5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်၊ ၁၈၊ ၂၀၁၂

M-Media

ရန်ကုန်

Photo- ကိုဘော်နီ FB

၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှာ လွတ်မြောက်လာသော ကိုဖြိုးဝေအောင်၏ ကျန်းမာရေးကိစ္စရပ်များတွင် လိုအပ်သည့် ကိစ္စရပ်များ သုံးစွဲနိုင်ရန်အတွက် ကိုရန်နိုင်လတ်(မန္တလေး) မှ ကူညီပေးအပ်သော ကျပ်ငွေ (၅၀၅ ၀၀၀) ကို ကူညီခဲ့ကြောင်းသတင်းရရှိပါတယ်။

အလှူရှင်ကိုယ်စား နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြသည့် ဦးထွန်းကြည်၊ ဦးဘမျိုးသိန်း နှင့် ဒေါ်အေးယုနွယ်၊ စာရေးဆရာ သက်ပိုင်ထွန်း(ခ) ကိုဘော်နီ (ပြင်ဦးလွင်) တို့မှ ၁၇၊၈၊၂၀၁၂ နေ့တွင် ကိုဖြိုးဝေအောင် ဆေးကုသမှုခံယူလျက်ရှိတဲ့ အင်းစိန်ဆေးရုံကြီးသို့ သွားရောက်ပေးအပ်ရင်း ကိုဖြိုးဝေအောင်နှင့် မိသားစုကို အားပေးနှစ်သိမ့် စကားများပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သတ်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံခဲ့ရရမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အဖမ်းခံနေရချိန်အတွင်း စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ကျန်းမာရေးဆိုးရွားလာခဲ့ပါတယ်။ အသဲကင်ဆာရောဂါခံစားနေရပြီး ခန္ဓာကိုယ်အောက်ပိုင်းသေသလိုဖြစ်သွားပြီး ဆီးပိုက်နဲ့နေရတာကြောင့် ဆီးပိုဝင်နေကြောင်းလဲသိရှိရတယ်။ ကုတင်ပေါ်မှာဘဲ နာတာရှည်ရောဂါသည် သဖွယ်နေရတာကြောင့် ကျောပူနာခေါ်  BED SOLE အနာများလဲ ခံစားနေရကြောင်းသတင်းရရှိပါတယ်။

 

Leave a Reply