10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
စက်တင်ဘာ ၉၊ ၂၀၁၆
M-Media
ရာဇာ တင်ဆက်သည်
(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
khaju-bridge-14

အီရန်နိုင်ငံ အစ္စဖာဟန်မြို့ရှိ ဇေအန်ဒါဟ်မြစ် (Zayandeh) ပေါ်တွင် တည်ရှိပြီး တံတားနှင့် ရေလှောင်တမံအဖြစ် နှစ်မျိုးစလုံး အသုံးပြု၍ရသသည့် ခါဂျူ တံတား (Khaju Bridge)

– ဆည်တွေ၊ တာတမံတွေဆိုတာ လူသားတွေ တည်ဆောက်ခဲ့တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အဆောက်အဦးတွေထဲမှာ အကြီးမားဆုံး အဆောက်အဦးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဆည်တွေ၊ တာတမံတွေ မရှိဘူးဆိုရင်တော့၊ ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေ ပျက်ဆီးတာမျိုးတွေ ဖြစ်နိုင်ပြီး လယ်ယာယာမြေတွေအတွက် ရေပေးဝေမှုကိုလည်း ယနေ့လောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီ ဆည်တွေကို အသုံးပြုပြီး ရေးအားလျှပ်စစ်ထုတ်ဖို့ဆိုတာလည်း စဉ်းစားလို့ တောင် ရမှာမဟုတ်ပါဘူး။

မွတ်စလင်တွေဟာ ဆည်တမံ အမျိုးစားပေါင်းစုံကို ဒီဇိုင်းပေါင်းစုံနဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက တည်ဆောက်ခဲ့ကြတာပါ။ အဲဒီလို မွတ်စလင်တွေက တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲမှာ ဒီဇိုင်းအရရော၊ လက်ရာအရရော အထူးခြားဆုံး ဆည်တွေကတော့ ၉ ရာစု တူနီးရှားမင်းဆက် အဂ်လာဘစ်ဒ် (Aghlabids) လက်ထက် မြို့တော် အလ်-ကွေရာဝမ် (Al-Qayrawan) မှာ တည်ဆောက်ခဲ့တဲ့ ဆည်တွေပဲ ဖြစ်ပါတယ်။ ၁၁ ရာစုမှာ စပိန်တာင်ပိုင်းက သမိုင်းနဲ့ ဘူမိဗေဒပညာရှင် အလ်-ဘာကရီ (Al-Bakri) က အဲဒီ ဆည်တမံတွေထဲက တစ်ခုရဲ့ တည်ဆောက်ပုံအကြောင်းကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

“(ဆည်တမံများမှာ) စက်ဝိုင်းသဏ္ဍာန်ရှိပြီး အရွယ်အစားကြီးမားသည်။ အလယ်တွင် ဆဌဂံပုံ မျှော်စင်တစ်ခုရှိပြီး တံခါးလေးခုပါသည့် အခန်းတစ်ခုလည်း ရှိသည်။ အမိုးခုံးနှင့် အခန်းငယ်များက ရေလှောင်ကန်၏ မြောက်ဘက်မှ တောင်ဘက်အခြမ်းအထိ အစီအရီ ဆက်စပ်၍ သွားလေသည်”

အီရန်နိုင်ငံက နာမည်ကြီး ဆည်တမံတစ်ခုကတော့ ကီဘာရ်ဆည် (Kebar) ဖြစ်ပြီး သက်တမ်း နှစ် ၇၀၀ ရှိတဲ့ သက်တမ်းအရင့်ဆုံး လေးကိုင်းသဏ္ဍာန် ဆည်ကြီးဖြစ်ပါတယ်။ အဲဒီခေတ်အခါတုန်းက တည်ဆောက်ခဲ့တဲ့ ဆည်တွေလိုပဲ ဒီဆည်ကိုလည်း အုတ်ကျိုးအုတ်ပဲ့တွေကို မဆလာနဲ့ ရောသမမွှေကာ ကွန်ကရစ်အဖြစ် ပုံဖော်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အသုံးပြုခဲ့တဲ့ မဆလာကိုတော့ ထုံး၊ သဲကန္တာရမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးရဲ့ ပြာတွေနဲ့ ပေါင်းစပ်ကာ ဖန်တီးတာဖြစ်ပြီး ရေမစိမ့်နိုင်လောက်အောင်၊ မအက်ကွဲနိုင်လောက်အောင် ခိုင်မာ တောင့်တင်းခဲ့ပါတယ်။ လေးကိုင်းသဏ္ဍာန် ဆောက်လုပ်ထားတဲ့ ဆည်တွေထဲမှာ နောက်ထပ် အထူးခြားဆုံး ဆည်တစ်ခုကတော့ ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့နားမှာ တည်ဆောက်ထားတဲ့ ကူဆေဘာဟ်ဆည် (Qusaybah) ပဲ ဖြစ်ပါတယ်။ အဲဒီဆည်ကြီးဟာ မီတာ ၃၀ (၉၈.၄ ပေ) မြင့်ပြီး၊ ၂၀၅ မီတာ (၆၇၃ ပေ) ရှည်လျားပါတယ်။

