6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၅ ၊ ၂၀၁၅
M-Media
မိုးစက် တွေ့ဆုံမေးမြန်းသည်။

2
လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်  ၊နိုင်ငံဂုဏ်ရည်(ဒု) အဆင့်၊အတ္ထုပ္ပတ္တိစာပေဆုရှင် ၊သက်ကြီးကန်တော့ခံ စာပေပညာရှင်  ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်၏ သားဖြစ်သူ၊  ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး၂၀၁၅ ရွေးကောက် ပွဲတွင် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူ တစ်ဦးဖြစ်သည့် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းတင်ကျော်နှင့် တွေ့ဆုံးမေးမြန်းထားပါသည်။

M-Media။    ။  ဦးဆန်းတင့်ကျော် ရွေးကောက်ပွဲ ဝင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့ရတာလဲ သိရပါရစေ။
ဖြေ။    ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ ခေတ်အဆက်ဆက် တိုင်းပြည်အပေါ်မှာ အလုပ်ကျွေး တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။ ဗိုလ်နေဝင်း လက်ထက်နောက်ပိုင်း ကျွန်တော်တို့ အခန်းကဏ္ဍကို ရုတ်သိမ်းရင်း အပြင်ရောက်ခဲ့ရတယ်။ ဒီအခွင့်အရေးကိုလည်း ပြန်ယူချင်တယ်။ အာဏာယူဖို့ မဟုတ်ဘူး၊ နေရာယူဖို့မဟုတ်ဘူး။ တိုင်းပြည်အပေါ်မှာ  ပြည်သူအပေါ်မှာ အလုပ်ကျွေးပြုစုခွင့်ကို လိုချင်တာ။ အဖိနှိပ်ခံထားရတဲ့ လူနည်းစုတွေက တစ်ယောက်က လုပ်ပိုင်ခွင့်တွေကိုပြန် ရချင်လို့။ လုပ်ပိုင်ခွင့်ဆိုတာလည်း အာဏာမဟုတ်ဘူး။ အလုပ်ကျွေးပြုစုချင်တာ။

M-Media။    ။ ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်မှုအနေနဲ့ ဘာကြောင့် မင်္ဂလာတောင်ညွှန့်ကို ရွေးချယ်ခဲ့တာလဲ။
ဖြေ။    ။ အစကတော့ ကိုယ့်မွေးဇာတိရပ်ကွက်ဖြစ်တဲ့ ပန်းဘဲတန်းကို ရွေးမလို့ပဲ။ ဒါပေမယ့် တောင်ညွှန့်ကိုလာကြည့်လိုက်တော့ ဒီမှာက ဘာသာတရားတိုင်းက လူတွေက စည်းလုံးညီညွတ်စွာနဲ့ နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တန်ဖိုးထားတာတွေတွေ့တယ်။ သူငယ်ချင်းတွေကလည်း တိုက်တွန်းတော့ ဒီမှာ ဝင်ပြိုင်ဖြစ်တာပါ။

M-Media။    ။ မဲဆွယ်စည်းရုံးမှုတွေရော စတင်လုပ်ဆောင်နေပြီလား။
ဖြေ။    ။ ဟုတ်ကဲ့။ လုပ်နေပါပြီ။ လက်ကမ်းစာစောင်တွေဝေတာ ကျွန်တော်က ဒီရပ်ကွက်မှာ လူသိပ် မသိတော့ ကိုယ့်ကို လူသိအောင် မိတ်ဆက်တာမျိုးတွေတော့ လိုက်လုပ်နေပါတယ်။ ရပ်မိရပ်ဖတွေဆီ သွားရောက်ပြီး သူတို့နဲ့တွေ့ဆုံတာမျိုးတွေ လုပ်ပါတယ်။

M-Media။    ။ ရွေးကောက်ပွဲ မှာ ရွေးခံရရင် ဒီမြို့နယ်က မဲဆန္ဒရှင်တွေအပေါ်မှာရော ဘာတွေလုပ်ဆောင်ပေးဖို့ရှိလဲ။
ဖြေ။    ။ လုပ်ပေးချင်တာတွေက အများကြီးရှိတာပေါ့။ အဓိကကတော့ ပညာရေးနဲ့ ကျန်းမာရေးကိုပဲ ဦးစားပေးလုပ်ဆောင်ဖြစ်မယ်။ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့ မဖြစ်မနေ လုပ်ပေးချင်တယ်။ ဘဝရှင်သန် ရပ်တည်ဖို့အတွက် ကျန်းမာရေးကလည်း မဖြစ်မနေ လိုအပ်တာပါပဲ။ ကျန်းမာရေးကိုလည်း အလေးထား ဆောင်ရွက်သွားမယ်။

