖုံးဝတ်ဆင်ကြသည်။ ရှေးနန်းတွင်းအပျိုတော်များ၊ လူပျိုတော်များကဲ့သို့ သဏ္ဍာန်တူသည်။

PaShu2

နေထိုင်ရာအဆောက်အဦး

အိမ်များမှာ အများစုမြေစိုက်အိမ်များဖြစ်သည်။ ခြေတံရှည်အိမ်များရှိကြသည်။ သဲကျောက်အသုံးပြု သည့် ခေတ်မီနေအိမ် တိုက်တာ အဆောက်အဦးများလည်း တစ်စ တစ်စဆောက်လုပ်နေထိုင်လျက်ရှိ ကြသည်။

အိမ်သစ်ကို မင်္ဂလာယူ၍ အိမ်တက်မင်္ဂလာ“ဖာတေဟာ”၊ မော်လွဒ်၊ ကျမ်းတော်မြတ်ကုရ်အာန် ဖတ်ရွတ်မှုများပြုလုပ်ကြသည်။ ခွေးလုံးဝမမွေးကြပေ။

အုပ်ချုပ်ရေး

ဖားစည်သည် ညီအစ်ကိုတော်ကရင်၊ ကယား၊ မွန်၊ ပလောင်၊ မြန်မာတို့ကဲ့သို့ အထူးအမြတ် ထားကာ သာရေး၊နာရေး၊ လူမှုရေးတို့တွင် သင်္ကေတ အချက်ပေး၍ လူစုဝေးရန် အသုံးပြုသည်။

သူကြီးများဖြင့် အဆင့်ဆင့်အုပ်ချုပ်မှုများဆောင်ရွက်ကြပြီး ခေါင်းဆောင်အကြီးအကဲတို့၏ အမိန့်ကို တသွေမတိမ်းနာခံကြသည်။

အကျင့်သီလသိက္ခာထိန်းသိမ်းရန်နှင့် စိတ်ဓာတ်ကို တည်ကြည်ဖြူစင်စေရန် အသေးအဖွဲကိစ္စ များကိုပင် မျက်ခြေမပြတ်ဆောင်ရွက် တည့်မတ်ကြသည်။

ကာသွီတရားသူကြီး(ဓမ္မသတ်မှုး)များက စည်းကမ်းကျူးလွန်ဖောက်ဖျက်မိသူကို တရားရေးရာ အဆုံးအဖြတ်ပြုရာတွင် ကျူးလွန်မိသူ အပြစ်ဒဏ်ခံရရေး ထက် နောင်နောင်ဤကဲ့သို့မကျူးလွန်ရန် အသိဖြင့် နောင်ကြဉ်ရန် ဆောင်ရွက်ကြသည်။

ပသျှူးအမျိုးသား၊အမျိုးသမီးတိုင်း ခံယူသည်မှာ “မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရန်မှာ မိမိတို့ တာဝန်သာဖြစ်ကြောင်း” အဆင့်ဆင့်သောဘ၀ပေး အသိက တပ်လှန့်ထားသည်။

PaShu

ပညာရေး

ပညာသင်ကြားရေးသည် အမျိုးသား၊ အမျိုးသမီးတိုင်းနှစ်သက်မြတ်နိုးကြသည်။ ဂျာဝီစာပေ၊ အာရဗီစာပေ၊ မြန်မာစာပေများကို အရေးအဖတ် ကျွမ်းကျင်စွာ သင်ယူကြသည်။ ဆရာသမားများကို “သုခုမ”ဟု ခေါ်ကြသည်။

ခေတ်ပညာသင်ကြားတတ်မြောက်၍ ဘွဲ့ရရှိသူများစွာရှိသည်။

အဆင့်မြင့်အာရဗီ ပညာသင်ကြားရေးကို ဘာလှိုင်း စာသင်ဌာနတွင် သင်ကြားလိုသူတိုင်း မိမိစရိတ် ဖြင့် မိမိကျော်င်းပတ်ဝန်းကျင်နှင့် ကိုယ်ထူကိုယ်ထအခြေစိုက်တစ်ယောက်နေ၊ နေအိမ်များဆောက်လုပ် နေထိုင်ကာ ပညာသင်ယူကြသည်။

အမျိုးသား၊အမျိုးသမီးတိုင်း တဂျဝီးဒ်နှင့် သဒ္ဒါနည်းကျကျကျွမ်းကျင်စွာဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ကို ဖတ်ရွတ်နိုင်ကြသည်။

