6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၄၊ ၂၀၁၄
M-Media

– အစ္စလာမ်၏ စစ်မှန်သော တန်ဖိုးများကို မြင့်တင်ပေးကာ ဆွဇ်မွတ်စလင်များအား အစ္စလာမ့် ဓမ္မပညာရပ်များ သင်ကြားပေးနိုင်မည့် ပထမဆုံး အစ္စလာမ့်သုတေသန စင်တာ ကို ဆွဇ်ဇာလန် နိုင်ငံ၌ ဖွင့်လှစ်ခဲ့သည်။

Swiss-Muslims-Get-First-Academic-Center

“အစ္စလာမ့် သိပ္ပံအသင်း” ဟု အမည်ပေးထာသည့် အဆိုပါ သုတေသနစင်တာကို ဆွဇ်ဇာလန် အစ္စလာမ့် အတိုင်ပင်ခံကောင်စီက ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအသင်းတွင် ကနဦးသင်ကြားမှုအဖြစ် ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ ဓလေ့တော် စွန်နာနှင့် သြ၀ါတော် ဟဒီးဆ်များကို သင်ကြားသွားမည်ဖြစ်ကာ မည်သည့်ဘာသာဝင်မဆို လက်ရောက်စာရင်းပေး၍ တက်ရောက်နိုင်သည်ဟု ရှုရာကောင်စီက ပြောကြားခဲ့သည်။

ထို့ပြင် ထိုအသင်းမှ အစ္စလာမ်နိုင်ငံများရှိ တရားဝင်အသိအမှတ်ပြုထားသော အသင်းအဖွဲ့များမှ ပို့ချသည့် အစ္စလာမ့် ဓမ္မသင်တန်း၏ သင်ရိုးညွှန်းတမ်းများ ကိုလည်း ပြဌာန်းသွားရန် စမ်းသပ်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု  ထိုအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဘ်ဒူလာဟ် နီကိုလက်စ် ဘလန်ချိုက ပြောကြားခဲ့သည်။

ထိုသင်တန်းများအား ဆွဇ်ရုံးသုံး ဘာသာ စကားတစ်ခုဖြစ်သည့် ဂျာမန်ဘာသာစကားဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ၊ နိုင်ငံအတွင်း အစ္စလာမ့်အဆုံးအမများကို သင်ကြားပို့ချနိုင်သည့် အရည်အချင်းရှိ ဆရာများ မလုံလောက်မှု ကွက်လပ်ကိုလည်း ဖြည့်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါ “အစ္စလာမ့် သိပ္ပံအသင်း” အား အစ္စလာမ်၏ သမ္မသမတ်ကျသည့် တရားစစ်တရားမှန်များနှင့် စည်းမျဉ်းစည်းကမ်းများအား တိုးတက်ပြန့်ပွားစေရေး လုပ်ငန်းများ မြှင့်တင်ပေးရန်အတွက်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဘလန်ချိုက ဆိုသည်။

ထိုအသင်းမှ အစ္စလာမ်နှင့် ပတ်သက်သည့် အမြင်မှားများကို ပြင်ဆင်တည့်မတ်သည့်လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ အစ္စလာမ် သာသနာမှာ ခေတ်နှင့်လျော်ညီမှု မရှိဆိုသည့် မှားယွင်းသော အယူအဆကိုလည်း ပယ်ဖျက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘလန်ချိုက ထည့်သွင်းပြောကြားခဲ့သည်။

ဆွဇ်ဇာလန် အစ္စလာမ့်အတိုင်ပင်ခံ ကောင်စီကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လက်ယာ အစွန်းရောက်များ၏ အစ္စလာမ်အပေါ် ပစ်မှတ်ထားသည့် အမုန်းတရားများကို ပြန်လည်တုံ့ပြန်နေသည့် ပညာရှင် အများအပြားပါဝင်သည်။ ၀တ်ပြုရန်ဖိတ်ခေါ်သံ ဟစ်ကြွေးမှုအား ပိတ်ပင်ထားသည့် ဆွဇ်ဇာလန် နိုင်ငံတွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင် ၁၆၀ ခန့်ရှိသည်။

ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဆွဇ်ဇာလန် တွင် လူဦးရေ ၈ သန်းကျော်ရှိပြီး ၅ သိန်းခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

Ref:OnIslam & News Agencies

Leave a Reply