5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၆ ၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး၊ လမင်း တွေ့ဆုံမေးမြန်းသည်။

ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏  ကြေငြာချက်အပေါ် KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်၏ အမြင်သဘောထား
U Thein win aungISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါအဖွဲ့၏ ကြေငြာချက်အား KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်က သူ၏အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။

“ဒီကနေ့ ISIS အဖွဲ့ဆိုပြီးတော့ ကမ္ဘာမှာ လူတွေကိုအပြစ်မဲ့ သတ်ဖြတ်မှုတွေကို ကလိမာဟ် စာတန်းတွေရဲ့ရှေ့ ဗလီဝတ်ကျောင်းတော်တွေရဲ့ရှေ့တွေမှာ သတ်နေတာတွေကို ရုပ်သံတွေနဲ့ကမ္ဘာကိုလွှင့်နေကြတာဟာ အစ္စလာမ်သာသနာကို အကြမ်းဖက် သာသနာလို့ ကမ္ဘာကစွပ်စွဲအောင် လုပ်နေကြတာပါ။ အစ္စလာမ်ဘာသာက ဒီလိုခိုင်းထားတာမဟုတ်ပါဘူး။ သူ့တို့တစ်တွေလုပ်နေတဲ့ လုပ်ရပ်တွေက အစ္စလာမ်ဘာသာဝင်တွေ လုပ်ရမယ့်အလုပ်တွေနဲ့ လုံးဝကိုဆန့်ကျင်နေပါတယ်။ တမန်တော်မိုဟမ္မဒ် လက်ထက်ကတည်းက အပြစ်မဲ့လူတွေကို သတ်ဖြတ်တယ်ဆိုတာ လုံးဝကိုမရှိခဲ့ပါဘူး။ သူတို့တွေအခုလုပ်နေတဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်နဲ့ ဘာမှမဆိုင်ပါဘူး။

ကျမ်းတော်မြတ်ကုရ်အာန်မှာ လူတစ်ယောက်ကို ကူညီတာသည် လူတစ်ယောက်ရဲ့အသက်ကို ကယ်လိုက်တာသည် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားကိုကယ်တဲ့အကျိုးကို အလ္လာဟ်အရှင်မြတ်ကပေးမယ်။ အပြစ်မရှိတဲ့ လူတစ်ယောက်ရဲ့အသက်ကို သတ်တာသည် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားမျိုးနွယ်တွေကို သတ်ခြင်းနဲ့တူတယ်လို့ မိန့်တော်မူထားတယ်။ ကျမ်းမြတ်ကုရ်အာန်ဆိုတာ တစ်ကမ္ဘာလုံးက အစ္စလာမ်ဝင် လူသားတိုင်း လိုက်နာရမယ့်အရာဖြစ်တယ်။ ကုရ်အာန်က ဒီလို မိန့်တော်မူထားတဲ့အတွက် ဒီကနေ့ဖြစ်နေတဲ့ အကြမ်းဖက်တယ်တို့ အပြစ်မရှိတဲ့လူတွေကို သတ်တယ်တို့ဆိုတာ အစ္စလာမ်ဘာသာနဲ့ မဆိုင်သလို ကျွန်တော်တို့အနေနဲ့ အားလည်းမပေးပါဘူး။”

အခုရက်ပိုင်းမှာ အလ်ကိုင်ဒါအဖွဲ့ရဲ့ အိန္ဒိယတို့ မြန်မာနိုင်ငံတို့ဘက် ၀င်ရောက်မယ်ဆိုတဲ့ ကြေငြာချက်အပေါ် သဘောထားခံယူချက်ကိုလည်း အခုလို ပြောပြပြန်ပါတယ်။

“အလ်ကိုင်ဒါအဖွဲ့ဆိုတာ တကယ်တမ်းမှာ သူတို့ကိုယ်တိုင်က ပြေးရှောင်နေရသူတွေပါ။ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူ အိုစမာဘင်လာဒင် ကိုယ်တိုင်လည်း ပြေးရှောင်ရင်း သေဆုံးသွားခဲ့ရတာပါ။

ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ကာကွယ်ရမှာပါ။ အစ္စလာမ် ဘာသာကို နှိပ်ကွပ်တဲ့အတွက် တိုက်ခိုက်မယ်ဆိုရင် အကြမ်းမဖက်နည်းနဲ့ တိုက်မယ်ဆိုရင် ကျွန်တော်တို့လည်း တိုက်ဖျက်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရ မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံး မှန်တယ်လို့ ကျွန်တော်မပြောဘူး။ ဒါပေမယ့် နှိပ်ကွပ်မှုတွေကို အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းနဲ့ တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့လည်း ပါဝင်မယ်။ ကျွန်တော်တို့က Pro မဟုတ်ဘူး anti ပဲ။ အကြမ်းဖက် နည်းလမ်းနဲ့ အပြစ်မရှိသူတွေ၊ ရဟန်းရှင်လူ ပြည်သူတွေကို တိုက်ခိုက်မယ်ဆိုရင်တော့ အကြမ်းဖက်ကို အားမပေးတဲ့ အပြင် အကြမ်းဖက်ကို ဆန့်ကျင်ပြီး ကျွန်တော်တို့က ကာကွယ်မယ့်သူတွေ ဖြစ်တယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်နေတာ ချုပ်ချယ်နေတာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့လည်း ဆန့်ကျင်တယ် ကန့်ကွက်တယ်။ သားစဉ်မြေးဆက်လည်း ဖိနှိပ်လာတယ်၊ ချုပ်ချယ်လာတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ဖိနှိပ်လာရင် တတ်နိုင်သလောက် ဆန့်ကျင်မယ် ကာကွယ်မယ် ကန့်ကွက်မယ်။ အခုလိုပြောတာက ကျွန်တော်တို့က အစိုးရက လော်ဘီလည်းမဟုတ်ဘူး၊ လက်ကိုင်တုတ်လည်းမဟုတ်ဘူး။ မတရားတာရှိရင် မတရားတာကိုပြောမယ်။ ဥပဒေရှိတယ်၊ ဥပဒေအတွင်းက ပြောမယ်။ ဥပဒေအတွင်းက ဆန့်ကျင်မယ်၊ နိုင်ငံရေးအရ တိုက်ဖျက်မယ်။ အသက်သေဆုံးသည့်တိုင် တိုက်ဖျက်သွားမယ်။ အဲ့ဒါ ကျွန်တော်တို့ရဲ့ ခံယူချက်။

ဒါပေမယ့် အပြစ်မရှိတဲ့လူတွေကို အကြမ်းဖက်လုပ်လာရင် ပြည်သူလူထုနဲ့အတူ ကာကွယ်ပြီး အကြမ်းဖက်ကို ကျွန်တော်တို့ကိုယ်တိုင် တိုက်ခိုက်မှာဖြစ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ သဘောထားပါပဲ။”
====================================
ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏ အကြမ်းဖက်မှု ကြေငြာချက်အပေါ် သျှီအာအိုလမာ ဥက္ကဋ္ဌ ဦးခင်မောင်ဦး ၏ အမြင်သဘောထား
ISIS အပေါ် သဘောထားအမြင်ကို သျှီအာအိုလမာ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အခုလို ပြောပြခဲ့ပါတယ်။

999268_548869968488811_913555310_n“IS ရဲ့ လက်ရှိအခြေအနေမှာ သူတို့က တစ်မြို့ကို သိမ်းထားတယ်လို့ သိရတယ်။ နောက်ပြီးတော့ ဆီးရီးယားနဲ့ ဂျရတ်နဲ့က ဘော်ဒါတွေ အဲ့ဒါတွေကို တဘက်က ပိတ်ပစ်လိုက်တယ်။ အဲ့လို ပိတ်ပစ်လိုက်တဲ့အခါ သူတို့မှာ ထွက်ပေါက်မရှိဘူးလိုဖြစ်နေတယ်။ လက်ရှိအနေထားမှာ IS က မြို့ကို သိမ်းထားပေမယ့် အများပြည်သူက လက်မခံဘူး။ အဲ့ဒီမှာက သျှီအာက minority စွန္နီက majority ပါ။ တိုက်တဲ့နေရာမှာ တော်တော်များများ စွန္နီတချို့ကလည်း သူတို့ကို လက်မခံဘူး။ သူတို့သိမ်းထားတဲ့နေရာတွေမှာ အခွန်ကောက်တာတို့ အဓမ္မအဖွဲ့ထဲကို ဆွဲသွင်းတာတို့လုပ်တာ သိရတဲ့အတွက် လက်မခံကြဘူး။ မီဒီယာဆိုတာကတော့ ကိုယ်လိုချင်တဲ့ဘက်ကို ဇောင်းပေးပြီး ဖော်ပြတာတွေရှိတတ်တယ်။

မီဒီယာရဲ့သဘောကတော့ တစ်ဘက်ထဲကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ကိုယ်ယူတဲ့ ရှုထောင့်ကနေ ဖော်ပြတတ်ကြတယ်။ Opposite ရှိတတ်တယ်။ ရှင်းရှင်းပြောရရင် သာမန်လူသားတွေ အနေနဲ့က အဲ့ဒီနေရာ ကိုယ်ရောက်တာမှ မဟုတ်တာ။ ကိုယ်က သွားပြီး မြင်တာ ကြည့်တာ မဟုတ်တဲ့အတွက် နှစ်ဖက် မီဒီယာကို သုံးသပ်လိုက်ရင် အနီးစပ်ဆုံး အဖြေတစ်ခုတော့ ထွက်လာတယ်။ အခု IS ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေ ဘယ်လိုပဲ ဖော်ပြဖော်ပြ ဒီ IS က သိမ်းမယ် ဆိုတာက ဖြစ်နိုင်မလား။ Possible ဆိုတာရှိတယ် impossible ဆိုတာရှိတယ်။ Nothing တော့ မဟုတ်ဘူး။ အခုလက်ရှိက ဇီယွန်ဝါဒီကို တိုက်ခိုက်ရမှာဖြစ်ပြီး ဘာလို့ အချင်းချင်း ပြဿနာရှာရမှာလဲ။ အချင်းချင်း ပြဿနာရှာမယ့်အစား တခြားမှာ ကလေးတွေသေနေတယ်၊ မိန်းမတွေ၊ အပြစ်မဲ့ပြည်သူတွေသေနေတာရှိပေမယ့် အဲ့ဒီမှာ မလုပ်ပဲ ဘာလို့ ဒီမှာမှ လာလုပ်နေလဲ။ ၀ါဒမတူတိုင်း ရန်သူမှ မဟုတ်တာပဲ။”