M-Media။    ။ လွှတ်တော်ထဲ ရောက်သွားရင် တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေ ဘာတွေကိုလုပ်ဆောင်သွားမလဲ။
ဖြေ။    ။ အရင်ဆုံး လုပ်ရမှာကတော့ တစ်ဖက်စောင်းနင်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပေါ့။ အဲဒါကို ပထမဆုံး ပြင်ရမယ်။ တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံ လို့ပဲထင်တယ်။ ပြည်သူကိုအကျိုး မပြုတဲ့ဥပဒေဖြစ်တဲ့ အတွက် တစ်ယောက်တည်းဆန္ဒအရဆိုရင် အသစ်ပြန်ရေး ဆွဲသင့်တယ်လို့ပဲမြင်တယ်။

M-Media။    ။ သမ္မတလောင်း ရွေးချယ်ခွင့်ရှိမယ်ဆိုရင်ရော ဘယ်လို လူမျိုးကို ရွေးချယ်မလဲ။
ဖြေ။    ။ တိုင်းပြည်အပေါ်မှာ တကယ်ချစ်မြတ်နိုးပြီး တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံမယ့် အတိတ်မှာရော လက်ရှိမှာရော အနာဂတ်မှာပါ ကိုယ်ကျိုးစွန့်နိုင်မယ့် ခေါင်းဆောင်မျိုးကို ရွေးချယ်ရမှာပေါ့။

M-Media။    ။ စိန်ခေါ်မှုတွေရော ရှိလာနိုင်မယ်ထင်လား။
ဖြေ။    ။ စိန်ခေါ်မှုတွေကိုလည်း မကြောက်ပါဘူး။ ရှိလာခဲ့ရင်လည်း အားလုံးကို အပြုံးနဲ့ပဲ ဖြေရှင်းမှာပါ။

M-Media။    ။ အားနည်ချက်၊ အားသာချက်ရော ဘာတွေများရှိမယ်ထင်သလဲ။
ဖြေ။    ။ အခြားပါတီကြီးတွေထက်စာရင် ကျွန်တော်တို့ပါတီက ပါတီသေးတော့ ငွေကို သုံးချင်တိုင်းသုံးလို့ မရဘူး။ နောက်ပါတီက အစ္စလာမ် ဘာသာဝင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဆိုတော့ ဘေး အနှောက့်အယှက်တွေရှိလာမှာကို ကြောက်ရတယ် အမြဲစဉ်းစား ဆင်ခြင်နေရတယ်။ ဒါတွေက အားနည်းချက်တွေပေါ့။ နောက်အားသာချက်က ဒီရပ်ကွက်ကပြည်သူလူထုက အခြားနဲ့ မတူဘူး။ သူတို့ ကုန်ပစ္စည်းနှစ်ခုကို မြည်းစမ်းပြီးပြီ။ သူတို့သိသွားတာက သူတို့သိပ် သဘောမတွေ့ဘူး။ အဲတော့ သူတို့အသစ်ကိုမျှော်ကြမှာပဲ အဲဒီအချိန်မှာကျွန်တော်က ဒီရောက်လာတာ ကျွန်တော့်အားသာချက်လို့မြင်တယ်။

M-Media။    ။ ပါတီကြီးနှစ်ခုကိုရော ယှဉ်နိုင်မယ်လို့ ယုံကြည်လား။
ဖြေ။    ။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ အရတော့ စွဲစွဲမြဲမြဲ ယှဉ်နိုင်မယ်လို့ကို ယုံကြည်တယ်။ ၁၄ နှစ်သားလောက်ကတည်းက မမျှတဘူးလို့ ထင်တာတွေကို တိုင်းပြည်မှာ တော်လှန်လာခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း ပြန်မေးတယ်။ တိုင်းပြည်အပေါ်ဘယ်လောက်ချစ်လဲလို့။ ကိုယ့်လိပ်ပြာကိုယ်သန့်တယ်။ တိုင်းပြည်ချစ်စိတ်ကိုတော့ အားလုံးနဲ့ ပြတ်ပြတ်သားသား ယှဉ်ရဲပါတယ်။

M-Media။    ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထု စိတ်ဝင်စားမှုကရော ဘယ်လောက် အတိုင်းအတာရှိတယ်ထင်လဲ။
ဖြေ။    ။ ပြည်သူလူထုက အံ့သြဖို့ကောင်းပါတယ်။ ဟိုးအရင် အစဆိုတဲ့ အချိန်ကစရင် ခုဆိုရင်တော့ ၆၀% ၇၀% လောက် စိတ်ဝင်စားလာကြပါတယ်။