ယဉ်ကျေးမှု

ပသျှူးတို့ဒေသသို့ အစ္စလာမ်သာသနာသည် အေဒီ(၈-၁)ခုတွင် စတင်ဝင်ရောက်သည်။ ရခိုင် ပြည်နယ်မြောက်ပိုင်း(ကွီယာပူဟနီဖာတောင်)Conni Bol ကာနီဘော်တို့ဒေသသို့ မောင်လာအလီသခင်၏ သားတော်မုဟမ္မဒ်ဟနီးဖ်၏ စစ်သည်များဝင်ရောက်လာမှုထက် နှစ် (၁၀၀)ကျော်နောက်ကျပြီး မလက္ကာ ကျွန်းသို့ အစ္စလာမ်သာသနာရောက်သည့်နှစ်ထက် နှစ်(၂၀၀)နောက်ကျသည်ဟု အစ္စလာမ်သာသနာပြု သမိုင်းသုတေသီ စိုလိုင်မံနှင့် အေဒီ(၉၀၂)တွင် ရောက်ရှိလာသည့် ပထ၀ီသမိုင်းပညာရှင် အိဗ်နုဖာကီးရ်တို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ မော်ရိုကိုပြည်သား ကမ္ဘာလှည့်သုတေသီအိဗ်နေ့ ဘတူတာ(Ibni Batuta) ၏ အေဒီ(၁၃၄၅)ခု၊ မှတ်တမ်းတွင် အာရပ်နွယ်ဝင်(Al Malik ul Zahir Ibni Gomol)အုပ်ချုပ်လျက် ရှိကြောင်းဖော်ပြထားသည်။ ပသျှူးအမျိုးသားများမှာ မိမိတို့ရိုးရာဓလေ့ယဉ်ကျေးမှုများကို မြတ်မြတ်နိုးနိုး၊ တန်ဖိုးထား ကျင့်သုံးသည့်ကောင်းမြတ်သော အမွေအနှစ်အဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြသည်။

မဟာတမန်တော်နေ့

အီးဒ်-မီလာဒွန်နဗီ၊ မဟာတမန်တော်နေ့အခမ်းအနားများကို သိုက်မြိုက်ခမ်းနားစွာမေတ္တာပို့သခြင်း၊ စုပေါင်းဖာတေဟာရွတ်ဖတ်ခြင်း၊ ကဗျာ ကဆွီဒါလင်္ကာများ ရွတ်ဖတ်ခြင်းနှင့် ကလေးငယ်များ စာပေပြိုင်ပွဲ ပြုလုပ်ခြင်း၊ ကေရာအသ်ရွတ်ဖတ်ပြိုင်ပွဲများပြုလုပ်ကျင်းပကြသည်။ ရှာဖေအီ မဇ်ဟဗ်များပင်ဖြစ်သည်။

အီးဒ်-အီးဒုလ်အဒ်ွဟာတွင် ကျွဲများကို စွန့်လွှတ်လှုဒါန်းကြပြီး ကျွေးမွေးဧည့်ခံကြသည်။

လမြတ်ရမ်သွာန်တွင် နေ့ညဥ့်မပြတ် အမျိုးသား၊အမျိုးသမီးတိုင်း ဆူရောင်းဗလီဝတ်ကျောင်းတော် အတွင်း ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ကြသည်။ ဆွလားတ် ၀တ်ပြုမှုကို ၀တ်ကျောင်းတော်များတွင် အမျိုးသား၊အမျိုးသမီး၊ ကလေးသူငယ်များ စုပေါင်း၍ နေ့စဉ်(၅)ကြိမ် ၀တ်ပြကြသည်။ ပသျှူးဟာဂျီနှင့် ဟာဂျီမများစွာရှိသည်။