ဒီနေ့ခေတ် အာဖဂန်နစ္စတန်မှာ ၁၁ ရာစုက ဘုရင် ဆူလ်တန် မဟ်မူးဒ် (Sultan Mahmud) က ဆည်ကြီး ၃ ခုကို ဆောက်လုပ်ခဲ့ပြီး သူ့အမည် မှည့်ခေါ်ထားတဲ့ ဆည်တစ်ခုဟာ ကဘူးလ်မြို့ အနောက်တောင်ပိုင်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာမှာ တည်ရှိပါတယ်။ ဒီဆည်ရဲ့အမြင့်က ၃၂ မီတာ (၁၀၅ ပေ) ရှိပြီး အကျယ်ကတော့ ၂၂၀ မီတာ (၇၂၂ ပေ) ရှိပါတယ်။

စပိန်ကို မွတ်စလင်တွေအုပ်ချုပ်စဉ်လက်ထက်မှာ ဆောက်ခဲ့တဲ့ ဆည်ပေါင်းဟာ မရေမတွက်နိုင်ပါဘူး။ သူတို့သုံးတဲ့ မဆလာတွေဟာ ဘိလပ်မြေတွေလိုဖြစ်ပြီး ကျောက်တုံးတွေထက်အောင် ပိုပြီး မာကျောပါတယ်။ တူရီယာမြစ် (Turia) ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်တမံ ၈ ခုဟာ မြစ်ရဲ့အောက်ဖက် ၁၅ ပေအထိ ဖောင်ဒေးရှင်းယူထားပြီး အဲဒီဖောင်ဒေးရှင်းကိုလည်း သစ်သားပိုင်တွေ ရိုက်ထည့်ကာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မြစ်ရဲ့ ရေလမ်းကြောင်း ပြောင်းလဲတတ်မှုကြောင့် ဒီလို ခိုင်ခံ့တဲ့ ဖောင်ဒေးရှင်းမျိုး လိုအပ်တာဖြစ်ပါတယ်။ ရေကြီးတဲ့ အချိန်မျိုးမှာဆိုရင် ဒီမြစ်ရဲ့ ရေစီးအားက သာမန်ထက် အဆပေါင်းရာနဲ့ချီ ပြင်းထန်ပါတယ်။ ရာစုနှစ် ၁၀ ခုလောက် ကြာပြီးတဲ့ နောက်ပိုင်းမှာတောင်မှ ဒီဆည်တွေဟာ ဗလင်စီယာဒေသက လယ်ယာမြေတွေ ရေသွင်းစိုက်ပျိုးမှုလုပ်ငန်းအတွက် အသုံးဝင်နေဆဲဖြစ်ပြီး နောက်ထပ် ဆည်အသစ် ထပ်ဆောက်စရာ မလိုအပ်ခဲ့ပါဘူး။

ဂွာဒါလ်ကွီဗီရ်မြစ် (Guadalquivir) ပေါ်မှာ တည်ရှိတဲ့ ကော်ဒိုဘာမြို့ကတော့ စပိန်နိုင်ငံအတွင်း မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲမှာ အသုံးဝင်မှု သက်တမ်းအရှည်ဆုံး ဆည်တမံ တည်ရှိတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။ ၁၂ ရာစု ပထ၀ီဝင်ပညာရှင် အလ်-အစ်ဒရီစီ (Al-Idrisi) က အဲဒီ ကော်ဒိုဘာမှာ တည်ဆောက်ထားတဲ့ဆည်ဟာ ကွစ်ဘ်တီယာ (Qibtiyy) လို့ခေါ်တဲ့ ကျောက်တုံးကြီးတွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အသုံးပြုခဲ့တဲ့ တိုင်တွေကတော့ စကျင်ကျောက်တိုင်တွေ ဖြစ်ပါတယ်။ အဲဒီ ဆည်ရဲ့ အဆောက်အဦး အကြွင်းအကျန်တွေကိုတော့ ယနေ့အချိန်အထိ မြစ်ကြမ်းပြင်မှာ တွေ့မြင်နိုင်ပါတယ်။

