6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

MMSY မိသားစုဝင်များ၏ ပထမဆုံး ပရောဂျက် “အလ္လာ့ဟ်ဂုဏ်တော် ၉၉ပါး” Asma ul Husna Application(Android) ကို Google Play တွင် အခမဲ့ဖြန့်ချီ

ဇူလိုင် ၁၃ရက်၊ ၂၀၁၂၊

MMSY News

ရန်ကုန်။

MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ပထမဆုံး ပရောဂျက်အဖြစ် “Asma Ul Husna” application ကို Google Play Store တွင် ၂၀၁၂ခုနှစ် ဇွန်လက အခမဲ့ ထုတ်ဝေလိုက်ပါသည်။ ၄င်း application သည် Android ဖုန်းအသုံးပြုသောမြန်မာမွတ်စလင်မ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊မြန်မာဖောင့် ကို app အတွင်း ထည့်သွင်း (embed) လုပ်ထားသည့်အတွက် ဖုန်းထဲတွင်မြန်မာစာမသွင်းထားလျှင်လည်း application တွင်မြန်မာစာဖြင့် ဖတ်၍ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

App Screenshots

မုဖ်သီမုဟမ္မဒ် ဂျလာလုဒ္ဒိန်း(မော်လမြိုင် ) ရေးသားသည့် တောင်းဆုဒုအာ အဖြာဖြာစာအုပ်ကို မှီငြမ်းထားခြင်းဖြစ်ပြီး အလ္လာအရှင်မြတ်၏ ဂုဏ်တော် ကိုးဆယ့်ကိုးပါး၊ အဓိပ္ပါယ်နှင့်တကွ ထွတ်မြတ်မှုများကို အလွယ်တကူလေ့လာနိုင်သည်။မြန်မာမွတ်စလင်များ အစ္စလာမ့်ဗဟုသုတနှင့် စာပေများ အလွယ်တကူ လေ့လာနိုင်ရန်ရည်ရွယ်ပြီး MMSY မှ ဝါသနာရှင် လူငယ်များ ပူးပေါင်း၍ အခြား Android application များကို ဆက်လက်ထုတ်ဝေနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ ယခုလက်ရှိတွင် တောင်းဆုဒိုအာများ (အာရဗီ+မြန်မာ နှစ်ဘာသာ)၊ ရမသွာန် (အစ္စလာမ် ဥပုတ်လ) လက်စွဲ စသည့် app များကို မကြာမှီအချိန်အတွင်း ဖြန့်ချီသွားမည်ကြောင်း သိရသည်။

Asma ul Husna Burmese application ကို Google Play Store မှ တိုက်ရိုက် ဒေါင်းလုတ်လုပ်နိုင်ပြီး Play Store အသုံးပြု၍မရပါက ဤနေရာမှ ဒေါင်းလုတ်လုပ်၍ သွင်းနိုင်ပါသည်။ အမှားအယွင်း တစ်စုံတစ်ရာတွေ့ရှိပါက (သို့မဟုတ်) အကြံပြုလိုပါက [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။
Tags: ,

Leave a Reply