6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၀ ၊၂၀၁၅
M-Media
သတင်း-သူရိန်
.-1  Yangon Police   ဖြစ်စဉ်မှန်သတင်းအား ဖော်ပြအသိပေးခြင်း ရန်ကုန်၊...
ယမန့်နေ့ ညဦးပိုင်းအချိန်မှ အွန်လိုင်းစာမျက်နှာထပ်တွင် ပြန့်နှံလာသည့် ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်း ၁၀၀ ကျော်စစ်ဆေးတွေ့ရှိကြောင်း ဝါဒဖြန့်လုပ်ကြံသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖြစ်ရပ်အမှန်ကို သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဝါဒဖြန့် သတင်းအမှားနှင့် ပတ်သက်ပြီး M-Media မှ သတင်းတပုဒ် ယနေ့ တင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။
http://www.m-mediagroup.com/news/49714
ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဝါဒဖြန့်သည့် သတင်း မှားယွင်းကြောင်းသာ ပါရှိပြီး လှုံ့ဆော်ဝါဒဖြန့်နေသူများအား အရေးယူဆောင်ရွက်မည့် အကြောင်း ဖော်ပြထားခြင်းမရှိပါ။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
.————————————————-
ဖြစ်စဉ်မှန်သတင်းအား ဖော်ပြအသိပေးခြင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

၁၀.၁၂.၂၀၁၅ ရက်နေ့ ၀၀၂၈ အချိန်တွင် “ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်းကုလား ၁၀၀ ကျော်စစ်ဆေးတွေ့ရှိ” ခေါင်းစဉ်ဖြင့် လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည့် “ရန်ကုန်မြို့ ဗိုလ်တစ်ထောင် မြို့နယ်၊ ၁၀ရပ်ကွက်၊ ၄၈ လမ်းရှိ ဗလီကို ရှောင်တခင် ရက်ကွက်အုပ်ချုပ်ရေး မှုးမှ ဝင်ရောက်စစ်ဆေးရာ မှတ်ပုံတင်မရှိ ဧည့်စာရင်းဖြင့် မူဆလင်ကုလား  လူစိမ်း ၁၀၀ကျော် ထွေအုပ်ရုံးက တွေ့ရှိခဲ့သည်ဟုသိရှိရသည်။ ဒီလို စစ်ဆေးမှုဟာတစ်လ တစ်ခါပုံမှန်လုပ်ကြောင်းဟုဆိုပါတယ်။

အဆိုပါ လူစိမ်း ၁၀၀ကျော် မိထားသည့်ကိစ္စကို သက်ဆိုင်ရာသို့ အကြောင်း  ကြားသော်လည်း သတင်းမပေါက်ကြားဖို့သာ ပြောဆိုပြီးဘာမှ အရေးယူဆောက်ရွတ်ခြင်းမရှိဟု သိရှိရသည်။

အိန္ဒိယ၊ဘင်္ဂလားဒေရှ်နှင့် ရခိုင်ပြည်နယ်မှ ခိုးဝင်လားသော ဗမာစကားမပြောတတ်သည့် မူဆလင်ခေါ်တောကုလားတွေကို ဗလီတော်တော်များများမှာ ဗမာစကားပြောတတ်အောင်သင်ပေးပြီး နောက်မှ မူဆလင်များသည့် မြို့နယ်နှင့်  ရပ်ကွက်များသို့ဖြန့် ကျက်လေ့ရှိကြောင်းဟုစုံစမ်းရရှိသည်။

အလုပ်တွေကိုတော့ တောင်တဂုံ စက်မှုဇုံက မူဆလင်ပိုင်ဆိုင်တွေဆီ ပို့ထားပြီး ၊ လူရေလည်လာပြီ ဆိုမှ မြို့အတွင်းပိုင်းဖြစ်သည့် တာမွေ၊  ပန်ဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ သင်္ကန်းကျွန်း၊ ဒေါပုံ၊ အနော်မာအစရှိတဲ့ မူဆလင်ပိုင်ဆိုင်တွေမှာ ခွဲဝေအလုပ်ပေးထားကြောင်း စုံစမ်းရရှိသည်။