အီးဒ်-အီးဒုလ်ဖိသီရ်တွင် ၀ါကျွတ်အထိမ်းအမှတ်တက္ကဗီရ်တိုင်ဟစ်ကြွေးလျက် ဆူရောင်း ၀တ်ကျောင်းတော်သို့ လာရောက်ကြပြီး ဆွလာတ် ၀တ်ပြုကြသည်။ တစ်ဦးနှင့်တစ်ဦးစိတ်ရောကိုယ်ပါ ဖက်လှဲတကင်းနှုတ်ဆက်ကြရင်း မိမိက ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် ပြောဆိုပြုမူခဲ့သော အပြစ်ရှိက ခွင့်လွှတ် ရန် တစ်ဦးက တစ်ဦးကို တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းပြုကြသည်။ ထူးခြားသည်က လိုင်လတွရ်ကဒရ်နှင့် ရှဗေဘရအတ်နေ့များကို အီးဒ်နေ့များဟု သတ်မှတ်ကြသည့်ဂျွန်မာနေ့တွင် ခွတ်သ်ဗာ(သြ၀ါဒတော်ကို ဂျမအတ်အတွင်းမှ မည်သူမဆိုတက်ရောက်တင်ပြပြောဆိုခွင့်ရှိသည်။)

တစ်အိမ်နှင့်တစ်အိမ်၊ တစ်မိသားစုနှင့် တစ်မိသားစုသွားရောက်လည်ပတ်ကြသည်။ အမျိုးသား၊ အမျိုးသမီးတိုင်း ကွယ်လွန်သူများ၏ သင်္ချိုင်းသို့ သွား၍ မေတ္တာပို့ကြသည်။

ကျွေးမွေးဧည့်ခံမှုများကိုလည်း အိမ်တိုင်းကောက်ညှင်း၊ အုန်းသီး၊ နွားနို့ဖြင့် ပြုလုပ်သောအာဟာရ များ၊ မုန့်လုံးများကျွေးမွေးကြသည်။

ရှဗေဘရာအတ်ညဥ့်မြတ်မင်္ဂလာတွင် ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်ကာ စားသုံးကြသကဲ့သို့ ကောက်သစ်ပေါ်ချိန်၌ ဖာတေဟာ ဖတ်ရွတ်ပွဲများကျင်းပကြသည်။ ငရုတ်ကောင်၊ အသီးအနှံမျိုးစုံတို့ဖြင့် မုန့်ဟင်းခါးများချက်ပြုတ်ကျွေးမွေးကြသည်။ နာရေးတွင် အထူးသဖြင့် ဒဖနာမြေမြှုပ်သဂြိုဟ်နောက် မြေပုံ ပေါ်တွင် တဲထိုး၍ အသံမစဲ ကုရ်အာန်ဖတ်ရွတ်ပွဲများကို (၇)ရက်(၇)လီပြုလုပ်ကြသည်။ သို့မဟုတ် လပေါက် ပြုလုပ်ကြသည်။ အမျိုးသားအမျိုးသမီးတိုင်းဖ တ်ရွတ်ကြသည်။ ထိုနေရာမှာပင် ဧည့်ခံကျွေးမွေးကြသည်။

ကလေးမွေးဖွားသန့်စင်ပြီး အမည်ပေးကင်ပွန်းတပ်တွင် ကလေးငယ်အား အလယ်တွင်ထား၍ အေမာမ်ရှေ့ဆောင်ဆရာများက ၀ိုင်းဖွဲ့လျက် “ဆွလ၀တ်မေတ္တာတော်”ချီးမြှင့်ရွတ်ဆိုကြသည်။ နောက် မိမိတို့ရပ်ရွာရှိ အေမာမ်ရှေ့ဆောင်ဆရာများမှ ကလေးငယ်၏ လျှာဖျားတွင် ပျားရည်(၃)ကြိမ် (၃)စက်ချ၍ ကလေး၏ ဘွဲ့အမည်ကို ရေရွတ်လိုက်ရာ အားလုံးမှ (၃)ကြိမ်(၃)ခါ လပ်ဗိုက်ထူးကြရသည်။ ပြီးလျှင် ကလေးအား ပုခက်အတွင်းထည့်၍ လွှဲကာ ကောင်းချီးသြဘာပေးကြသည်။ အမည်ပညတ်ရာတွင် အမျိုး သားဆိုလျှင် ကာလီ၊ ဆာလီ၊ ကူလေးမန်း၊ နော်ဒင်၊ လာရန်ဟူ၍လည်းကောင်း၊ အမျိုးသမီးဆိုလျှင် စာရဟား၊ မီရှား၊ ခေ၀ရီဇာ၊ ဖရီဒါ၊ ရမ်းမလာဟူ၍ ခေါ်ဝေါ်ကြသည်။