ဒီလို ကြီးမားခိုင်ခန့်တဲ့ အဆောက်အဦးတွေ တည်ဆောက်ဖို့အတွက် မွတ်စလင်အင်ဂျင်နီယာတွေဟာ astrolabe လို့ခေါ်တဲ့ နက္ခတာရာ တိုင်းတာရေး ကိရိယာတွေလို အဲဒီခေတ်ကာလမှာ အဆန်းပြားဆုံး မြေတိုင်းတာရေး နည်းလမ်းတွေ၊ ပစ္စည်းကိရိယာတွေ၊ ထရီဂိုနော်မေတြီ နည်းလမ်းတွေကို အသုံးပြုခဲ့ ကြပါတယ်။ ဆည်တွေကို ဆောက်လုပ်တဲ့အခါမှာလည်း ကျောက်တုံးကြီးတွေကို ဖြတ်တောက်ကာ အသုံးပြုခဲ့ကြပြီး အဲဒီကျောက်တုံးတစ်ခုနဲ့တစ်ခုကိုတော့ သံချောင်း (iron dowel) တွေနဲ့ ဆက်ကာ အဲဒီ သံချောင်းထည့်တဲ့ အပေါက်ကို ခဲအရည်နဲ့ ပိတ်တာပါ။ အဲဒီအင်ဂျင်နီယာတွေရဲ့ အရည်အသွေး မြင့်မားမှုနဲ့ ဒီဇိုင်းဆန်းပြားမှုရဲ့ ရလဒ်ကတော့ ၇ ရာစုနဲ့ ၈ ရာစုက အဲဒီ ဆည်တမံရဲ့ ၃ ပုံတစ်ပုံဟာ ဒီနေ့အချိန်အထိ အကောင်းအတိုင်း ရှိနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂ ပုံကတော့ ဂျင်ဂျစ်ခန် (Genghis Khan) နဲ့ မွန်ဂိုတွေရဲ့ စစ်သားတွေ၊ စစ်ဘုရင် တာမာလိန်း (Timur the Lame) ရဲ့ နောက်လိုက်တွေက ဖျက်ဆီးတာတွေကို ခံခဲ့ရပါတယ်။

beande-kaisar

ဘန်ဒ်-အီ ကိုင်ဇာ ဆည်၏ အကြွင်းအကျန်များ

မွတ်စလင်တွေဟာ ကြိတ်စက်တွေလည်ပတ်ဖို့အတွက် ဆည်တွေမှာ သိုလှောင်ထားတဲ့ရေတွေကို အသုံးချကာ ‘အစိမ်းရောင်စွမ်းအင်’ (green power) ကို စတင်အသုံးပြုခဲ့သူတွေလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံက ခူဇစ္စတန် (Khuzistan) ပြည်နယ်မှာ ဆောက်လုပ်ထားတဲ့ ပူလ်-အီ-ဘီလိုင်တီ (Pul-i-Bulaiti) ဆည်ကြီးမှာဆိုရင် ရေလွှတ်မြောင်းတွေပေါ်မှာ ကြိတ်စက်တွေကို တည်ဆောက်ထားပြီး ရေအားလျှစ်စစ်ထုတ်လုပ်နိုင်တဲ့ ဆည်တွေရဲ့ ရှေးအကျဆုံး ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဆည်မျိုးဟာ မွတ်စလင်ကမ္ဘာ ဒီတစ်ခုတည်း ရှိခဲ့တာတော့ မဟုတ်ပါဘူး။ နောက်ထပ်ထူးခြားတဲ့ ဥပမာတစ်ခုကတော့ ဒစ်ဇ်ဖူလ် (Dizful) မြို့က ဘန်ဒ်-အီ ကိုင်ဇာ (Band-e Kaisar) လို့ခေါ်တဲ့ ဆည်ကြီးဖြစ်ပြီး အဲဒီဆည်ကို တံတားအဖြစ်ပါ အသုံးပြုလို့ရပါတယ်။ အဲဒီဆည်ကြီးဟာ အချင်း အတောင် ၅၀ ရှိတဲ့ ရေဘီးပါဝင်တဲ့ နိုရီယာ (ရေတင်စက်) ကိုလည်း လည်ပတ်စေပြီး အဲဒီ နိုရီယာကြီးကတော့ ဒစ်ဇ်ဖူလ်မြို့က နေအိမ်အားလုံးကို ရေပေးဝေနိုင်တဲ့ ရေအားသုံး ရေတင်စက်ကြီးဖြစ်ပါတယ်။ အဲဒီလို ရေအားသုံး စက်ကြီးတွေကို ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။

မွတ်စလင်အင်ဂျင်နီယာတွေရဲ့ ဒီလို စွမ်းဆောင်နိုင်မှုတွေကို သမိုင်းဆရာတွေက ချန်လှပ်ထားမှုနဲ့ ပတ်သက်ပြီး သမိုင်း ပညာရှင် နော်မန် စမစ် (Norman Smith) က အောက်ပါအတိုင်း ထောက်ပြခဲ့ပါတယ်။

“အင်ဂျင်နီယာနဲ့ဆိုင်တဲ့ သမိုင်းပညာရှင်တွေဟာ မွတ်စလင်တွေရဲ့ ခေတ်ကာလကို လုံးဝ မေ့ထားခဲ့ကြပါတယ်။ အထူးသဖြင့် ဆည်တမံဆိုင်ရာ သမိုင်းပညာရှင်တွေဟာ မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ ဆည်တွေအကြောင်းကို မဖော်ပြကြဘဲ အဆိုးဆုံးက အူမိုင်ယာမင်းဆက်၊ အဘ္ဘာစစ်မင်းဆက်တွေ လက်ထက်မှာ ဆည်တမံဆောက်လုပ်ရေး၊ လယ်ယာမြေ ရေပေးဝေးရေးနဲ့ အခြားသော အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေဟာ သိသိသာသာ ကျဆင်းခဲ့ပြီး၊ ပျောက်ကွယ်လု ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုကြခြင်းပါပဲ။ ဒါဟာ မတရားတဲ့၊ မမှန်ကန်တဲ့ ကောက်ချက် ချမှုပါ”

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Leave a Reply