M-Media။    ။ ရွေးကောက်ပွဲကိုရော ဘယ်လောက်အတိုင်းအတာထိ ယုံကြည်မှုရှိပါသလဲ။
သူတို့ကတော့ လွယ်လင့်တကူ အရှုံးပေးမယ်လို့ မထင်ပါဘူး။ ဖြေ။    ။ ရွေးကောက်ပွဲတရားမျှတလား မမျှတလားဆိုတာ ခုပဲ ကိုးကိုးကျွန်းဖြစ်ရပ်ကိုကြည့်ရင် သိနိုင်တယ်။ NLD ကအမတ်တွေကို အကြောင်း အမျိုးမျိုးပြပြီး သွားရောက်မဲဆွယ်ခွင့်မပေးသေးဘူး။

M-Media။    ။ နိုင်ငံရေးမျှော်မှန်းချက်တွေကရော ဘာတွေရှိသလဲ။
ဖြေ။    ။ တိုင်းပြည်အနာဂတ်နဲ့ ပတ်သက်ပြီး ၈၈ နောက်ပိုင်း တောခိုသွားတဲ့ အချိန်ကစပြီး ငါတို့တိုင်းပြည်ဟာ ဘာကြောင့်ဒီလောက် နိမ့်ကျနေရတာလဲဆိုပြီး မခံချင်စိတ်တွေ အမြဲရှိတယ်။ ခုတိုင်းပြည်မှာ တော်တော်များများဟာ ကမ္ဘာပတ်ပြီး ကျွန်ခံနေရတယ်။ ငါတို့နိုင်ငံကို သူများ တိုင်းပြည်တွေထက် သာရမယ်ဆိုတဲ့ စိတ်ကရှိတယ်။ တိုင်းသူပြည်သားတွေဟာ စစ်တပ် အုပ်ချုပ်မှုနဲ့ မဟာလူမျိုးကြီးဝါဒမှာ ပြားပြားဝပ်ခံခဲ့ရတာ။ အုပ်ချုပ်ရေးပိုင်းကစပြီးတော့ ခွဲဝေအုပ်ချုပ်တာ ပညာရေး၊ ကျန်းမာရေး၊တရားစီရင်ရေး စတာတွေကိုတော့ တိုင်းရင်းသား ဒေသတွေကိုပါ ခွဲဝေပေးမယ်ဆိုရင် အောင်မြင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။ အဲ့လိုဖြစ်လာမှသာ တိုင်းပြည်က ကမ္ဘာအလယ်မှာ တင့်တယ်တဲ့ တိုင်းပြည်တစ်ခုဖြစ်လာမှာ။ အဲ့လောက်ထိ တိုင်းပြည်ကိုဖြစ်စေချင်တယ်။

M-Media။    ။ နိုင်ငံရေးဖြတ်သန်းမှုကိုလည်း ပြောပြပေးပါဦး။
ဖြေ။    ။ ၁၄ နှစ်သားအရွယ်က လမ်းစဉ်လူငယ်ဥက္ကဌနှင့် ပါတီယူနစ်တို့၏မတရားသော လုပ်ရပ်အပေါ်ဆန့်ကျင်ခဲ့လို့ ရုံးရှိတဲ့ ရွှေဘုံသာလမ်းကို (၁)လတိတိ ဖြတ်မလျှောက်ရန် အမိန့်ထုတ်ပြန်ခံရတယ်။
၁၈.၃.၁၉၈၈ မှ စပြီး နိုင်ငံရေး လှုပ်ရှားမှုတွေမှာ တစ်ကိုယ်တော် ပါဝင်ခဲ့တယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ကနေ စတင်ခဲ့တာ ဖြစ်တယ်။ ၇လပိုင်း ၁၉၈၉ မှာတော့ မြေအောက်လှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်။ ထပ်ဖမ်းခံရတယ်။ ၄.၃.၁၉၉၀ ရက်နေ့တွင် ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်။၁၉၉၉ နှစ်ကုန်ပိုင်းမှာ ရန်ကုန်ကို ပြန်ရောက်လာတယ်။ ၂၀၀၉ စက်တင်ဘာလမှာ မေတ္တာ Campaign ကိုစတင်တည်ထောင်ခဲ့တယ်။

M-Media။    ။ အခုလိုဖြေကြားပးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။    ။ ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

1

Leave a Reply