အိမ်ထောင်ရေးနှင့်ပတ်သက်၍ မိဘများမှ သင့်တော်သူနှင့် အိမ်ထောင်ဖက်ပြုလုပ်ပေးလေ့ရှိ သကဲ့သို့ မိမိတို့အောင်သွယ်တော် လူကြီးသူမများ၏ စေ့စပ်မှုလည်းရှိသည်။ အချင်းချင်းနှစ်သက်မြတ်နိုး၍ လူကြီးမိဘတို့အား ဖွင့်ဟတောင်းခိုင်းမှုလည်းရှိသည်။

အမျိုးသမီးက စ၍ အမျိုးသားအား နှစ်သက်မြတ်နိုးလျှင် အမျိုးသား၏ ခြေရာမှုန့်ကို ယူ၍ လက်ကိုင် ပ၀ါထောင့်တွင် ထုပ်ပြီး ဓိဋ္ဌာန်ပြီး “မင်း၏ အသည်းနှလုံး ခေါင်းအုံးလိုက်ပြီ”ဟု ရွတ်ဆိုကာ ခေါင်းအောက် တွင် ထား၍ အိပ်လိုက်လျှင် သူမနှစ်သက်သောအမျိုးသားအညှို့ခံရသကဲ့သို့ ဘယ်ဒေသကိုမျှ မသွားနိုင် တော့ဟု ဆိုစမှတ်ပြုကြသည်။

မဟာရ်အကြွေးဟူ၍ မရှိ၊ တတ်နိုင်သမျှအပြတ်တင်ကြသည်။ သမီးရှင်မှ ဧည့်ခ့ကျွေးမွေးမှုများ ဆောင်ရွက်ကြသည်။ မဟာရ်သည် တစ်သက်တစ်ခါ အမျိုးသမီးအား ဂုဏ်ပေးသောအရာဖြစ်၍ လျှောက်ပတ်သောဂုဏ်ပေးမှုဖြစ်ရမည်ဟု ခံယူကြသည်။

သတို့သား၊သတို့သမီး အခန်းဝတွင် ထိုင်၍ လူပျိုအပျိုများဝိုင်းရံထားချိန်တွင် ဧည့်သည်မှ သတို့သားအား ဆေးလိပ်တိုက်လျှင် သတို့သမီးက မီးညှိပေးသောအလေ့မှာ မောင်အတွက် မယ်ကူညီရန် အသင့်ဖြစ်နေကြောင်းသရုပ်သဏ္ဍာန်ကို နိမိတ်ပုံပြကြော်ငြာမှုဖြစ်၍ အားလုံးသြဘာပေးကြသည်။ ကောင်းချီးပေးကြသည်။

မင်္ဂလာပွဲအကြာင်းပြု၍ ပြဇာတ်နှင် ကောင်ဝါလီပွဲများစည်ကားလှပြီး မုန့်ဆိုင်များပင် ဖွင့်လှစ် ရောင်းချကြသည်။ အရက်ဆိုင်နှင့် မူးယစ်ဆေးဝါး လုံးဝမရှိ၊ ကြီးလေးစွာတားမြစ်ထားသည်။ အားကစားတွင် မြန်မာ့လက်ဝှေ့ပညာ၌ ထူးချွန်ကြသည်။

ချစ်စရာတိုင်းရင်းသားပသျှူးအမျိုးသားအစုအဝေး၏ ကောင်းမြတ်သောဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု များမကွယ်ပျောက်ရေး နိုင်ငံတော်တွင် လုံးဝ တာဝန်ရှိပေသည်။ အမိမြေပေါ်၌ နေထိုင်ကြသည့်ထိုထိုသော သွေးချင်းများသည် မိမိတို့ညီနောင်များ၏ ဇစ်မြစ်ရိုးရာဓလေ့ယဉ်ကျေးမှုတို့ကို သိရှိထားကြရမည်။ ကာလတစ်ကန့်မှ ပျူလူမျိုးတို့ကွယ်ပျောက်သွားခဲ့သည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်ကွယ် မည်မှာ အမှန်ဖြစ်၍ ပသျှူးလူမျိုးများမပျောက်ကွယ်ရေးကို တိုင်းရင်းသားညီနောင်များဝိုင်းဝန်းထိန်းသိမ်း သွားကြရမည်သာဖြစ်ပါသည်။

၁၉၈၅ ခုနှစ်ထုတ် အစ္စလာမ်သုတ စာစောင်တွင် သုတေသီ ဦးမောင်မောင်ကြီး(မန်း) ရေးသားထားသော စာတမ်းတိုဖြစ်ပါသည်

Leave a Reply