5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၁၊ ၂၀၁၄
M-Media

– ပြီးခဲ့သည့်နှစ်က မွန်ဘိုင်းတွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှစ်ခုတွင် ကျူးးလွန်သူ လေးဦးအား မွန်ဘိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

2014166932455734_20

မုဒိမ်းမှု များကို ဆန့်ကျင်ဆန္ဒပြနေသူများ (Photo- AFP)

မွန်ဘိုင်းမြို့ရှိ အသုံးမပြုတော့သော သီးနှံကြိတ်ခွဲစက်အတွင်း အမျိုးသမီး ၂ ဦးအား သီးခြားစီ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ၎င်းတို့ လေးဦးမှ ယမန်နေ့တွင် ၀န်ခံခဲ့ပြီးနောက် တရားရုံးက ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယနေ့ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးအား ကျူးးလွန်ခဲ့သည့် အမှုအတွက်ဖြစ်ပြီး၊ ဓာတ်ပုံဂျာနယ်လစ်အား ကျူးလွန်ခဲ့သည့် အမှုအတွက်ကိုမူ လာမည့် သီတင်းပတ်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

ဓာတ်ပုံဂျာနယ်လစ်အား အုပ်စုဖွဲ့၍ အဓ္ဓမပြုကျင့်မှုမှာ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ရဲတပ်ဖွဲ့က တရားခံများအား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးက ၎င်းမှာလည်း ထိုနေရာတွင်ပင် ဇူလိုင်လအတွင်းက အုပ်စုဖွဲ့၍  မုဒိမ်းကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သောကြောင် တရားရုံးက တရားခံများအား အမှု ၂ နှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် မကြာသေးသော လများအတွင်းက ဖြစ်ပွားခဲ့သည် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် အုံကြွမှုများဖြစ်လာခဲ့ကာ၊ ထိုပြစ်မှုများအတွက် တင်းကျပ် ထိရောက်သော ဥပဒေများပြဌာန်းပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် တစ်လကျော်ကလည်း အိန္ဒိယနိုင်ငံအရှေ့ဘက် ဘန်ဂေါလ်ပြည်နယ်ရှိ ရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအား ရည်းစားဖြစ်သူနှင့် အတူတွေ့ရှိခဲ့သောကြောင့် အပြစ်ပေးသည့်အနေဖြင့် အုပ်စုဖွဲ့၍ မုဒိမ်းကျင့်ရန် ရွာသူကြီးက အမိန့်ပေးခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

Al Jazeera

Leave a Reply