ခိုးဝင်လာသူတွေက လမ်းခရီးမှာဖမ်းမိခဲ့ရင် ဖြေရှင်းဖို့ဆောဒီအာရေဗျနှင့် အာရပ်နိုင်ငံများမှ ထောက်ပံ့ထားသည့် ငွေဖြင့်ပြည်တွင်းသို့ ခေါ်တော ကုလားတွေကို ခိုးသွင်းသည့် မူဆလင်ကွန်ရက်မှ လိုက်လံဖြေရှင်းပေးလေ့ ရှိကြောင်း စုံစမ်းရရှိသည်။
အဆိုပါကိစ္စကို ပြည်ထဲရေနှင့်လဝက ဝန်ကြီးဌာနတို့ ထိထိရောက်ရောက် အရေယူပေးဖို့ အသိပေးဖော်ပြလိုက်ပါတော့သည်။” စသည်ဖြင့်သတင်းဖော်ပြခဲ့မှုမှာ လူမှုကွန်ယက်အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်ကိုသိရှိရပါသည်။

ဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ ၁၀.၁၂.၂၀၁၅ ရက်နေ့ ၀၉၀၀ အချိန်တွင်  ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ၄၇ လမ်း၊ အမှတ်(၁၈၁/၁၈၃)ဗလီ သို့ ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ  တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ဗိုလ်တထောင် မြို့မရဲစခန်းမှတပ်ဖွဲ့ ၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဗလီမှာ ကုရ်အာန်ကျမ်းဘာသာရေးစာသင်ကျောင်းနှင့်တွဲဖက်ကာ ဘာသာရေးစာပေများကို နေ့စဉ် ၀၈၀၀ အချိန်မှ ၁၆၀၀ အချိန်ထိ သင်ကြားပေးလျက်ရှိကြောင်း၊ ၎င်းကျောင်းတွင် စာသင်ကျောင်းသား (၁၆၃)ဦးရှိပြီး ညအိပ်စာသင်ကျောင်းသား(၁၁၉)ဦးနှင့်
နေ့ချင်းပြန်စာသင်ကျောင်းသား (၄၄)ဦး ရှိကြောင်း၊ စာသင်ကျောင်းသား များ၏ အသက်မှာ (၁၀)နှစ်မ (၂၀)နှစ်အတွင်းဖြစ်ကြောင်း၊ စာသင်ကျောင်းသားများသည် ရန်ကုန်မြို့နှင့်အခြားနယ်မြို့များမှလာရောက်သင်ကြားသူများဖြစ်ပြီး စာသင်နှစ်မှာ (၃)နှစ်ဖြစ်ကြောင်း၊ ၎င်းစာသင်သား များအား သင်ကြားရေးဆရာ(၁၆)ဦးတို့မှသင်ကြား ပေးနေခြင်းသာဖြစ် ကြောင်း၊ တရားမ၀င်ခိုးဝင်လာသူများပါဝင်မှုမရှိကြောင်း စစ်ဆေးသိရှိခဲ့ရပါသည်။

အဆိုပါလူမှုကွန်ယက်အင်တာနက်စာမျက်နှာ၌ ဖော်ပြပါရှိသည့် ဖြစ်စဉ်အား စိစစ်ခဲ့ရာတွင် သတင်းရေးသားဖော်ပြထားသကဲ့သို့ မဟုတ်ဘဲ စစ်ဆေးတွေ့ရှိသည့်ဖြစ်စဉ်အမှန်အား အသိပေးဖော်ပြ အပ်ပါသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းမူရင်းလင့်
https://www.facebook.com/yangonpolice/posts/762124527250150

48

ဝါဒဖြန့်နေသူများအနက် Wira Mos Sess Facebook အကောင့်လင့်ခ်
https://www.facebook.com/photo.php?fbid=171519729869095&set=a.127899564231112.1073741828.100010332063324&type=3

Leave a Reply