6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၃ ၊ ၂၀၁၆
M-Media
941040_1667789170176625_1675382294210494112_n
– စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသူ တစ်ဦးမှာ GCE O-Level စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်ဟု စင်ကာပူရောက် မြန်မာနိုင်ငံသားများ၏ Facebook စာမျက်နှာတွင် ဖော်ပြထားမှုအရ သိရသည်။

Westwood Secondary ကျောင်းတွင် တက်ရောက် ပညာသင်ယူနေသည့် မယွန်းရတီနိုင် ဖြစ်ပြီး ၂၀၁၅ ခုနှစ် GCE O-Level စာမေးပွဲ အောင်စာရင်းကို စင်ကာပူ စာစစ်ဘုတ်အဖွဲ့မှ ဇန်န၀ါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ သူမမှာ ဖြေဆိုရသည့် ၇ ဘာသာလုံးတွင် ဂုဏ်ထူး ထွက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တစ်ကျောင်းလုံးတွင် Top 1 ဖြစ်ခဲ့ကာ သူမအား ဂုဏ်ပြုသောအားဖြင့် သူမ၏ ဓာတ်ပုံကို ကျောင်းတွင် ရာသက်ပန် ချိတ်ဆွဲထားမည်ဖြစ်သည်။

Student Pass ဖြင့် စင်ကာပူတွင် ပညာသင်ယူနေသူ မယွန်းရတီနိုင်၏ ထိုကဲ့သို့ ထူးချွန်မှုကြောင့် Juinior College သို့ တိုက်ရိုက် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ သူမ၏ ဖခင်မှာ Residential Technical Officer ရာထူးဖြင့် စင်ကာပူတွင် အလုပ်လုပ်ကိုင်နေပြီး မိခင်မှာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အလုပ်လုပ်သူဖြစ်သည်ဟု အဆိုပါ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

မိခင် ဒေါ်သီတာကျော်ကမူ သမီးဖြစ်သူ၏ ထိုကဲ့သို့ ထူးချွန်းမှုအတွက် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ဂုဏ်ပြုကြောင်း ထိုအောင်မြင်မှုမှာ မြန်မာနိုင်ငံ၏ဂုဏ်ကို ဆောင်လိုက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံသားများ မညံ့ဘူးဆိုသည်ကို နိုင်ငံတကာအား ပြသလိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“သမီးလေးရေ..
မနေ့ ညသန်းခေါင်ယံ အချိန်ဟာ အမေအတွက် 2016 နှစ်အစပိုင်းရဲ့ဝမ်းသာစရာ အကောင်းဆုံး သတင်းကို မမျှော်လင့်ဘဲကြားလိုက်ရတဲ့ အပျော်ဆုံး အချိန်ဘဲဖြစ်မယ်ထင်ပါရဲ့။ သမီးဟာမနေ့က GCE O’level စာမေးပွဲကို ဘာသာစုံ”၇”ဘာသာလုံး ဂုဏ်ထူးထွက်ပြီး တစ်ကျောင်းလုံးမှာ ပထမဆုရတဲ့ Top 1 ပါလို့သမီးရဲ့ကျောင်းမှာ principal ကိုယ်တိုင်ကြေငြာပြီး ချက်ချင်းဘဲ ဆုပေးလိုက်တာ သမီးအတွက် အမေအရမ်းဂုဏ်ယူပါတယ်၊ အမေဘယ်လောက် ဝမ်းသာလဲဆိုတာပြော မပြတတ်အောင်ပါဘဲ။သမီးရဲ့ဓာတ်ပုံကိုကျောင်းမှာTop 1 အဖြစ် life time ချိတ်ထားမယ်ဆိုတဲ့ အတွက်အမေ တစ်ယောက် အနေနဲ့မကပဲ မြန်မာလူမျိုး တစ်ယောက် အနေနဲ့ပါ ဝမ်းသာလို့မဆုံးပါဘူး။ စင်ကာပူရီယန်တွေ ဟာ သူတို့နိုင်ငံမှာလာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေကို နှိမ့်ချပြီးကြည့်နေတာ အမြဲခံခဲရတဲ့အမေတို့အတွက် သမီးရတဲ့ဆုဟာ မြန်မာကို ကိုယ်စားပြုသလို၊ principal ၊ဆရာ၊ဆရာမများ၊ စင်ကာပူရီယန် မိဘ၊သူငယ်ချင်းများ အားလုံးက ဝိုင်းပြီးဖက်ပွေ့ကာ congrats လုပ်ကြတဲ့အတွက်၊2016 ရဲ့Olevel ပထမဆုကိုမြန်မာကျောင်းသူလေးရသွားတာဟာမြန်မာတွေမညံ့ဘူးဆိုတာ သူတို့ သိပြီ့း အံသြသွားစေတဲ့ အတွက် သမီးအတွက်အမေဂုဏ်ယူပါတယ်။ အထူးသဖြင့် အမေနဲ့ဝေးနေချိန်မှာ သမီးဂတိပေးခဲ့တဲ့ အတိုင်းကြိုးစားခဲ့လို့ကျေးဇူးပါသမီးရယ်။အခုချိန်မှာအမေ အလုပ်ချင်ဆုံးအရာကတော့သမီးကို အမေ့ရင်ခွင်ထဲထည့်ပြီးသမီးရဲ့ပါးလေးနှစ်ဖက်ကိုအားပါးတရနမ်းပြီးဂုဏ်ပြုလိုက်ချင်တာပါပဲ။ –
အဝေးရောက် အမေ သီတာကျော်”

မယွန်းရတီနိုင်၏ ထိုကဲ့သို့ ထူးချွန်မှု အတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အပါအ၀င်၊ မြန်မာပြည်သူများမှ ဂုဏ်ပြုခဲ့ကြပြီး၊ ထိုအားပေးမှု အတွက် ၀မ်းသာမိကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်ကို ထပ်မံမြှင့် တင်သွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သူမက မှတ်ချက်ရေးသားခဲ့သည်။

“ဒီပို့စ်ကို Like သူတွေ၊ မှတ်ချက်ပေးသူတွေနဲ့ မျှဝေသူတွေ အားလုံးကို လေးစား အသိအမှတ်ပြုတယ်လို့ အရိုးရှင်းဆုံးပြောချင်ပြီး ကျေးဇူးလည်း အရမ်းတင်ပါတယ်။ သမီးတို့ မြန်မာနိုင်ငံရဲ့ ဂုဏ်ရောင်ထွန်းပြောင်စေဖို့ အတွက် ဆက်လက်ပြီး ကြိုးစားအားထုတ်သွားမယ်လို့ သမီး ကတိပြုပါတယ်” ဟု သူမက အင်္ဂလိပ် ဘာသာစကားဖြင့် ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ်အတွက် GCE O-Level စာမေးပွဲကို စင်ကာပူနိုင်ငံ တစ်ဝှမ်းမှ ကျောင်းသားပေါင်း ၂၉၇၂၃ ဦး ဖြေဆိုခဲ့ကြပြီး ၅ ဘာသာနှင့် အထက် အောင်မြင်သူများမှာ ၈၃.၈ ရာခိုင်နှုန်းရှိခဲ့ကာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ပမာဏလည်းဖြစ်သည်။

Leave a Reply