အလ်ကိုင်ဒါ၏ အကြမ်းဖက်မှုလုပ်ရပ်များအား မြန်မာနိုင်ငံသို့ ၀င်ရောက်မည်ဆိုသည့် ကြေငြာချက်အပေါ် သူ၏ သဘောထားအမြင်ကိုလည်း အခုလို ထပ်မံ ပြောပြခဲ့ပါတယ်။

အလ်ကိုင်ဒါက ၀င်မယ်ဆိုတာ သူတို့ကြေညာနေတာတွေရှိတယ်။ ဘယ်လိုဖြစ်ဖြစ် ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ အဲ့ဒီ ကြေငြာချက် ကတော့ မြန်မာပြည်မှာရှိတဲ့ မွတ်စလင်တွေ အတွက် မကောင်းဘူး။ ဒါက ရှင်းရှင်းပြောမယ်ဆိုရင် ကိုယ့်အရေးကို ကိုယ်ပဲ ဖြေရှင်းရမယ်။ ဟိုနိုင်ငံက ငါတို့ကို ကူညီမလား၊ ဒီနိုင်ငံက ငါတို့ကို ကူညီမလားဆိုတဲ့ ဒွေးတော်လွမ်းတဲ့ ကိစ္စတွေကို ဘေးဖယ်ထားပြီး လက်ရှိဖြစ်ပျက်နေတဲ့အရေးမှာ သိထားရမှာက ငါတို့သည် နိုင်ငံခြားသားတွေမဟုတ်ဘူး။ ငါတို့သည် ပုန်ကန်နေတဲ့သူတွေလည်း မဟုတ်ဘူး။

ပုန်ကန်နေတဲ့သူမဟုတ်တဲ့အတွက် လက်ရှိအခြေခံဥပဒေမှာရော ယခင်အခြေခံဥပဒေမှာရော နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသလို နိုင်ငံသားတိုင်းဟာ တန်းတူညီမျှအကျိုးကို ခံစားခွင့် ရှိတယ်ဆိုတာ ဖော်ပြထားတယ်။ နောက်တစ်ခုက နိုင်ငံသားတိုင်းရဲ့ အသက်အိုးအိမ် စည်းစိမ်ကို နိုင်ငံတော်က အပြည့်အ၀ ကာကွယ်ပေး ရမယ်ဆိုတာ ရှိနေတယ်။ ဒီလို ရှိနေတဲ့အတွက် ဒါက သီးသန့် တောင်းဆိုနေတာ မဟုတ်ဘူး။ ဒီနေ့အထိ ဘယ်မွတ်စလင်ကမှ ငါတို့ကို ပြည်နယ်တစ်ခုပေးပါလို့ တောင်းဆိုထားတာ မရှိဘူး။ အခုလို တောင်းနေတာလည်း မဟုတ်တဲ့အတွက် ဒီကိစ္စက တစ်ဘက်စောင်းနင်းတွေ ရှိကောင်းရှိနိုင်တယ်၊ ရှိလည်း ရှိနေတယ်။ ဒါကြောင့် ကိုယ့် right အတွက်ကတော့ ကိုယ်ပဲ ရပ်တည်ရမယ်

ကုရ်အာန်ကလည်း ဘာပြောထားလဲဆိုတော့ အကြင်လူမျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့ မပြောင်းလဲသရွေ့ ကာလပတ်လုံး ငါအရှင်က ထိုသူတို့ကို ပြောင်းလဲပေးမည် မဟုတ်တဲ့။ မိမိအပြောင်းအလဲအတွက် မိမိ ပြောင်းလဲနိုင်ရမှာပါ။ အကြမ်းဖက်ဆိုတာကိုက အစ္စလာမ်မှာ အကြမ်းဖက်ဆိုတာ မရှိဘူး။ တစ်ခုကတော့ ကိုယ့်ရဲ့ right အတွက် အစ္စလာမ်မှာ ဂျီဟာဒ်ဆိုတာ Defense ကိုပြောတာ။ သူများကို အလကား တိုက်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအလ်ကိုင်ဒါရဲ့ ပြောကြားချက်ကတော့ ကျွန်တော့်အနေနဲ့ မထောက်ခံဘူး။”

ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁) ဖတ်ရန်

Leave a Reply